backup og meta

လှပကျော့ရှင်းသော လည်တိုင်ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းများ

လှပကျော့ရှင်းသော လည်တိုင်ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းများ

လှပတဲ့ လည်တိုင်တွေကို ရရှိစေဖို့အတွက် ကောင်းမွန်တဲ့ မျိုးရိုးဗီဇရှိရုံနဲ့ မလုံလောက်ပါဘူး။ သေချာအောင်ပြောရရင် လည်တိုင်ချောမွေ့လှပလိုရင် ဒီလိုဖြစ်အောင် အားထုတ်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။

အဆီ

အဆီတွေမှာ လည်ပင်းအရေပြားကို နုပျိုစေတဲ့ အရာဝတ္ထုတွေ ပါဝင်ပါတယ်။ ဒါပေမယ့် လည်တိုင်ကို လှပစေဖို့ ဘယ်လိုဆီတွေကို အသုံးပြုသလဲဆိုတာ အရေးကြီးပါတယ်။ အဆီတိုင်းကတော့ အကျိုးမရှိပါဘူး။ မှန်ကန်တဲ့ အဆီကိုရွေးချယ်ဖို့အတွက် အဆီတွေဟာ ပျစ်မပျစ်၊ သန့်မသန့်လည်း အရေးကြီးပါတယ်။

ဥပမာ – အုန်းဆီဟာ တကယ်တော့ ပျစ်ပေမယ့် အနည်းငယ်ကို နှိပ်နယ်ဖို့အတွက် (သို့) ရေဓါတ်ဖြည့်တင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ပမာဏ အနည်းငယ်ကိုသာယူပြီး ရေနဲ့ရောဂါ အရေပြားအတွက် အကျိုးရှိတဲ့ အရာဝတ္ထုကို ဖန်တီးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ အုန်းဆီကို မကြိုက်ရင် သံလွင်ဆီ၊ ယူကလစ်တက်စ်အဆီ၊ နှင်းဆီ အဆီ၊ chamomile oil၊ sweet almond oil အစရှိတာတွေကို အသုံးပြုနိုင်ပါတယ်။

ပေါင်းတင်ကပ်ခွာ

မျက်နှာမှာလိုပဲ ပေါင်းတင်ကပ်ခွာ အသုံးပြုခြင်းဟာ လည်တိုင်အတွက် ကောင်းမွန်ပါတယ်။ အသီး ပေါင်းတင်ကပ်ခွာ တွေဟာ လည်တိုင်အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဥပမာ- ပန်းသီး၊ ထောပတ်သီး၊ မှည့်တဲ့ ငှက်ပျောသီး၊ ဇီးသီ အစရှိတဲ့ အသီးတွေနဲ့ ပေါင်းတင်ကပ်ခွာ ပြုလုပ်နိုင်ပါတယ်။ လွယ်ကူပြီးရိုးရှင်းတာမို့ သင်ကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်။

• ကြက်ဥအကာနဲ့ ပျားရည်ကိုရောပြီး လည်ပင်းကို brush အသုံးပြုပြီးလိမ်းပါ။ ၁၀-၁၂ မိနစ် အထိစောင့်ပါ။ ပြီးရင်တော့ ရေနွေးနဲ့ ဆေးချနိုင်ပါတယ်။ ဒီအရောဟာ လည်တိုင်အရေပြားကိုပိုဖြူလာစေပြီး ပိုလှလာစေမှာပါ။

• ခြေထားတဲ့ ရွှေဖရုံသီး ကိုအသုံးပြုပြီး ပေါင်းတင်ကပ်ခွာ ပြုလုပ်နိုင်ပါတယ်။ နှစ်ပေါင်းများစွာကတည်းက ရွှေဖရုံသီးကို အသက်ကြီးမြင့်ခြင်းကို တိုက်ခိုက်ပေးတဲ့ အသီးအဖြစ် အသိများပါတယ်။ ချက်ထားတဲ့ ရွှေဖရုံသီးတွေကို ပန်းကန်လုံးတစ်ခုထဲမှာ ထည့်ထောင်းပြီး မျက်နှာပေါ်တင်ကာ မိနစ်၂၀လောက်ထားသင့်ပါတယ်။ ပြီးရင်တော့ ရေနွေးနဲ့မျက်နှာသစ်ပေးနိုင်ပါတယ်။

ကွန်ပျူတာကြည့်ချိန်ကို လျှော့ပါ။

ဒီခေတ်မှာတော့ ကွန်ပျူတာနဲ့ ဖုန်းကို အချိန်အကြာကြီးကြည့်ခြင်းကြောင့် အရေပြားလျော့တွဲမှုနဲ့ အရေးအကြောင်းဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ လည်တိုင်မှာ ရှိတဲ့ ကြွက်သားတွေရဲ့ လှုပ်ရှားမှုတစ်ခုခု (သို့) ကျုံ့ခြင်းဟာ အရေပြား အရေးအကြောင်းတွေကို အချိန်ကြာလာတာနဲ့ အမျှဖြစ်လာစေပါတယ်။ ဒီလိုဖြစ်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းကတော့ မျိုးရိုးဗီဇ (သို့) အသက်အရွယ်ကြောင့် ဖြစ်တာများပါတယ်။

နေပူဒဏ်ကနေ လည်ပင်းကို ကာကွယ်ပါ။

အထက်ဖေါ်ပြပါအချက်အလက်အရ ကွန်ပျူတာ (သို့) ဖုန်းမျက်နှာပြင်ပေါ်က လာတဲ့ အလင်းတွေဟာ သင့်အရေပြားကို ပျက်စီးစေပါတယ်။ ဒါပေမယ့် ဒါဟာ အရေပြားပျက်စီးစေတဲ့ တစ်မျိုးလည်းသော အလင်းတော့ မဟုတ်ပါဘူး။ နေရောင်ကြောင့် ကော်လဂျင်တွေပျက်စီးပြီး အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်လာတတ်တာမို့ SPF လုံလောက်စွာပါရှိတဲ့ နေလောင်ခံခရင်မ်တွေကို အသုံးပြုသင့်ပါတယ်။

လှပမှုဟာ အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။ လှပတဲ့လည်တိုင်ကို လိုချင်တယ်ဆိုရင်တော့ သူ့ကို စတင်ပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top 12 Beauty Tips For Neck
http://www.stylecraze.com/articles/beauty-tips-for-neck/#gref

Accessed February 2, 2017

Dermatologists’ Best Skin Care Tips—For Your Neck
http://stylecaster.com/beauty/neck-skin-care-tips/

Accessed February 2, 2017

Neck Care
http://www.beautyofbeauty.com/neckcare.html

Accessed February 2, 2017

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Wilson Chan မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပြီးပြည့်စုံတဲ့ အသားအရေထိန်းသိမ်းမှု အဆင့်ဆင့်

ဝက်ခြံအတွက်အသုံးပြုသင့်သော အရေပြားထိန်းသိမ်းပေးသည့် ပစ္စည်းများ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement