backup og meta

ဆိုင်မသွားဘဲ စပျစ်သီးလေးနဲ့ အသားအရေ ထိန်းသိမ်းကြမယ်

ဆိုင်မသွားဘဲ စပျစ်သီးလေးနဲ့ အသားအရေ ထိန်းသိမ်းကြမယ်

စပျစ်သီး ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်း အတော်များများသိကြပြီးဖြစ်မှာပါ။ စပျစ်သီးလေးရဲ့ချိုမြတဲ့အရသာနဲ့ ဆေးဖက်ဝင်ပြီး ကင်ဆာပါကာကွယ်တယ်ဆိုတဲ့ စပျစ်စေ့ရဲ့ ကောင်းကျိုးကလည်း မက်လောက်စရာပါ။ သည်လိုချစ်စရာကောင်းတဲ့ စပျစ်သီးလေးတွေက ကိုယ်ခံအားကိုကောင်းစေပြီး အစာခြေစနစ်ကို အထောက်အပံ့ပေးတဲ့အပြင် အသားအရေ အတွက်လည်း နုပျိုလှပမှုမှာ

နတ်ဆေးတမျှ အစွမ်းထက်တယ်လို့ ဆိုပါတယ်။

သူ့မှာပါတဲ့ ဗီတာမင်စီက အရေပြားထဲက collagen ထုတ်လုပ်မှုကိုတိုးစေပြီး အရေပြားရဲ့ကျုံ့ဆန့်နိုင်စွမ်းကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ဗီတာမင်အေက အသားအရေလှပကျန်းမာမှုကို အားဖြည့်ပေးပြီး အသားဖြူဝင်းလှပစေနိုင်တယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့်လည်း အရေးအကြောင်းတွေကိုလျော့စေတယ်၊ အသားညက်ညောစေတယ်၊ နေလောင်ဒဏ်နဲ့ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်က

ကာကွယ်ပေးတယ်လေ။

ကဲ စပျစ်သီးလေးနဲ့ အသားအရေကို ဘယ်လိုတွေထိန်းသိမ်းလို့ရမလဲ ကြည့်ရအောင်။

အသားဖြူစေမယ့် စပျစ်သီး

စပျစ်သီးမှာပါတဲ့ဗီတာမင်ဓါတ်တွေက အသားအရေကိုအသစ်မွေးဖွားလိုက်သလို နုပျိုစေပြီး အသားဖြူဝင်းစေနိုင်ပါတယ်။ ညစ်နေတဲ့အသားလေး ဖြူဝင်းစေမယ့်နည်းက ကြိတ်ထားတဲ့စပျစ်သီးအနည်းငယ်၊ ရေပန်းကန်လုံးတစ်လုံးစာပဲ လိုပါတယ်။

  • အရင်ဆုံးစပျစ်သီးကို အခွံမခွာဘဲ ကြိတ်ချေထားပါ၊
  • ရေထည့်ပြီးရောမွှေပါ။
  • အနှစ်ကို မျက်နှာပေါ်လိမ်းပြီး ၁၅ မိနစ်ထားပါ
  • ရေအေးနဲ့မျက်နှာသစ်လိုက်ပါ။

အသားအရေ ဝင်းလာစေမယ့် စပျစ်သီး

စပျစ်သီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အသားအရေကိုသဘာဝအတိုင်း ဝင်းလက်တောက်ပလာစေနိုင်ပါတယ်။ tannic acid ပါဝင်မှုကြောင့် အသားအရေချောမွတ်စေလို့ ဒီပေါင်းတင်နည်းနဲ့ တစ်ပတ်တစ်ကြိမ်လုပ်ပေးရုံနဲ့ ရလဒ်သိသာနိုင်လိမ့်မယ်။ ဒီနည်းမှာတော့ စပျစ်အသားအနှစ် တစ်ဇွန်းနဲ့ ပျားရည်ပါဝင်ပါတယ်။

  • စပျစ်သီးအနည်းငယ်ကို အသားချည်းယူပြီး အနှစ်ဖြစ်အောင်ကြိတ်ချေပါ။
  • အနှစ်ထဲကိုပျားရည်တစ်ဇွန်းထည့်ပြီးမွှေပါ။
  • မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ထားပါ။
  • ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပါ။

ဝက်ခြံပျောက်စေမယ့် စပျစ်သီး

ဝက်ခြံတွေသက်သာစေတဲ့အပြင် ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့အမာရွတ်တွေနဲ့ အမည်းစက်တွေကိုပါ လျော့ပါးစေနိုင်ပါတယ်။ တစ်ပတ်နှစ်ကြိမ်သုံးနိုင်တဲ့နည်းပါ။

  • စပျစ်အသားအနှစ် တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း၊သံပရာရည်။
  • စပျစ်သီးအသား၊ပျားရည်နဲ့သံပရာသီးတို့ကိုရောမွှေပြီး မျက်နှာတစ်ခုလုံးဖြစ်စေ၊ ဝက်ခြံရှိတဲ့နေရာကိုဖြစ်စေ လိမ်းပါ။
  • မိနစ် ၂၀ ထားပါ။
  • ရေအေးနဲ့မျက်နှာသစ်ပါ။

ရေဓါတ်ဖြည့်တင်းပေးမယ့် စပျစ်သီး

စပျစ်သီးဟာ ခြောက်သွေ့တဲ့အသားအရေကို သဘာဝအတိုင်း အစိုဓါတ်ထိန်းပေးထားနိုင်စွမ်း ရှိပါတယ်။ အသားအရေကို နူးညံ့စိုပြေလှပစေနိုင်လို့ ပုံမှန်လုပ်ပေးသင့်တဲ့ ပေါင်းတင်နည်းဖြစ်ပါတယ်။ စပျစ်သီးအနှစ်တစ်ဇွန်း၊အုတ်ဂျုံတစ်ဇွန်း၊ပျားရည်တစ်ဇွန်း၊ကြက်ဥအနှစ်တို့ လိုအပ်ပါတယ်။

  • အုတ်ဂျုံကို အမှုန့်ဖြစ်အောင်အရင်ကြိတ်ပြီး စပျစ်သီးအနှစ်နဲ့ရောပါ။
  • ပျားရည်နဲ့ကြက်ဥအနှစ်ထည့်ပြီးမွှေပါ။
  • မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ထားပါ။
  • ရေအေးနဲ့မျက်နှာသစ်ပါ။
  • တစ်ပတ်နှစ်ကြိမ်လုပ်နိုင်ပါတယ်။

အားလုံးပဲ အပြစ်အနာအဆာကင်းပြီး ဖြူစင်လှပတဲ့မျက်နှာလေး ပိုင်ဆိုင်နိုင်ကြပါစေနော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.thehealthsite.com/beauty/beat-acne-wrinkles-with-grape-face-pack-k214-122737/

Accessed Oct 4, 2019.

https://www.boldsky.com/beauty/skin-care/2018/get-glowing-skin-with-these-grapes-face-packs-121818.html?utm_source=pn-desktop&utm_medium=pn-article&utm_campaign=pn-cms&ref=pn-cms

Accessed Oct 4, 2019.

 

ယခုပုံစံ

04/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေလှချင်ရင် ညနက်မှ အိပ်တဲ့အကျင့်ကို အရင်ဖျောက်ပါ

စပျစ်စေ့ကရတဲ့အဆီ ဆံသားအတွက် ဘယ်လိုအသုံးဝင်သလဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement