backup og meta

Gym ဆော့ကာမှ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Gym ဆော့ကာမှ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား ။ ။

    အရင်တုန်းကတော့ ဝက်ခြံဆိုလို့ ဘာမှ မရှိတဲ့ မျက်နှာလေးက Gym ဆော့ကာမှ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား ။ ။  အရင်တုန်းက ရှိခဲ့တဲ့ ဝက်ခြံတွေလည်း gym ဆော့ပြီးနောက်ပိုင်း ပိုဆိုးလာပြီလား။

    Gym ဆော့တာနဲ့ ဝက်ခြံ နဲ့က ဆက်စပ်မှုရှိလား။ ဘယ်လိုကာကွယ်ရမလဲ။ ဆိုတာကို ကြည့်လိုက်ရအောင်နော်။

    Gym ဆော့တာက ဝက်ခြံပေါက်စေတတ်လား ။

    Gym ဆော့တာကြောင့် ဝက်ခြံတွေ ပေါက်တာမဟုတ်ပါဘူး။ Gym ဆော့နေချိန် ကိုယ်မသိလိုက်ဘဲ ပြုလိုက်မိတဲ့ အပြုအမူတချို့ကြောင့် ဝက်ခြံပေါက်ရတာဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုအပြုအမူတွေက gym ဆော့ရင်း ဝက်ခြံတွေ ပေါက်စေတာလဲ။ ဘယ်လိုကာကွယ်ရမလဲ ။

    Gym ဆော့ကာမှ ဝက်ခြံတွေ ပေါက်လို့ စိတ်ညစ်နေပြီလား ။ ။

    Gym ဆော့ပြီးနောက်ပိုင်း ဝက်ခြံတွေ ထွက်မလာအောင် ဒီလိုကာကွယ်ပါ ။

    Gymမဆော့ခင်

  • လိမ်းထားသမျှ မိတ်ကပ် တွေ အကုန်ဖျက်သွားပါ။ မိတ်ကပ်ဟာ ချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံပိုထွက် ပိုဆိုးသွားစေတတ်ပါတယ်။
  • သန့်ရှင်းတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ပါ။ အဝတ်အစားတွေ သန့်ရှင်းဖို့ဆိုရင် ကိုယ်ဝတ်ထားပြီးသား ချွေးစို နေတဲ့ gym အင်္ကျီတွေကို gym က ပြန်လာတာနဲ့ ချက်ချင်းလျှော်ဖို့တော့လိုပါတယ်။ ချက်ချင်းမလျှော်ရင် အင်္ကျီမှာ ကပ်နေတဲ့ ဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေက ဝက်ခြံတွေ ပိုပေါက်စေမှာပါ။
  • တကယ်လို့ကိုယ်က အိမ်အပြင်မှာ လေ့ကျင့်ခန်းလုပ်ဖို့ စဉ်းစားထားရင်တော့ နေလောင်ကာ လိမ်းဆေးလိမ်းဖို့တော့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နေရောင်က အသားအရေကို အဆီပိုပြန်စေတတ်ပြီး ဝက်ခြံပိုထွက်စေ ရှိပြီးသား ဝက်ခြံတွေကို ပိုဆိုးစေတတ်လို့ပါ။ နေလောင်ကာ လိမ်းဆေးရွေးချယ်ရင် SPF အနည်းဆုံး ၃၀ ရှိပြီး၊ UVA ရော UVB ရောကို ကာကွယ်ပေးတဲ့ နေလောင်ကာဆေး၊ ချွေးစိုခံတဲ့ Water resistance လည်းဖြစ်သင့်ပြီး Oil-free formulation အဆီလုံးဝမပါတဲ့ နေလောင်ကာလိမ်းဆေးကို ရွေးချယ်သင့်ပါတယ်။
  • လေ့ကျင့်ခန်း လုပ်နေစဉ်

    • ချွေးသုတ်တဲ့အခါ သန့်ရှင်းတဲ့ပဝါကို အသုံးပြုပါ။ သန့်ရှင်းတဲ့ပဝါ ဖြစ်ဖို့ သုံးပြီးသား ပဝါတွေကို Gym ကပြန်လာတာနဲ့ ချက်ချင်းလျှော်ဖို့တော့ လိုပါတယ်။ ချွေးသုတ်တဲ့အချိန်မှာလည်း ပဝါနဲ့ပွတ်ဆွဲမယ့်အစား ဖိပြီး သုတ်ပေးပါ
    • Gym က ပစ္စည်းတွေကို ကိုင်ပြီးသား လက်နဲ့ မျက်နှာကို တစ်ချိန်လုံး ကိုင်နေတာမျိုး မလုပ်ပါနဲ့။
    • Gym ဆော့နေချိန်မှာလည်း ဆံပင်ကို သေချာစည်းထားဖို့ အရေးကြီးပါတယ်။
    • နောက်ပြီး ဆော့နေတဲ့ တောက်လျှောက်လုံး ရေများများပြန်သောက်ပေးဖို့ အရေးကြီးပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့အခါ အသားတွေ ပိုခြောက်သွားတတ်ပြီး ဝက်ခြံပိုပေါက်စေတတ်ပါတယ်။

    လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ

    • လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း ရေချိုးဖို့ အရေးကြီးပါတယ်။ ဒါမှ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပြီးသား ဖြစ်မှာပါ။ ကိုယ်သုံးတဲ့ မျက်နှာသစ်ဆေးကလည်း ဝက်ခြံသမားတွေ အတွက် ထုတ်ထားတာမျိုး ဖြစ်ဖို့၊ အရမ်းကြီး မပြင်းဖို့ လိုပါသေးတယ်။
    • လေ့ကျင်ခန်း လုပ်ပြီးပြီးချင်း ချက်ချင်းရေမချိုးနိုင်သေးဘူးဆိုရင်တော့ Gymဆော့တုန်းက ဝတ်ထားတဲ့ အဝတ်အစားတွေကိုလဲဖို့တော့ လိုပါလိမ့်မယ်။ မျက်နှာသစ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။

    ဒီ အချက်တွေ လိုက်နာပြီးတာတောင် ဝက်ခြံထွက်နေတုန်းဆိုရင် gym က ကိရိယာတွေနဲ့ ယောဂဖျာတွေကိုပဲ အပြစ်တင်ရတော့မှာပါ။ ဒါတွေကို ကာကွယ်ချင်ရင်တော့

    • တတ်နိုင်ရင် ကိုယ်ပိုင် ယောဂ ဖျာ၊ ကိုယ်ပိုင် ချွေးသုတ်ပဝါတွေ ယူသွားပါ။
    • Gym ရောက်ရင်လည်း ချွေးသုတ်ပဝါ ကို ဖြစ်သလို ချမထားဘဲ ကိုယ့်ရေဘူးလေးပေါ်မှာ တင်ထားပါ။
    • ချွေးသုတ်ပဝါတွေကို အခြားသူတွေနဲ့ ဝေမျှ မသုံးပါနဲ့။
    • ကိုယ်ပိုင်လက်အိတ်နဲ့ Gym ပစ္စည်းတွေကို ကိုင်တွယ်ပြီး လေ့ကျင့်ခန်းလုပ်ရင် ပိုကောင်းပါတယ် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement