backup og meta

မေးစေ့မှာ ဝက်ခြံပေါက် ရတဲ့အကြောင်းရင်း

မေးစေ့မှာ ဝက်ခြံပေါက် ရတဲ့အကြောင်းရင်း

မေးစေ့မှာ ဝက်ခြံပေါက် ရင် အလှပျက်ရတဲ့အပြင် ပိုပြီးနာကျင်ရပါတယ်။ မေးဖျားလျှာခေါက် ဝက်ခြံပေါက်ရင် အန္တရာယ်ရှိတယ်လို့လည်း ရှေးလူကြီးတွေက ပြောထားတော့ ကြောက်ရပြန်ရော။ အမှန်တော့ ဝက်ခြံဟာ ဘယ်နေရာမှာပေါက်ပေါက် အတူတူပါပဲ။ ဂရုစိုက်ကုသမှုမရှိဘဲ ပိုးဝင်ရင် အရေပြားမှာ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။

ပုံမှန်အားဖြင့်တော့ မေးစေ့မှာ ဝက်ခြံ ဖြစ်တာက ဟော်မုန်းမညီမျှကြောင့်ဖြစ်တတ်ပါတယ်။ ဟော်မုန်းထုတ်ပေးတဲ့စနစ်က ထုတ်လုပ်မှုလွန်ကဲတဲ့အခါ အဆီဂလင်းတွေရဲ့ လုပ်ဆောင်ချက်ပါ လွန်ကဲလာပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ အရေပြားဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်အညစ်အကြေးတွေ ချွေးပေါက်မှာ ပိတ်ဆို့တဲ့အခါ ဝက်ခြံဖုလေးတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီမှာရောင်ရမ်းမှုနဲ့ဘက်တီးရီးယားတွေပိုများလာတာနဲ့ ဝက်ခြံဖုကနေ အဖြူဆံလေးဖြစ်လာပြီး ဝက်ခြံကြီးတစ်ခုဖြစ်လာတာပါ။ ပိုးမဝင်အောင် ဂရုစိုက်ပေးနိုင်၊ သန့်ရှင်းပေးနိုင်ရင် ဒီအဆင့်ကိုမရောက်လာနိုင်သလို အမာရွတ်လည်းဖြစ်ကျန်စေမှာမဟုတ်ပါဘူး။

မေးစေ့မှာ ဝက်ခြံပေါက် ရတဲ့အကြောင်းရင်း

မေးစေ့မှာ ဝက်ခြံပေါက် ရတဲ့အကြောင်းရင်း ကတော့

(၁) ရာသီစက်ဝန်း

ရာသီလာမယ့်ရက်မတိုင်ခင် နှစ်ပတ်လောက်မှာ ဝက်ခြံထွက်တတ်တာ သတိထားမိမှာပေါ့။ အဲဒီအချိန်က အက်စထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းဟော်မုန်းတွေ ပိုထုတ်လုပ်တဲ့အချိန်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဒီဟော်မုန်းတွေများလာတဲ့အခါ အဆီဂလင်းတွေကို နှိုးဆွပြီး အဆီထုတ်လုပ်မှုကို လွန်ကဲစေပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.rd.com/health/beauty/chin-acne-meaning/

Accessed July 3, 2019.

https://www.wikihow.com/Treat-Chin-Acne

Accessed July 3, 2019.

https://www.stylecraze.com/articles/remove-pimples-on-chin/#gref

Accessed July 3, 2019.

ယခုပုံစံ

11/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံ ကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့

မိုးရာသီမှာ ဝက်ခြံ တွေပိုမဆိုးစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement