backup og meta

နှုတ်ခမ်းသားလှချင်သူတိုင်း ဆောင်ထားသင့်တဲ့ Lip Balm

Lip Balm ဆိုတာ အလွယ်ပြောရမယ်ဆိုရင်တော့ နှုတ်ခမ်းကို စိုလက်လက်လေး ဖြစ်စေတဲ့ နှုတ်ခမ်းလှ အဆီပေါ့။ အဓိက Petroleum ဂျယ်လီကို ဖယောင်းနဲ့ ရောစပ်ပြီး ထုတ်လုပ်ထားတယ်၊ အရမ်းနူးညံ့တဲ့ နှုတ်ခမ်းသားကို အစိုဓာတ်ဖြည့်တင်းပေးဖို့အတွက် အသုံးပြုပါတယ်။

Lip Balm ရဲ့ အားသာချက်တွေက ဘာတွေများလဲ။

၁။ နှုတ်ခမ်းခြောက်ပြီး ကွဲအက်ခြင်း မဖြစ်အောင် ကာကွယ်ပေးတယ်။

ဒီအချက်ကတော့ လူတိုင်းနီးပါး သိထားကြမယ် ထင်ပါတယ်။ Lip Balm က ရတဲ့အဆီဟာ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို အစိုဓာတ်ထိန်းပေးပြီး အပေါ်ကနေ အမိုးလွှာကဲ့သို့ ဖုံးအုပ်ထားတာ ဖြစ်တဲ့အတွက် နေလောင်ခြင်း၊ ကွဲအက်ခြင်းလည်း မဖြစ်စေပါဘူး။ ဆောင်းရာသီလိုမျိုး အချိန်ကာလတွေ၊ နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ လျက်တတ်တဲ့ အကျင့်ရှိသူတွေဆိုရင် Lip Balm ကို အမြဲလိုလို ဆောင်ထားသင့်ပါတယ်။

၂။ နှုတ်ခမ်း အပေါ်ယံလွှာ ဆဲလ်အသစ်တွေကို ထုတ်လုပ်ပေးတယ်။

နှုတ်ခမ်းဆိုတာလည်း လူရဲ့ အပေါ်ယံ အရေပြားလိုပါပဲ။ ကြာလာတာနဲ့အမျှ ဆဲလ်အဟောင်းတွေက ပျက်စီးပြီး ကွာကျသွားတယ်။ ဆဲလ်အသစ်တွေ ပြန်ထွက်ပေါ်လာပြီး နှုတ်ခမ်းကို မူလအရောင်အတိုင်း ပြန်ဖြစ်စေပါတယ်။ တစ်ခါတလေ နေရောင်ခြည်ဒဏ်ကြောင့် ဆဲလ်အသစ်တွေ ပျက်စီးသွားတဲ့အခါ ဆဲလ်သေတွေ စုပုံလာပြီး နှုတ်ခမ်းမွဲခြောက်ခြင်း၊ အရောင်မှိန်ခြင်းကို ဖြစ်စေပါတယ်။ ဒါမျိုး မဖြစ်အောင် ကာကွယ်ပေးဖို့ Lip Balm သုံးပေးဖို့ လိုပါတယ်။

၃။ နှုတ်ခမ်းသား မအက်ကွဲသွားအောင် ကာကွယ်ပေးတယ်။

Lip Balm သုံးရခြင်းရဲ့ အဓိက ကောင်းကျိုးက နှုတ်ခမ်းသားအတွက် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အစိုဓာတ်ကို ဖြည့်တင်းပေးဖို့ပါပဲ။ အမြဲတမ်းလိုလို ခြောက်နေတဲ့ နှုတ်ခမ်းတွေဟာ အက်ကွဲဖို့ အခွင့်အလမ်း အရမ်းများပါတယ်။ Lip Balm ကို အမြဲသုံးပေးခြင်းဖြင့် နှုတ်ခမ်းသားကို စိုလက်လက်လေး ပြန်ဖြစ်စေကာ မူလ နှုတ်ခမ်းသား အရောင်အတိုင်း ပြန်ရစေဖို့ ကူညီပေးပါတယ်။

၄။ သွားလေရာ အလွယ်တကူ ဆောင်သွားလို့ ရတယ်။

များသောအားဖြင့် Lip Balm ကို နှုတ်ခမ်းနီတောင့် အသေး ပုံစံ၊ သို့မဟုတ် အလုံးလေး ပုံစံ အစရှိသဖြင့် ပုံစံ အမျိုးမျိုးနဲ့ ဈေးကွက်ထဲမှာ တွေ့ရပါတယ်။ အရွယ်အစား အကြီးကြီး မဟုတ်တာကြောင့် ကိုယ့်ရဲ့ ပိုက်ဆံအိတ်၊ ဘောင်းဘီအိတ်ထဲမှာ အမြဲဆောင်ယူသွားနိုင်ပြီး သွားလေရာမှာ နှုတ်ခမ်းခြောက်ပြီဆိုတာနဲ့ ထုတ်သုံးလိုက်ရုံပါပဲ။

၅။ နှုတ်ခမ်းသားကို ပန်းသွေးကြွစေတယ်။

နှုတ်ခမ်းသား အလှဆီကို အမြဲသုံးပေးခြင်းဖြင့် နှုတ်ခမ်းရဲ့ အစိုဓာတ်ကို ထိန်းထားပေးရုံသာမက နဂိုမူလ ပန်းနုရောင်အတိုင်း ဖြစ်နေစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ခုနောက်ပိုင်း ထုတ်တဲ့ နှုတ်ခမ်းလှအဆီတွေမှာ သစ်သီးရနံ့ မျိုးစုံ ပါဝင်တာကြောင့် အနံ့လည်း သင်းသလို အရေပြားအတွက် အကျိုးပြုစေတဲ့ ဗီတာမင် စီ လို အာဟာရဓာတ်တွေလည်း ဖြည့်တင်းပေးနိုင်ပါတယ်။

ဒါဆို Lip Balm ကို အကျိုးရှိအောင် ဘယ်လို အသုံးပြုသင့်လဲ။

၁။ မျက်နှာ သစ်ပြီး ရေခြောက်အောင် သုတ်ပြီးတာနဲ့ Lip Balm ကို ပါးပါးလေး လိမ်းပေးပါ။ တစ်နေ့ကို ၂ကြိမ်လောက် သုံးပေးနိုင်ရင် လုံလောက်ပါတယ်။

၂။ အပြင်သွားတော့မယ်ဆိုရင် နှုတ်ခမ်းကို Lip Balm နဲ့ စိုစိုလေး ဖြစ်အောင် လိမ်းပေးပါ။

၃။ နှုတ်ခမ်းနီ လိမ်းကျင့် ရှိတဲ့ ပျိုမေလေးတွေ ဆိုရင် Lip Balm လိမ်းပြီး နှုတ်ခမ်းသား နည်းနည်းခြောက်သွားပြီဆိုမှ အပေါ်ကနေ နှုတ်ခမ်းနီ ထပ်လိမ်းပေးပါ။ နှုတ်ခမ်းနီရဲ့ အရောင်ကို ပေါ်လွင်စေသလို အောက်မှာ Lip Balm တစ်ထပ် ခံထားတဲ့အတွက် နှုတ်ခမ်းသား အရမ်း မပျက်စီးနိုင်တော့ပါဘူး။

၄။ ကိုယ် ကြိုက်နှစ်သက်ရာ အရောင်၊ အနံ့ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ များသောအားဖြင့် ယောက်ျားလေးတွေဆိုရင် အရောင်မပါဝင်တဲ့ ပုံမှန် Lip Balm မျိုး သုံးလို့ရပါတယ်။

၅။ နှုတ်ခမ်းကွဲနေတဲ့အချိန်၊ ခြောက်နေတဲ့ အချိန်မှာဆိုရင် Lip Balm ကို ၄နာရီခြား တစ်ခါလောက် လိမ်းပေးပါ။ လိမ္မော် သို့မဟုတ် သံပရာ ရနံ့ ပါဝင်တဲ့ နှုတ်ခမ်းလှ အဆီတွေမှာ ဗီတာမင် စီဓာတ် ပိုမို ပါဝင်တာကြောင့် နှုတ်ခမ်းအရေပြားကို အမြန်ဆုံး ပြန်ကောင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/licking-lips (Feb 29, 2020)

ယခုပုံစံ

06/10/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှုတ်ခမ်းပေါ်မှာ မှဲ့မဟုတ်တဲ့ အမည်းစက်လေးတွေ ပေါ်လာတာ ဘာကြောင့်လဲ ။ ။

နှုတ်ခမ်းသားလေးတွေ မည်းခြောက်နေလား။ စိတ်မပူနဲ့တော့နော်။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။