အုန်းဆီနဲ့ သကြား Scrub
အုန်းဆီဆိုပေမယ့် ဆံပင်လိမ်းတဲ့အုန်းဆီတွေမဟုတ်ဘူးနော်။ အသားအရေမှာသုံးဖို့ထုတ်တဲ့ Pure extra virgin coconut oil ကိုသုံးရမှာပါ။ အသားအရေကို ချောမွေ့နူးညံ့စေတဲ့အုန်းဆီ သုံးဇွန်းရယ်၊ ပျားရည်နှစ်ဇွန်း၊သကြားသုံးဇွန်းရောမွှေပါ။ မျက်နှာနဲ့ခန္ဓါကိုယ်မှာ ပွတ်လိမ်းပြီး ခဏနေရင် ရေချိုးချလိုက်ပါ။
ဒိန်ချဉ်နဲ့သကြား Scrub
ဒိန်ချဉ်က အရေပြားအမည်းစက်တွေကိုပျောက်စေပြီး ဘက်တီးရီးယားတွေကိုသေစေတယ်၊ အရေပြားဆဲလ်သေတွေကို ဖယ်ရှားနိုင်ပါတယ်။ ဘာအရသာမှမထည့်ရသေးတဲ့ ဒိန်ချဉ်ခွက်တစ်ဝက်ကို သကြားနှစ်ဇွန်းနဲ့ရောမွှေပါ။ မျက်နှာနဲ့ခန္ဓါကိုယ်မှာ စက်ဝိုင်းပုံသဏ္ဍာန် လိမ်းပြီးရေချိုးလိုက်ပါ
ကော်ဖီနဲ့သကြား Scrub
ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က ဓါတ်တိုးဆန့်ကျင်အစွမ်းသတ္တိကိုလုပ်ဆောင်ပေးပြီး အသားဝင်းစေပါတယ်။ ကော်ဖီမှုန့် ရေနွေးပန်းကန်လုံးတစ်ဝက်၊သကြားတစ်ဝက်နဲ့ အုန်းဆီ သို့မဟုတ် သံလွင်ဆီ တစ်ဇွန်းကို ရောမွှေပါ။ အသားအရေဝင်းလက်ဖြူစင်လာပါလိမ့်မယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။