backup og meta

လက်သည်းပန်းကုံးတွေကို ဂရုစိုက်ခြင်း

လက်သည်းပန်းကုံးတွေကို ဂရုစိုက်ခြင်း

လက်သည်းညှပ်ခြင်း ပြုလုပ်မယ်ဆိုရင် လူတွေဟာ ပန်းကုန်းတွေကိုပါ ညှပ်လိုက်ကြပါတယ်။ ဒါပေမယ့် သူဟာ လက်သည်းခြေသည်းတွေရဲ့ ကျန်းမာစွာ ကြီးထွားလာနိုင်မှုကို ကာကွယ်ပေးတာကြောင့် အရေးကြီးပါတယ်။ တကယ်တော့ ပန်းကုန်းဆိုတာ အရေပြားတစ်မျိုးပဲဖြစ်ပါတယ်။ သူဟာ အရေပြားကို ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ပေးမယ့် ပါးလွှာတဲ့ အလွှာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းပန်းကုန်းတွေကို သေချာစွာ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ကို သေချာစွာ ကာကွယ်ပေးဖို့ အောက်ဖေါ်ပြပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

ပန်းကုန်းတွေကို ချန်ထားပါ။

အရေပြား ဆရာဝန်တွေက လက်သည်းပန်းကုန်းတွေကို ညှပ်ပစ်ခြင်းဟာ လက်သည်းကျန်းမာရေးအတွက် မကောင်းဘူးလို့ ဆိုပါတယ်။ ပန်းကုန်းတွေဟာ လက်သည်းနဲ့ eponychium ကြားက နေရာကို ပိတ်ထားပေးပြီး သူ့ကို ဖယ်ရှားလိုက်ခြင်းဟာ ရောဂါပိုးဝင်ခြင်းနဲ့ ယားယံခြင်းတွေကို ပိုဖြစ်စေနိုင်ပါတယ်။ လက်သည်းပန်းပန်ုးတွေကို ညှပ်လိုက်ခြင်းဟာ အခြားလက်သည်းပြဿနာတွေဖြစ်တဲ့ အဖြူရောင်အကြောင်းများ၊ အဖြူရောင်အကွက်များကို ဖြစ်ပေါ်စေနိုင်ပါတယ်။

လိမ္မော်ရောင်အတံတွေကို အသုံးပြုပါ။

လက်သည်းပန်းကုန်းကို ညှပ်ခြင်းကို ရှောင်ရှားခြင်းသာမက သစ်သားနဲ့လုပ်ထားတဲ့ လိမ္မော်ရောင်အတံတွေကို အသုံးပြုသင့်ပါတယ်။ ဒီတုတ်ချောင်းတွေနဲ့ပန်းကုန်းတွေကို ဖိပေးခြင်းဟာ လက်သည်းကို အရှည်မြန်စေပါတယ်။

လက်သည်းပန်းကုန်းတွေကို ညှပ်လိုက်တဲ့သူတွေက ဒီလိုလုပ်ခြင်းကို ရပ်လိုက်ရင် ပန်းကုန်းတွေဟာ လက်သည်းကို ရုပ်ဆိုးစေပြီး ပိုမိုကြီးထွားလာလိမ့်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ဒါဟာ မဟုတ်ပဲ ကြီးထွားနှုန်းကိယု ဘယ်အရာကမှ ပြောင်းလဲအောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ညှပ်ချင်တဲ့အချိန်တိုင်းမှာ လက်သည်းပန်းကုန်းတွေ ညှပ်ခြင်းကို ရပ်တန့်သင့်ပါတယ်။

အစိုဓါတ်ထိန်းသိမ်းပါ။

လက်သည်းပန်းကုန်းဟာ အရေပြား အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ သူဟာ အစိုဓါတ်ထိန်းထားဖို့ လိုအပ်ပါတယ်။ အဆီတွေနဲ့ ခရင်မ်တွေဟာ အကောင်းဆုံး ဖြစ်ပါတယ်။ တကယ်လို့ ဒီထုတ်ကုန်တွေကို နေ့အချိန်မှာ အသုံးပြုဖို့ အဆင်မပြေဘူးဆိုရင် လိုးရှင်းကို သုံးနိုင်ပါတယ်။ လက်သည်းအလှဆင်တဲ့နေရာမှာ hot wax treatment ပြုလုပ်ခြင်းဟာလည်း လက်သည်းအတွက်ရော၊ ပန်းကုန်းတွေအတွက်ပါ အကျိုးရှိပါတယ်။

ပြင်းထန်စွာ လက်သည်းညှပ်ခြင်းမှ ရောင်ကျဉ်ပါ။

ကြမ်းတမ်းစွာ လက်သည်းညှပ်ခြင်းဟာ အရေပြား ကူးစက်ရောဂါပိုး တစ်မျိုးဖြစ်တဲ့ paronychia ကို ဖြစ်စေနိုင်ပါတယ်။ သူ့ရောဂါလက္ခဏာတွေကတော့ လက်သည်းပတ်လည်မှာ နီခြင်းနဲ့ နာခြင်းတွေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကုသဖို့ ပိုးသတ်ဆေး လိုအပ်နိုင်ပါတယ်။

လက်သည်းမကိုက်ပါနဲ့။

ပါးစပ်ဟာ သင်ထင်သလို သန့်ရှင်းမှု မရှိပါဘူး။ ဒါ့ပြင် တံတွေဟာ အရေပြားကို ပျက်စီးစေတဲ့ အင်ဇိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ပျက်စီးနေတဲ့ အရေပြားကတစ်ဆင့် ရောဂါပိုးတွေဟာ ပါးစပ်ထဲဝင်ပြီး ရောဂါ ဖြစ်ပွားနိုင်ပါတယ်။

သင့်လက်ကို ခြောက်သွေ့စေတဲ့ အရာတွေကို ရှောင်ကျဉ်ပါ။

လက်ဆေးခြင်း (သို့) သန့်ရှင်းရေး လုပ်ခြင်းတွေ ပြုလုပ်နေရင် လက်သည်းနဲ့ ပန်းကုန်းမှာရှိတဲ့အဆီတွေကို ဆေးကြောပစ်လိုက်တာကြောင့် လက်သည်းတွေဟာ ခြောက်သွေ့လာပါလိမ့်မယ်။ ဒါ့ပြင် acetone formula ပါတဲ့ လက်သည်းဖျက်ဆေးတွေ အသုံးပြုခြင်းဟာ လက်သည်းနဲ့ပန်းကုန်းတွေကို ခြောက်သွေ့စေပါတယ်။ ဒါတွေအတွက် ဖြေရှင်းနည်းကတော့ အိမ်အလုပ်တွေ လုပ်နေစဉ် လက်အိတ်ဝတ်ဆင်ဖို့နဲ့ acetone မပါတဲ့ လက်သည်းဖျက်ဆေးတွေကို ရွေးချယ်သုံးစွဲဖို့ပဲဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Nails: How to Take Care of Your Cuticles – WebMD.

http://www.webmd.com/beauty/features/caring-for- your-cuticles#3

Accessed January 18, 2017.

ယခုပုံစံ

15/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်သည်းပန်းကုံးတွေကို ဂရုစိုက်ခြင်း

ဓါတုကုထုံးလုပ်နေချိန်မှာ အရေပြားနဲ့လက်သည်းပြောင်းလဲမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement