backup og meta

ဆင်တုပ်ကွေးအနီစက်လေးတွေကြောင့် ကျန်ရစ်ခဲ့တဲ့အမာရွတ် ပျောက်ကင်းစေမယ့်နည်းလမ်း (၉) ခု

ဆင်တုပ်ကွေးအနီစက်လေးတွေကြောင့် ကျန်ရစ်ခဲ့တဲ့အမာရွတ် ပျောက်ကင်းစေမယ့်နည်းလမ်း (၉) ခု

Chikungunya လို့ခေါ်တဲ့ ဆင်တုပ်ကွေးကို ခံစားဖူးတယ်ဆိုရင် အရေပြားမှာယားလိုက်ရတဲ့ အနီစက်၊ အနီဖုလေးတွေကို သတိရမှာပေါ့။ တုပ်ကွေးသက်သာသွားတဲ့အခါ အများစုက ဒါတွေပျောက်သွားပြီး အဆစ်နာဝေဒနာသာ ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးသူတချို့မှာတော့ အနီစက်လေးတွေကခြင်ကိုက်ဖုလိုလိုဖြစ်ကျန်ခဲ့ပြီးခြောက်သွားတဲ့အခါ အမာရွတ်ကျန်ခဲ့ပါတယ်။

ဒီတစ်ခါတော့ အဲဒီအမာရွတ်တွေကို ကုစားပေးဖို့ သဘာဝနည်းလမ်းလေးတွေပြောပြပေးချင်တာပါ။ အမာရွတ်ပျောက်ဆေးတွေရှိပေမယ့်လည်း ခန္ဓါကိုယ်အနှံ့က(အထူးသဖြင့် လက်နဲ့ခြေထောက်မှာရှိနေတဲ့) အစက်ကလေးတွေကို လိုက်လိမ်းရတာ မွဲသွားနိုင်တယ်လေ။ အဖိုးနည်းပေမယ့် အစွမ်းထက်တဲ့ နည်းလမ်း (၉) ခုကတော့ –

(၁) ရှားစောင်းလက်ပပ်

  • ရှားစောင်းလက်ပပ်ကို အခွံခွာပါ။
  • အတွင်းသားကို ပန်းကန်လုံးထဲထည့်ခြေပါ။
  • ရလာတဲ့အနှစ်ကို အမာရွတ်ရှိတဲ့အရေပြားမှာ စိမ့်ဝင်အောင် စက်ဝိုင်းပုံသဏ္ဍာန်ပွတ်လိမ်းပါ။
  • လိမ်းထားပြီး နာရီဝက်လောက်ကြာတဲ့အခါရေအေးနဲ့ဆေးချပါ။(ရေမချိုးခင် လိမ်းမယ်ဆိုရေချိုးချလိုက်ရုံပါပဲ)
  • တစ်နေ့နှစ်ကြိမ် လိမ်းပါ။

(၂) ဗီတာမင် E

  • ဗီတာမင် E အလုံးလေးတွေကိုဖောက်ပြီး အမာရွတ်ရှိတဲ့နေရာကို လိမ်းပါ။
  • ၁၀ မိနစ်လောက်ကြာအောင် နှိပ်နယ်လိမ်းပါ။
  • လိမ်းထားပြီးရင် မိနစ် ၂၀လောက်ထားပြီးရေနွေးနွေးနဲ့ဆေးပါ။
  • တစ်နေ့သုံးကြိမ် လုပ်လို့ရပါတယ်။

(၃) ပျားရည်

  • အိပ်ရာမဝင်ခင် အမာရွတ်ပေါ် ပျားရည်ပါးပါးလေးလူးပါ။(သိပ်များရင်ပုရွက်ဆိတ်ကိုက်ပါလိမ့်မယ်နော်)
  • ပျားရည်လိမ်းထားတဲ့အပေါ်မှာ ပတ်တီး သို့မဟုတ် အဝတ်ပါးလေးနဲ့ပတ်အုပ်ပါ။
  • တစ်ညထားအိပ်လိုက်ပါ။
  • မနက်ကျရင် ပတ်တီးကိုဖြည်ပြီးရေနွေးနွေးနဲ့ဆေးချပါ။(ရေနွေးစပ်ချိုးပါ)
  • ညတိုင်းလုပ်လို့ရပါတယ်။

(၄) အုန်းဆီ

  • အုန်းဆီသုံးဇွန်းလောက်ကို အပူပေးပါ။
  • အမာရွတ်မှာ ၁၀ မိနစ်လောက် နှိပ်နယ်လိမ်းပေးပါ။
  • အုန်းဆီကို အရေပြားက စုပ်ယူနိုင်စေဖို့ တစ်နာရီလောက် ထားပေးပါ။
  • တစ်နေ့ကို နှစ်ကြိမ်ကနေလေးကြိမ် လုပ်ပေးနိုင်ပါတယ်။

(၅) ပန်းသီးရှာလကာရည်

  • ပန်းသီးရှာလကာရည် ၂ဇွန်းကိုပေါင်းခံရေ ၄ဇွန်းရောပါ။ (ရေနွေးအိုးအလယ်မှာ ပန်းကန်လုံးတစ်လုံးနဲ့ထည့်ပေါင်းလိုက်ရင်ပေါင်းခံရေ ရပါတယ်)
  • ရောထားတဲ့အရည်ကို ဂွမ်းလုံးလေးနဲ့ ဆွတ်ယူပြီး အမာရွတ်မှာ တို့ပေးပါ။
  • ခြောက်အောင်ထားပါ။
  • ညအိပ်ခါနီး အခုလို တို့ပြီး မနက်ကျရေဆေးချပါ။

(၆) သံလွင်ဆီ

  • သံလွင်ဆီ (extra-virgin olive oil) ၃ ဇွန်းကို လာဗင်ဒါအဆီ ၃ စက်ထည့်မွှေပါ။
  • အမာရွတ်ရှိတဲ့နေရာကို ၅ မိနစ်လောက် နှိပ်နယ်လိမ်းပေးပါ။
  • လိမ်းပြီး နာရီဝက်လောက်ထားပါ။
  • ရေနွေးနွေးနဲ့ဆေးချပါ။
  • တစ်နေ့ ၃ ကြိမ်လုပ်လို့ရပါတယ်။

(၇) သံပရိုသီး

  • လတ်ဆတ်တဲ့ သံပရိုသီးကို အူတိုင်ရှောင်ပြီး အစိတ်လေးတွေလှီးပါ။
  • အမာရွတ်ရှိတဲ့နေရာလေးတွေမှာ ညင်ညင်သာသာပွတ်ပေးပါ။
  • ပြီးရင် ၁၀ မိနစ်လောက်ထားပြီးမှရေအေးနဲ့ဆေးချပါ။
  • ဒီနေ့ဒီအချိန်ဆိုနောက်နေ့ဒီလိုအချိန်မှ ထပ်လုပ်ပါ။

(၈) အာလူး

  • အာလူးတစ်လုံးကို မထူမပါးအကွင်းလိုက်လှီးပါ။
  • အမာရွတ်ရှိတဲ့နေရာမှာ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပါ။
  • အာလူးကွင်းက နွမ်းခြောက်လာပြီဆို ဖယ်ပြီးနောက်တစ်ကွင်းလဲပါ။
  • မိနစ် ၂၀လောက်ဆက်လုပ်ပြီး ခြောက်အောင် ဒီအတိုင်း ၁၀ မိနစ်ထားပါ။
  • ရေအေးနဲ့ဆေးပါ။
  • တစ်နေ့တစ်ကြိမ်လုပ်နိုင်ပါတယ်။

(၉) မုန့်ဖုတ်ဆိုဒါ

  • မုန့်ဖုတ်ဆိုဒါ၂ဇွန်းကို ပေါင်းခံရေနည်းနည်းနဲ့ အနှစ်ဖြစ်အောင်ရောမွှေပါ။
  • အမာရွတ်ရှိတဲ့နေရာကိုပေါင်းခံရေနည်းနည်း အရင်ဆွတ်ပြီး အနှစ်ကို သုတ်လိမ်းပါ။
  • လိမ်းထားတဲ့အပေါ်မှာရေနွေးဝတ်နဲ့ ၁၅ မိနစ်အုပ်ထားပါ။
  • ရေဆေးချပါ။

သတိပြုဖို့က

ဒီနည်းတွေအကုန်လုံးကို အနာပေါ်သုံးလို့မရပါဘူးနော်။ အနာပေါက်မရှိတဲ့ အမာရွတ်နဲ့တဝိုက် အသားအရေကိုသာသုံးပေးရမှာဖြစ်ပါတယ်။ ကိုယ်နဲ့ဓါတ်မတည့်တဲ့ပစ္စည်းပါရင် မသုံးရပါ။ဆေးတွေလို ချက်ချင်းကြီး ရက်တိုအတွင်းအမာရွတ်ပျောက်စေမှာမဟုတ်ပေမယ့် ဘေးမရှိဘဲ တဖြည်းဖြည်းချင်းသိသာလာတာ သဘာဝပစ္စည်းလေးတွေရဲ့အစွမ်းပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://m.wikihow.com/Get-Rid-of-Scars

Accessed Aug 9, 2019.

https://www.healthline.com/health/how-to-get-rid-of-old-scars#takeaway

Accessed Aug 9, 2019.

https://www.stylecraze.com/articles/how-to-reduce-and-remove-facial-scars/#gref

Accessed Aug 9, 2019.

ယခုပုံစံ

11/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Chan Myae မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆင်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး

ဝက်ခြံအမာရွတ်များအတွက် အကောင်းဆုံး အိမ်တွင်းဆေးဝါးများ



Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement