အဓိပ္ပါယ်ဖွင့်ဆိုချက်
body lice (သန်းကိုက်ခြင်း) ကဘာလဲ။
သန်းတွေဟာ နှမ်းစေ့လောက်သာရှိတဲ့ သေးငယ်တဲ့အင်းဆက်တစ်မျိုးဖြစ်တယ်။ အဝတ်တွေ၊ အိပ်ရာခင်းတွေမှာနေတတ်ပြီး နေ့ဘက်တွေမှာ သင့်ခန္ဓါကိုယ်အနှံ့ လျှောက်သွားကာ သွေးစုပ်တတ်သူဖြစ်တယ်။ ကိုယ်သန်းတွေ အကိုက်အများဆုံးနေရာကတော့ လည်ပင်း၊ ပုခုံး၊ ဂျိုင်း၊ လက်ကောက်ဝတ်၊ ပေါင်ခြံ တို့ကဲ့သို့ အဝတ်နဲ့ခန္ဓါကိုယ် အထိအတွေများတဲ့နေရာတွေဖြစ်တယ်။