backup og meta

ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 29/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံး

    ခြေညှပ်ဖိနပ် စီးချင်ပါတယ်ဆိုမှ ခြေသည်း မှိုစွဲနေတာ နဲ့ ခြေသည်းက မလှမပဖြစ်နေလို့ မစီးရဘူး ဆိုတဲ့ သူလေးတွေရှိလား………. ဒါဆိုရင်တော့ မှိုပိုးတွေကို သက်သာစေပြီး ခြေသည်းတွေကို တစ်ဖန် ပြန်လည်လှပလာစေမယ့် ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးလေးတွေကို ကြည့်လိုက်ရအောင်လား။

    ခြေသည်း မှိုပိုးဝင် နေပြီလား………

    ခြေသည်း မှိုပိုးဝင်တဲ့အခါ ဝင်တဲ့ တစ်ယောက်နဲ့ တစ်ယောက် လက္ခဏာတွေ အနည်းငယ်ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့

    • ခြေသည်း အရောင် ပြောင်းလာမယ် (ဝါမယ်၊ ညိုမယ်၊ အစိမ်းရောင် ဒါမှမဟုတ် ခြေသည်းက ဖြူနေမယ်)
    • ခြေသည်း အောက်ဘက်မှာ ချေး (ဂျေး)တွေ ဝင်နေမယ်
    • ခြေသည်းခွံက အသားကနေ ကြွနေမယ်
    • ခြေသည်းက ထူထူကြီးဖြစ်နေမယ်
    • ခြေသည်းက အစအစတွေ ထွက်မယ်
    • ခြေသည်း ပါးလာမယ်
    • ခြေသည်းက ကွဲထွက်နေမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံး

    ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးတွေ ကတော့

    ရှာလကာရည် နဲ့ ခံတွင်းသန့်ဆေးရည် ကို မှိုပိုး သက်သာစေဖို့အတွက် အသုံးပြုလို့ ရပါတယ်။ ခံတွင်းသန့်ဆေးရည်မှာပါတဲ့ ပရုပ်အေး နဲ့  ရှာလကာရည်မှာပါတဲ့ အက်ဆစ်က မှိုပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

    ဒီ နှစ်ခုကို ဆတူရောပြီး မှိုပိုး ကူးစက်ခံရတဲ့ ခြေသည်းကို ၄၅ မိနစ် ကနေ တစ်နာရီလောက် အထိ စိမ်ထားပေးပါ။ နေ့စဉ် လုပ်ပေးမယ်ဆိုရင် သက်သာစေမှာပါ။

  • Tea tree oil
  • အရေပြား ပြဿနာတွေအတွက် အသုံးပြုလေ့ရှိကြတဲ့ Tea tree oil ကို ခြေသည်း မှိုပိုး ဝင်တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ Tea tree oil ကမှိုပိုး ကူးစက်မှုကို ကာကွယ်ပေးသလို မှိုပိုးတွေရဲ့ အပြင်လွှာကို ပျက်စီးစေပြီး အမြစ်ပြတ် ဖယ်ရှားပေးပါတယ်။

    မှိုပိုး ဝင်ထားတဲ့ နေရာကို သန့်စင်ပြီး ရေခြောက်အောင် သုတ်လို့ Tea tree oil လေး လိမ်းပေးရုံပါ။ တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိ လုပ်ပေးလို့ ရပါတယ်။

    Oregano oil မှာ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ thymol ပါဝင်နေပါတယ်။ Thymol က ဘက်တီးရီးယား နဲ့ မှိုပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိပါတယ်။

    မှိုပိုးဝင်တဲ့ ခြေသည်းကို သေချာ သန့်စင်လို့ Oregano oil  ကို ဂွမ်းစလေးနဲ့ တို့ယူပြီး မှိုပိုးဝင်တဲ့ နေရာမှာ ကပ်ထားပေးရုံပါ။ တစ်နေ့ကို ၂ ကြိမ် ပြုလုပ်ပေး ရပါမယ်။

    သံလွင်ဆီမှာ မှိုပိုး နဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ကိုယ်ခံအား ကောင်းစေနိုင်တဲ့ oleuropein ပါဝင် နေပါတယ်။ မှိုပိုး ဝင်တဲ့နေရာကို သံလွင်ဆီ တိုက်ရိုက် လိမ်းပေးလို့ ရပါတယ်။

    တစ်နေ့ကို ၂ ကြိမ် ပုံမှန် လုပ်ပေးပါ။ ခြေသည်း မှိုစွဲတာကို သက်သာစေမယ့် အထိရောက်ဆုံး အိမ်တွင်းကုထုံးပါ။

    ၂၀၀၉ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တယ်၊ လို့ တွေ့ရှိခဲ့ ရပါတယ်။

    ခြေထောက် မှိုပိုး သက်သာစေဖို့ဆိုရင် ကြက်သွန်ဖြူကို သေချာလေး ကြိတ်ခြေပြီး မှိုပိုးဝင်တဲ့ နေရာကို မိနစ် ၃၀ ကြာ ကပ်ထားပေး ရမှာပါ။ ကြက်သွန်ဖြူ စားပေးလို့လည်း ရပါတယ်။

    တစ်ခုသတိထားရမှာက ခြေသည်းမှိုပိုးက ကူးစက်လွယ်တာကြောင့် ဒီနည်းတွေကို ရက်ပိုင်းလောက် သုံးကြည့်ပြီး မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 29/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement