backup og meta

မျက်နှာလေးကို နှိပ်နယ်ပေးပါ

မျက်နှာလေးကို နှိပ်နယ်ပေးပါ

မျက်နှာလေးကလည်း ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေနည်းတူ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒီလို ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ မျက်နှာလေးကို အခြားအစိတ်အပိုင်းတွေလိုပဲ နှိပ်နယ်ပေးလို့ ရပါတယ်။ မျက်နှာ ကြွက်သားတွေကလည်း တစ်နေ့တာ လှုပ်ရှားမှုတွေကြောင့် ညောင်းညာတာမျိုးတွေ ရှိနိုင်တယ်လေ။ မျက်နှာလေးကို နှိပ်ပေးတာက အညောင်းပြေစေသလို အခြားရော ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သေးလို့ မျက်နှာလေးကို နှိပ်နယ်ပေးပါ လို့ ပြောရတာလဲဆိုတာကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။ 

မျက်နှာလေးကို ဘယ်လို နှိပ်နယ်မလဲ!

မျက်နှာကို နှိပ်နယ်တဲ့အခါ အလွယ်ဆုံး နည်းလမ်းက လက်ချောင်းလေးတွေကို သုံးပြီး နှိပ်နယ်ပေးပါ။ အမျိုးမျိုးသော ကိရိယာတွေကို အသုံးပြုပြီး နှိပ်နယ်ပေးလို့ ရသလို အီလက်ထရောနစ်သုံး ပစ္စည်းတွေကို အသုံးပြုပြီး နှိပ်နယ်ပေးလို့လည်း ရပါတယ်။ 

မျက်နှာလေးကို နှိပ်နယ်ပေးပါ

မျက်နှာလေးကို နှိပ်နယ်ပေးပါ လို့ ပြောရတာက မျက်နှာလေးကို  နှိပ်နယ်တဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ 

  • အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်

တစ်နေ့တာမှာ ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေ၊ စားသောက်လိုက်တဲ့ အစားအစာတွေ၊ နေထိုင်မှုပုံစံတွေကြောင့် အရေပြားမှာ အဆိပ်အတောက်တွေ ဖြစ်နေတတ်ပါတယ်။ ဒီအဆိပ်အတောက်တွေက အသားအရေကို ညစ်ထပ်ထပ် ဖြစ်စေပြီး ဝက်ခြံတွေကို ထွက်စေနိုင်ပါတယ်။ 

မျက်နှာကို နှိပ်နယ်ပေးလိုက်တဲ့အခါ မျက်နှာမှာ သွေးစီးဆင်းမှု ကောင်းစေသလို ပြန်ရည်ကျိတ်တွေကို လှုံ့ဆော်ပေးတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ဒီလို ဖယ်ရှားပေးမှုက အသားအရေကို ကြည်လင် လှပစေမှာပါ။ 

  • အသားအရေ ဝင်းပစေတယ်

အသားအရေလေးကို ကြည်ကြည်လင်လင် ဝင်းပချင်တယ်ဆိုရင်တော့ နေထိုင်စားသောက်မှုကို ဂရုစိုက်တာအပြင် ပုံမှန်လေး နှိပ်နယ်ပေးတာကလည်း နည်းလမ်းကောင်းပါ။ မျက်နှာကို နှိပ်နယ်ပေးတာက သွေးစီးဆင်းမှု ကောင်းစေပြီး အသားအရေကို ဝင်းပစေမှာပါ။ 

  • အသားအရေကို ကျန်းမာစေတယ်

အသားအရေ ခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်တာတွေက အတော်လေး စိတ်ပျက်စရာ ကောင်းပါတယ်။ ဒီလိုအသားအရေ ခြောက်သွေ့မှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေကလည်း အများကြီးပါ။ ဟော်မုန်း အပြောင်းအလဲကြောင့် အသားအရေ ခြောက်နိုင်သလို စိတ်ဖိစီးတာ၊ ဆေးရွက်ကြီး အသုံးပြုတာ၊ ဆေးလိပ်သောက်တာ၊ ရေသာက်နည်းတာတွေက အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။ 

ဒီလို အရေပြားပြဿနာကို ကင်းဝေးချင်တယ်ဆိုရင်တော့ မျက်နှာအသားအရေလေးကို ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ 

  • အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေကို ကောင်းကောင်းစုပ်ယူနိုင်တယ်

မျက်နှာ အသားအရေကို နှိပ်နယ်ပေးတာက အသားအရေကို ကျန်းမာစေပြီး အသားအရေ ကျန်းမာစေဖို့ အသုံးပြုလိုက်တဲ့ အသားအရေ ထိန်းသိမ်းမှုပစ္စည်းတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်ပြီး အသားအရေ ကျန်းမာစေဖို့  ထောက်ကူပေးနိုင်ပါတယ်။ 

  • ဝက်ခြံ အမာရွတ် သက်သာစေတယ်

မျက်နှာ အသားအရေက သွေးလည်ပတ်မှု ကောင်းလေလေ အမာရွတ်တွေ မြန်မြန် သက်သာလာလေလေပါ။ အမာရွတ်က ပြင်းထန်ရင် ပြင်းထန်သလောက် အချိန်ပေးရနိုင်တယ်ဆိုပေမယ့် ပုံမှန်လေး နှိပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံ အမာရွတ်ကို သက်သာစေမှာပါ။ 

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ မျက်နှာကို ပုံမှန်လေး နှိပ်ပေးပါ။ 

  • မျက်နှာအစ်မို့တာကို သက်သာစေတယ်

မနက်နိုးလို့ မျက်နှာ မို့အစ်အစ်ကြီးနဲ့ နိုးလာပြီဆိုရင် အတော်လေး စိတ်ညစ်စရာ ကောင်းပါတယ်။ ဒီလို မို့အစ်တဲ့ မျက်နှာကြောင့် အလှမပျက်စေဖို့ဆိုရင် မျက်နှာကို နှိပ်နယ်ပေးလို့ ရပါတယ်။ မျက်နှာကို နှိပ်နယ်ပေးတာက မျက်နှာမှာ ရှိတဲ့ အရေပြားတစ်ရှူးတွေထဲက ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးပြီး မျက်နှာ မို့အစ်တာကို သက်သာစေနိုင်ပါတယ်။ 

# အမှာစကား

ဒီလို နှိပ်နယ်တဲ့အခါ မျက်နှာကို အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းပြီးမှ နှိပ်နယ်တာက အကောင်းဆုံးပါ။ မျက်နှာမှာ ဘာမှ မလိမ်းဘဲ နှိပ်နယ်တာက မျက်နှာအသားအရေကို ထိခိုက်စေနိုင်လို့ပါ။ 

မျက်နှာကို တစ်ပတ်ကို ၃ ကြိမ်လောက် နှိပ်ပေးရုံနဲ့ သိသာတဲ့ ရလဒ်ကို ရရှိစေမှာပါ။ နှိပ်တဲ့အခါမှာလည်း မျက်နှာကို ဘယ်လိုနှိပ်နယ်ရမလဲဆိုတာကို Youtubeကနေဖြစ်ဖြစ် သေချာလေ့လာပါ။ ဘက်မှားနှိပ်မိရင် အရေပြားတွေ လျော့ရဲလာနိုင်ပါတယ်။ 

နောက်ဆုံး သတိထားရမယ့် တစ်ချက်က မျက်နှာကို မနှိပ်နယ်ခင်မှာ လက်နဲ့ အသုံးပြုမယ့် ပစ္စည်းတွေကို သေချာ သန့်စင်ဖို့ပါ။

Face massage လုပ်ပေးပါ

မျက်နှာလေးကို ပုံမှန်လေး နှိပ်နယ်ပေးမယ်ဆိုရင်
  • အရေပြားက အဆိပ်အတောက်တွေ ကင်းစေမယ်
  • အသားအရေလေး glow စေမယ်
  • ကျန်းမာတဲ့ အသားအရေ ပိုင်ဆိုင်နိုင်မယ်
  • skin care တွေရဲ့ အာနိသင်ကို ပြည့်ပြည့်ဝဝ ရမယ်
  • ဝက်ခြံ အမာရွတ် သက်သာစေမယ်
  • မို့အစ်မှုတွေ ကင်းစေမယ်

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

10 Benefits of Face Massage https://wowskinscience.com/blogs/news/10-benefits-of-face-massage Accessed Date 28 June 2023

8 SURPRISING BENEFITS OF FACIAL MASSAGE https://www.figarolondon.uk/8-surprising-benefits-facial-massage/ Accessed Date 28 June 2023

The Benefits of Facial Massage and How to Give Yourself One https://www.prevention.com/beauty/skin-care/a41756945/facial-massage-benefits-how-to/ Accessed Date 28 June 2023

All The Benefits Of Facial Massage—Plus, How Experts Say You Can Do It At Home https://www.womenshealthmag.com/beauty/a41832454/facial-massage-benefits-techniques/ Accessed Date 28 June 2023

Anti-Aging: The 5 Benefits of a Facial Massage https://www.ellecanada.com/beauty/anti-aging-the-5-benefits-of-a-facial-massage Accessed Date 28 June 2023876543

ယခုပုံစံ

21/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဖိစီးမှုက သင့်ရဲ့ မျက်နှာလှလှလေးကို ဖျက်ဆီးပစ်နိုင်တယ်နော်

ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေ ရဲ့ အားသာချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement