အချိန်အကြာကြီး လိင်မဆက်ဆံပဲနေမယ်ဆိုရင် ခန္ဓာကိုယ်ကြီးမှာ ဘာတွေဖြစ်လာမလဲ။ ကောင်းတာတွေလား ဆိုးတာတွေလား။
ထွက်မှာ သေချာပြီလား။
အချိန်အကြာကြီး လိင်မဆက်ဆံပဲနေမယ်ဆိုရင် ခန္ဓာကိုယ်ကြီးမှာ ဘာတွေဖြစ်လာမလဲ။ ကောင်းတာတွေလား ဆိုးတာတွေလား။
လိင်ဆက်ဆံခြင်းဟာ မျိုးဆက်ပွားများနိုင်ဖို့ ကိစ္စကို အသာဖယ်ထားမယ်ဆိုရင် စိတ်ကိုပျော်ရွှင်စေပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ကိစ္စတစ်ခုပါ။ လူတိုင်းမှာ လိင်စိတ်ခံစားချက်၊ စိတ်ဆန္ဒရှိနိုင်ပေမယ့် လိင်ဆက်ဆံဖို့ အခွင့်အရေးကတော့ ဆတူညီတူရကြမှာမဟုတ်ပါဘူး။
အမျိုးသမီးတွေဟာ များသောအားဖြင့် လိင်ဆက်ဆံခြင်းကို ပွင့်လင်းစွာလက်ခံလိုက်ဖို့ ခက်ခဲတတ်ကြပါတယ်။ တချို့က မဆက်ဆံချင်လို့ ငြင်းပယ်ကြတာဖြစ်နိုင်သလို၊ တချို့ကတော့ အခွင့်အလမ်းမသာလို့ ဆက်ဆံခွင့်မရကြတာမျိုးဖြစ်နိုင်ပါတယ်။ ဘာသာရေး၊ လူမှုရေးနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် တစ်သက်တာလုံး မေထုံအမှုကို ရှောင်ကျဉ်ကြသူတွေလည်း ရှိကြပါတယ်။ ဒါတောင်မှ ဒီနေ့ခေတ်ဟာ ယခင်ခေတ်ကာလတွေထက်ပိုပြီး ပွင့်လင်းမြင်သာလာတာမို့ လိင်မှုကိစ္စအပေါ် အတင်းအကျပ်ထိမ်းချုပ်မှုတွေ ယခင်ကထက်တော့ နည်းပါးလာနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ အမျိုးသမီးတစ်ယောက် အချိန်အကြာကြီး လိင်မဆက်ဆံပဲ နေထိုင်နေမိမယ်ဆိုရင် ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ၊ လက္ခဏာတွေပြသလာတတ်တယ်ဆိုတာကိုတော့ သိနားလည်ထားဖို့ လိုမှာပါ။
အထူးသဖြင့်တော့ ခုလို COVID-19 ကပ်ဘေးကာလမှာ လိင်ကိစ္စနဲ့ ကင်းဝေးနေသူတွေ အမြောက်အများရှိနေပါတယ်။ ဒီလိုလူတွေကို ရည်ရွယ်ပြီး ခုစာကိုရေးသားဖော်ပြတာဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက် အချိန်ကာလကြာမြင့်စွာ လိင်မှုကိစ္စတွေနဲ့ ကင်းကွာနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာအရ ဆိုးဆိုးရွားရွား အနှုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေဖြစ်လာစရာတော့မရှိပါဘူး။
၅ နှစ်အတွင်း တစ်ကြိမ်မှ လိင်ဆက်ဆံခြင်းမပြုခဲ့သူတွေနဲ့ ၁ နှစ်အတွင်း တစ်ကြိမ်မှ လိင်ဆက်ဆံခြင်းမရှိသူတွေအကြား ခြားနားချက်ကို လေ့လာကြည့်ရာမှာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကွာခြားချက် သိပ်မရှိတာကို မြင်တွေ့ခဲ့ရပါတယ်။
ဒါပေမယ့် ခြားနားချက်မရှိခြင်းဟာ တစ်ကဏ္ဍဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လိင်ဆက်ဆံသူတွေဟာ မဆက်ဆံသူတွေနဲ့ ပုံမှန်အခြေအနေမှာတူညီနေကြတာမှန်ပေမယ့် အကျိုးကျေးဇူးရရှိမှုအပိုင်းမှာတော့ ကွာခြားပါတယ်။ လိင်ဆက်ဆံသူတွေဟာ အကျိုးကျေးဇူးတစ်ချို့ရရှိမှာဖြစ်ပြီးတော့ မဆက်ဆံသူတွေကတော့ ရရှိမှာမဟုတ်ပါဘူး။
ဘယ်လို အကျိုးကျေးဇူးလဲလို့ မေးလာရင်တော့ “happy hormones” ထုတ်လုပ်နိုင်စွမ်းပါပဲ။ ဒီဟိုမုန်းဟာ သွေးဖိအားကိုကျဆင်းစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတဲ့ ဟိုမုန်းဖြစ်ပါတယ်။ ဒီနေရာမှာတောင် happy hormones ထွက်ရှိမှုပမာဏဟာ တစ်ကိုယ်တော်အာသာဖြေတာနဲ့ တကယ့်လိင်ဆက်ဆံတာအကြားမှာ ကွာဟချက် ကြီးပါတယ်။ တကယ့်လိင်ဆက်ဆံမှုကု happy hormones ကို ပိုထုတ်ပေးနိုင်ပါတယ်။
ဒါတင်မကပါဘူး။ အောက်ပါအချက်တွေကိုလည်း ကြုံရနိုင်ပါတယ်။
ပုံမှန်လိင်ဆက်ဆံခြင်းမရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာအရ ချို့ယွင်းနိုင်ခြေနည်းပါးပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ရနိုင်ခြေကတော့ အလွန်များပါတယ်။
လိင်မှုကိစ္စဟာ လူတစ်ယောက်ခြင်းစီရဲ့ သွေးလည်ပတ်စီးဆင်းမှုနဲ့ ပျော်ရွှင်စေမှုတွေနဲ့ တိုက်ရိုက်ပတ်သတ်နေတာမို့ ဦးနှောက်နဲ့ ဆက်နွယ်နေတဲ့ကိစ္စလို့ ဆိုနိုင်ပါတယ်။ သွေးလည်ပတ်မှုမကောင်းရင် ဦးနှောက်ဆီသွေးရောက်ရှိမှုနည်းနိုင်သလို happy hormones ထုတ်လုပ်နိုင်စွမ်းကျဆင်းတာ stress hormone ပမာဏမြင့်တက်တာမျိုးတွေဖြစ်လာမယ်ဆိုရင် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းလွယ်တာနဲ့ ဒေါသထွက်လွယ်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရင်ဆိုင်လာရနိုင်ပါတယ်။
ဒါကြောင့်လည်း လိင်ကိစ္စ စိတ်ဝင်စားမှုနည်းပါးသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးကြတာဖြစ်ပါတယ်။ အကြောင်းကတော့ လိင်စိတ်နည်းပါးတာနဲ့ လိင်ကိစ္စကို အချိန်အကြာကြီးရှောင်ကျဉ်နေမိတာတွေကြောင့် စိတ်ဖိစီးလာတဲ့အခါ တခြားသောနောက်ဆက်တွဲပြဿနာတွေအဖြစ် အဝလွန်တာ၊ သွေးတိုးတာ၊ အိပ်မပျော်တာနဲ့ နှလုံးရောဂါတွေ ဝင်လာနိုင်တာကြောင့်ပါ။
ခြုံငုံပြောဆိုရမယ်ဆိုရင် လိင်မှုကိစ္စဟာ သဘာဝဖြစ်စဉ်တစ်မျိုးဖြစ်တာကြောင့် အတင်းအကျပ်ထိမ်းချုပ်ရှောင်ကျဉ်သင့်တဲ့ အရာမျိုးမဟုတ်ပါဘူး။ တစ်ဖက်မှာလည်း တွေ့ကရာလူနဲ့ ကြုံသလို နှီးနွယ်တာမျိုးကလည်း မှန်ကန်သင့်လျော်တဲ့ အမူအကျင့်မဟုတ်ပါဘူး။ STIs လို ကူးစက်ရောဂါတွေ အန္တရာယ်ကို စိုးရိမ်ဖို့ လိုအပ်ပါတယ်။
မှန်ကန်ပြီး စိတ်ချရတဲ့ လိင်ဆက်ဆံမှု အစီအစဉ်တွေကို စနစ်တကျ စီမံချမှတ်ထားပြီး စိတ်ရောလူပါ ကျန်းမာနေအောင် နေထိုင်တာကမှသာ နည်းမှန်လမ်းမှန် နေထိုင်မှုပုံစံဖြစ်မှာပါလို့ အကြံပေးပါရစေ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။