backup og meta

နတ်သမီးအမှတ် ဆိုတာ ဘာလဲ။

နတ်သမီးအမှတ် ဆိုတာ ဘာလဲ။

တချို့တွေရဲ့ ခါးအနောက်ဘက် ကျောရိုးမကြီးရဲ့ တစ်ဘက်ဆီမှာ အချိုင့်လေးတွေ ရှိတတ်ကြတယ်။ အချိုင့်တစ်စုံပေါ့။ လူတိုင်းမှာ မရှိတတ်တဲ့အတွက် ဒါလေးရှိတဲ့သူတွေက ဘာလေးလဲ။ ဘာလို့ချိုင့်နေတာလဲ။ အထဲမှာ အရိုးများ တစ်ခုခုဖြစ်လို့လား။ မွေးရာပါအမှတ်လေးလား။ တစ်ခုခု ကုသဖို့ လိုမလား စသဖြင့် မေးတတ်ကြပါတယ်။ နတ်သမီးအမှတ် လို့လည်း ခေါ်ကြတော့ အရင်ဘဝက နတ်ဝင်စားတာလားပေါ့။ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးကို ဆက်ကြည့်ကြည့်ရအောင်။

နတ်သမီးအမှတ် ဒါမှမဟုတ်  Dimples of Venus

ပါးမှာ ပါးချိုင့် ရှိသလို ခါးမှာလည်း ခါးချိုင့် ရှိပါတယ်။ ဒါက တင်ပဆုံရိုးမှာရှိတဲ့ အရိုးတစ်ခုနဲ့ ခါးနဲ့ကြားမှာ အရွတ်တွဲလေးတစ်ခု လာတွဲနေလို့ပါ။ ဒါကြောင့် အရေပြားမှာ အချိုင့်လေး ဖြစ်နေတာပါ။ Dimples of Venusလို့ ခေါ်တာကတော့ ရောမအလှနတ်ဘုရား Venusရဲ့ ခါးမှာလည်း ဒါမျိုး အချိုင့်လေး ရှိလို့ပါတဲ့။ ပြီးတော့ ဒီအချိုင့်လေးတွေက အမျိုးသမီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။

သူများကို အားကျလို့ ကိုယ်လည်း လိုချင်တယ်ဆိုပြီး လေ့ကျင့်ခန်းတွေ လုပ်ပြီး ခါးမှာ ချိုင့်နေအောင် လုပ်လို့မရပါဘူး။ ဒါက အရွတ်ပဲ ဖြစ်ပြီး ကြွက်သား မဟုတ်တဲ့အတွက် ချိုင့်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နဂိုရှိပြီးသားသူတွေကတော့ ဝိတ်ကျသွား ဒီအချိုင့်တဲ့အခါလေးတွေက ပိုပြီး သိသာလာပါတယ်။

ဘာလို့ ဖြစ်ရတာလဲ။

မျိုးရိုးဗီဇကြောင့်လို့ ပြောကြပေမယ့် ဒါနဲ့ ပတ်သတ်ပြီးတော့ တိကျတဲ့ သက်သေပြချက်တော့ မရှိပါဘူး။ လက်ရှိ လေ့လာထားသလောက်တော့ မျိုးဗီဇတစ်ခုသာ ပြောစရာရှိနေပါတယ်။

ခါးကအချိုင့်နဲ့ တင်ပါးကအချိုင့်နဲ့ တူသလား။

ခါးကအချိုင့်နဲ့ တင်ပါးကအချိုင့် တူတာလည်း ရှိသလို ကွဲပြားချက်တွေလည်း ရှိပါတယ်။ ခါးမှာ အချိုင့်ရှိတဲ့သူတွေက တင်ပါးနားမှာလည်း အချိုင့်ရှိတတ်ပါတယ်။ တင်ပါးမှာအချိုင့်ရှိတဲ့သူတွေကတော့ မြီးညှောင့်ရိုး အထက်မှာ တစ်ခုပဲရှိတတ်ပါတယ်။ ၂မျိုးလုံးကတော့ မွေးကတည်းက ပါလာတာပါ။ ၂မျိုးလုံးက များသောအားဖြင့် ပြဿနာ မရှိပါဘူး။ ဒါပေမယ့် မြီးညှောင့်ရိုးနားက အချိုင့်လေးကတော့ တစ်ခါတစ်လေ ရောဂါတချို့နဲ့ တွဲနေတတ်ပါတယ်။

ဥပမာ

  • Spina bifida occulta လို့ခေါ်တဲ့ ကျောရိုးမကြီး ဟနေတဲ့ ပြဿနာ
  • Tethered cord syndrome လို့ ခေါ်တဲ့ ကျောရိုးအာရုံကြောကို တစ်ရှူးတစ်ခုခုက လာတွယ်နေလို့ အာရုံကြောထိခိုက်တာမျိုး

ဒါတွေက သိပ်အခြေအနေမဆိုးတဲ့အတွက် တော်ရုံဆို ကုသစရာမလိုပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ စစ်ဆေးမှုတွေတော့ လုပ်ရမှာပါ။

နတ်သမီးအမှတ် နဲ့ ပတ်သတ်တဲ့ ယုံတမ်းစကား

နတ်သမီး အမှတ်ရှိတဲ့ သူတွေက လိင်ကိစ္စမှာ အားသာချက်တွေ ရှိတယ်လို့ ဆိုကြပါတယ်။ ဥပမာ ဒီအမှတ်ရှိတဲ့ အမျိုးသမီးတွေက တင်ပဆုံပိုင်းကို သွေးလည်ပတ်မှုကောင်းလို့ မြန်မြန်ပြီးမြောက်ကြတယ်လို့ ဆိုကြပါတယ်။ တချို့ကလည်း အမျိုးသမီးတွေရဲ့ ဒီအချိုင့်လေးကို ဖိရုံနဲ့တင် ပြီးသွားတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါတွေဟာ အရပ်ပြောစကားတွေပဲ ဖြစ်ပါတယ်။ ဒီအမှတ်က အရွတ်တွဲကြောင့် ပေါ်လာတာဖြစ်ပြီး သွေးလည်ပတ်မှုကို ဘာမှ မလုပ်ပေးနိုင်ပါဘူး။

တချို့ကလည်း ဒီအမှတ်ပါတဲ့ အမျိုးသမီးတွေက အမျိုးသားတွေက ပိုကြိုက်ကြတယ်တဲ့။ ဒါကလည်း တစ်ဦးဆီရဲ့ ရွေးချယ်မှု ဖြစ်ပြီး ယေဘုယျမဆန်ပါဘူး။

နောက်ပြီးပြောကြတာကတော့ ဒီအရွတ်ရှိတဲ့အတွက် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ တင်ပဆုံပိုင်း ငြိမ်ဖို့၊ ဝိတ်ငြိမ်ဖို့ ထိန်းပေးနိုင်ပါတယ်တဲ့။

ဒီတော့ ပြောရမယ်ဆိုရင် နတ်သမီးအမှတ်ဆိုတာ အရွတ်တွဲတစ်ခုသာဖြစ်ပြီး ကျန်းမာရေးအရဘာထူးခြားချက်မှ မရှိပါဘူး။ အန္တရာယ်လည်း မရှိပါဘူး။ တချို့တွေကတော့ ဒီအမှတ်ပါတဲ့ အမျိုးသမီးတွေကို မိန်းမချောတွေလို့ သတ်မှတ်ကြလေရဲ့။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.quora.com/What-are-the-Dimples-of-Apollo

https://www.healthline.com/health/back-dimples#back-dimples-causes

ယခုပုံစံ

14/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိုမို စိုပြည်ကောင်းမွန်သော လိင်မှုဘဝသို့

အရိုးဖွဲ့စည်းမှုတစ်ခုရဲ့မပါမဖြစ် အရွတ်တွဲ( Ligaments) နဲ့ အရွတ်( tendon ) ဘာကွာခြားလဲ ။ ။



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement