ဝက်ခြံက ကြီးကြီးငယ်ငယ် အရွယ်မရွေး ဆယ်ကျော်သက်ကာလကစလို့ သွေးဆုံးပြီးချိန်အထိ ကျားကျားမမ ခံစားကြရတဲ့ အဖြစ်များတဲ့ အရေပြားပြဿနာ တစ်ခုပါ။ ဝက်ခြံက ဝက်ခြံ ဖြစ်ပြီးရုံနဲ့ ပြီးရောလား ဆိုတော့ မပြီးသေးပါဘူး။ ဝက်ခြံကို အထိန်းအသိမ်း မတတ်ပြန်ရင် ဝက်ခြံက ပျောက်သွားတာတောင် ဝက်ခြံ အမာရွတ်က ကျန်ခဲ့ပါတယ်။ ဒီတော့ ဘာတွေကြောင့်များ ဝက်ခြံ အမာရွတ်တွေ ကျန်ခဲ့ရတာလဲ၊ ဒါတွေက ဝက်ခြံ အမာရွတ်တွေ ဖြစ်စေနိုင်တယ်ဆိုတာ ကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဒါတွေက ဝက်ခြံ အမာရွတ်တွေ ဖြစ်စေနိုင်တယ်ဆိုတာ သိပြီးပြီလား!
ဒါတွေက ဝက်ခြံ အမာရွတ်တွေ ဖြစ်စေနိုင်တယ်ဆိုတာ သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ အတူတူ ကြည့်လိုက်ရအောင်နော်။
ဝက်ခြံကို ညှစ်တာ ဝက်ခြံကို မြင်ရင် ညှစ်တတ်တာက ဝက်ခြံ ရှိသူတိုင်းလိုလို လုပ်လေ့ရှိတဲ့ အလေ့အထ တစ်ခုပါ။ ဒါကြောင့် ဝက်ခြံကို ညှစ်တာမျိုး မလုပ်ပါနဲ့။ အိမ်မှာ ကိုယ့်ဟာကိုယ် ဝက်ခြံကို ညှစ်လိုက်တဲ့အခါ ဝက်ခြံက ပိုးဝင်သွားပြီး အနာကျက်တဲ့အခါ အမာရွတ် မည်းမည်းကြီး ကျန်ခဲ့ပါတော့တယ်။ ဒါကြောင့် ဝက်ခြံ အမာရွတ် မကျန်ချင်ဘူးဆိုရင်တော့ ဝက်ခြံကို မညှစ်ပါနဲ့။
အဆီပြန်တဲ့ အသားအရေမျိုး ရှိမယ်ဆိုရင်တော့ ချွေးပေါက်တွေကို ပိတ်ဆို့လွယ်ပြီး ဆားဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို ဆားဝက်ခြံတွေက အတော်ကြည့်ရဆိုးပြီး တစ်ခါတလေများဆို အသားအရေကို ယားယံတာမျိုး ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် တော်တော်များများက ဆားဝက်ခြံကို ညှစ်ထုတ်တဲ့ နည်းနဲ့ ဖြေရှင်းလိုက်ကြပါတယ်။ ဒီလို ဖြေရှင်းတာက တကယ်ကတော့ နည်းလမ်းကောင်း မဟုတ်ပါဘူး။ ဆားဝက်ခြံတွေ အရေပြားတွင်းပေါက်တွေထဲက ထွက်သွားပြီးချိန်မှာ ကျန်နေခဲ့တဲ့ တွင်းအလွတ်ထဲမှာ အဆီတွေ၊ ဖုန်မှုန့်တွေ၊ ဆဲလ်သေတွေ ပိတ်ဆို့မိပြီး ဝက်ခြံအမာရွတ်တွေ ဖြစ်ကျန်ခဲ့ပါတော့တယ်။ ဘက်တီးရီးယားတွေလည်း ဝင်ရောက် ကူးစက်ခံရနိုင်ပါတယ်။
မိတ်ကပ်တွေသုံးပြီး ဝက်ခြံတွေကို ဖုံးတာ ပြဿနာမဟုတ်ပါဘူး။ ချွေးပေါက်ကို မပိတ်စေတဲ့ မိတ်ကပ်မျိုး၊ အဆီမပြန်စေတဲ့ မိတ်ကပ်မျိုးဆို သုံးလို့ ရပါတယ်။ ပိုအရေးကြီးတာကတော့ မိတ်ကပ်ကို သေချာဖျက်ဖို့ပါ။
Makeup removerနဲ့ တစ်ခါဖျက်၊ facial foamနဲ့ မျက်နှာသစ် double cleansingလုပ်ဖို့ လိုပါတယ်။ မိတ်ကပ်တွေကို သေချာမဖျက်ရင် ဝက်ခြံတစ်ဝိုက်မှာ အဆီတွေ၊ ဖုန်မှုန့်တွေ၊ မိတ်ကပ်အကြွင်းအကျန်တွေကြောင့် ဝက်ခြံတွေ ရောင်ရမ်းပြီး အမာရွတ် ဖြစ်လွယ်ပါတယ်။
- ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို မကုသဘဲ ထားတာ
ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို အမြန်ဆုံး ကုသပေးလေလေ ဝက်ခြံအမာရွတ် ကျန်နိုင်ခြေ နည်းလေလေပါ။ ဒါကြောင့် ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို ဒီအတိုင်းထားတာမျိုး မလုပ်ဘဲ လိုအပ်တဲ့ ကုသမှုတွေကို သေချာလေး ခံယူပေးပါ။
ရောင်ရမ်းနေတဲ့ ဝက်ခြံတွေကို သေချာလေး မကုသခြင်းက ဆံချည်မျှင် သွေးကြောလေးတွေကို ထိခိုက်စေပြီး မျက်နှာတွေ နီမြန်းရောင်ရမ်းတာ၊ ဝက်ခြံအမာရွတ်တွေကို ဖြစ်စေနိုင်ပါတယ်။
- အိမ်တွင်းကုထုံးတွေကို မှီခိုလွန်းတာ
ကိုယ်သေချာနားမလည်ဘဲ ဝက်ခြံတွေ၊ ဆားဝက်ခြံတွေကို အိမ်တွင်းကုထုံးတွေနဲ့ ကုသတာကလည်း အခန့်မသင့်ရင် ဝက်ခြံတွေကို ပိုဆိုးပြီး အမာရွတ်တွေ ဖြစ်စေနိုင်ပါတယ်။ အများဆုံး လုပ်တတ်တာကတော့ အဆီမပြန်အောင် သံပရာရည်နဲ့ တို့တာ၊ သွားတိုက်ဆေးနဲ့ တို့တာ စတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေက ဝက်ခြံကို မသက်သာစေတဲ့အပြင် ပိုဆိုးတတ်တာကြောင့် ဒါတွေကို ရှောင်ဖို့ လိုပါတယ်။
# အမှာစကား
အသားအရေ ကျန်းမာစေဖို့ဆိုရင်တော့ မျက်နှာသုတ်တဲ့ အဝတ်ကစလို့ အသားအရေ ထိန်းသိမ်းမှု အားလုံးကို ဂရုစိုက်ဖို့ လိုပါမယ်။ မှန်ကန်တဲ့ အသားအရေ ထိန်းသိမ်းမှုက ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဝက်ခြံအမာရွတ်တွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ဝက်ခြံအမာရွတ် မဖြစ်စေဖို့
ဝက်ခြံအမာရွတ် မဖြစ်ချင်ရင် ဒါတွေ သတိထားပါ - ဝက်ခြံကို မညှစ်ပါနဲ့
- ဆားဝက်ခြံတွေကို ညှစ်ထုတ်တာမျိုး မလုပ်ပါနဲ့
- မိတ်ကပ်တွေ သေချာဖျက်ပါ
- ရောင်နေတဲ့ ဝက်ခြံတွေကို သေချာ ကုသပါ
- အိမ်တွင်းကုထုံးတွေကိုပဲ မသုံးပါနဲ့