backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မိတ်ကပ်ကြာကြာခံစေမယ့် လျှို့ဝှက်နည်းလမ်းများ


Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မိတ်ကပ်ကြာကြာခံစေမယ့် လျှို့ဝှက်နည်းလမ်းများ

မိတ်ကပ်လိမ်းခြယ်ခြင်းအတွက် အမျိုးသမီးတိုင်းရဲ့ အကြီးမားဆုံး စိတ်ပူမှုဟာ တစ်နေကုန်ခံအောင်ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ မျက်စိတစ်မှိတ်အတွင်းမှာ နှုတ်ခမ်းနီထပ်ဆိုးလိုက်လို့ရပေမယ့် အခြားအရာတွေဖြစ်တဲ့ contouring(ပါးရိုး၊မေးရိုးစသဖြင့်ဖော်ခြင်း)၊ သို့မဟုတ် အောက်ခံမိတ်ကပ်ပြန်လည်ပြင်ဆင်ခြင်းတွေဟာ ပိုမိုရှုပ်ထွေးပြီး အချိန်စားပါတယ်။ ဒီဆောင်းပါးမှာတော့ စာဖတ်သူတွေကို မိတ်ကပ်တွေကြာကြာခံအောင်လုပ်နိုင်မယ့် လျှို့ဝှက်နည်းလမ်းတွေကိုပြောပြသွားမှာဖြစ်ပါတယ်။

အဆီမပါတဲ့ ပစ္စည်းတွေသုံးစွဲပါ။

အဆီပါဝင်တဲ့ ပစ္စည်းတွေဟာ ပိုပြီးမြန်ဆန်စွာပျောက်ကွယ်လွင့်ပါးသွားနိုင်ပါတယ်။ တကယ်လို့သင့်မှာ အဆီကိုအခြေခံပြီးထုတ်ထားတဲ့ပစ္စည်းတွေကိုသုံးတာကသာ အသင့်လျော်ဆုံးဖြစ်မယ့် ခြောက်သွေ့တဲ့အသားအရည်ရှိနေရင်တော့ oil-free formulas (အဆီမပါတဲ့ ဖော်မြူလာ) တွေကိုမသုံးခင်မှာ အစိုဓါတ်ထိန်းမယ့်အဆင့်တွေကို ပိုပြီးဂရုတစိုက်လုပ်ဆောင်သင့်ပါတယ်။

ပရိုင်မာ (မိတ်ကပ်အောက်ဆုံး အခံ) သုံးပါ။

မိတ်ကပ်တွေပိုပြီးကြာကြာခံဖို့အတွက် ပရိုင်မာ က ထိပ်တန်းဦးစားပေးပါပဲ။ ပရိုင်မာ က မိတ်ကပ်လိမ်းခြယ်မှုအဆင့်တွေအားလုံးအတွက် အကောင်းဆုံးပြင်ဆင်မှုကိုပေးစွမ်းနိုင်ပြီး အစိုဓါတ်တွေကိုထိန်းသိမ်းပေးနိုင်ကာ ချောမွတ်ညီညာတဲ့မျက်နှာအနေအထားကို ပိုင်ဆိုင်နိုင်စေပါတယ်။ ဒါ့အပြင် သူက အဆီတွေဝင်းနေတာမျိုးမဖြစ်စေဘဲ အောက်ခံမိတ်ကပ်ကို ကြာရှည်ခံစေပါတယ်။ ပရိုင်မာ တွေဟာ အရေးအကြောင်းတွေ၊ ချွေးပေါက်ကျယ်နေတာတွေ၊ ဝက်ခြံအစက်အပြောက်တွေကို ဖုံးကွယ်ပေးနိုင်ပြီး မျက်နှာအသားအရည်ကို ပြီးပြည့်စုံလှပနေစေပါတယ်။

ပရိုင်မာ သုံးမယ်ဆိုရင် သိကိုသိထားရမယ့်အချက်၂ချက်ရှိပါတယ်။ ပထမအချက်ကတော့ သင့်ရဲ့အသားအရည် (ခြောက်သွေ့တာ၊အဆီပြန်တာနဲ့၊ ပုံမှန်အသားအရည်) နဲ့လိုက်ဖက်တဲ့ ပရိုင်မာ ကိုရွေးချယ်ပါ။ ဒုတိယအချက်ကတော့ eyeshadow တွေကြာကြာခံဖို့အတွက် eyelid primer (မျက်ခွံ ပရိုင်မာ) ကိုသုံးပါ။

ရေစိုခံ မျက်တောင်ကော့ဆေးသုံးပါ။

မျက်လုံးမှာပြင်ဆင်ထားတဲ့ မိတ်ကပ်တွေကိုကြာရှည်ခံစေနိုင်ဖို့ ရေစိုခံ မျက်တောင်ကော့ဆေးကိုသုံးပါ။ ဒါကိုအသုံးပြုတဲ့အခါမှာ အဓိကကျတဲ့အချက်ကတော့ ဆေးခြောက်မသွားခင် အမြန်သုံးပေးဖို့ပါပဲ။

ကြာရှည်ခံမယ့် ပစ္စည်းတွေကို ရွေးချယ်ပါ။

ရေစိုခံမျက်တောင်ကော့ဆေးနဲ့အတူ အခြားသော ကြာရှည်ခံမယ့်မိတ်ကပ်ပစ္စည်းတွေကို သုံးခြင်းက မိတ်ကပ်တွေကိုတစ်နေ့လုံးတာရှည်ခံစေပါတယ်လို့ အကြံပြုထားပါတယ်။ ဒါပေမယ့် စွမ်းအားကောင်းတဲ့ မိတ်ကပ်ဖျက်ဆေးတွေကိုတော့အသုံးပြုပါ။

ပေါင်ဒါသုံးပါ။

မြောက်များလှစွာသော အဆင့်တွေဖြစ်တဲ့ ပရိုင်မာ၊ မိတ်ကပ်အောက်ခံ foundation၊ blush စတာတွေလုပ်ဆောင်ပြီးတဲ့အခါမှာ ပေါင်ဒါတစ်ထပ်ရိုက်ပါ။ ခုလိုလုပ်လိုက်ခြင်းဟာ မိတ်ကပ်တွေကိုတာရှည်ခံစေပြီးအပြစ်အနာအဆာကင်း ချောမွတ်တဲ့ အလှကိုပေးစွမ်းနိုင်ပါတယ်။ အဓိကအချက်ကတော့ အနည်းငယ်သာသုံးပေးပါ။

Setting spray စပရေးဖျန်းပေးပါ။

မိတ်ကပ်ပြင်ဆင်ခြယ်သမှုအားလုံးကို Setting spray စပရေး သုံးပြီးအဆုံးသတ်ပါ။ ဒါဟာ မိတ်ကပ်တစ်နေကုန် မကွက်ဘဲတာရှည်ခံဖို့ သေချာပါတယ်။ အရည်အသွေးမြင့်တဲ့ပစ္စည်းတွေကိုသာသုံးစွဲပါ။

နောက်ဆုံးပေမယ့်အရေးကြီးတာကတော့ ချွေးထွက်တာကိုကာကွယ်နိုင်ဖို့ နေပူထဲမှာအကြာကြီးနေတာမျိုးကိုရှောင်ကြဉ်ပါ။ ဘယ်လောက်စွမ်းတဲ့မိတ်ကပ်ပဲဖြစ်ပါစေ၊ ချွေးထွက်များခြင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပါတယ်။

မိတ်ကပ်တာရှည်ခံအောင်ဘယ်လိုလုပ်မလဲဆိုတာ နားလည်ခြင်းဟာ သင့်ရဲ့မိတ်ကပ်ပြင်ဆင်ခြယ်သမှုကိုပိုမိုလွယ်ကူစေပြီး ပိုပြီးစိတ်ဝင်စားစရာကောင်းစေပါတယ်။ အထက်ပါအချက်တွေအပြင် အသားအရည်ထိန်းသိမ်းခြင်းနဲ့ စားသောက်ခြင်းအလေ့အထတွေကို ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ဒါမှသာ ကျန်းမာပြည့်စုံတဲ့ အသားအရည်ကို ရနိုင်မှာမဟုတ်ပါလား။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement