backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ဆိုသည်မှာ ဘာလဲ။

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ဆိုသည်မှာ ဘာလဲ။
အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ဆိုသည်မှာ ဘာလဲ။

အကယ်၍သင်သည် အိပ်ပျော်နေစဉ်လိင်ဆက်ဆံနေလျှင် သင့်တွင်အိပ်ပျော်စဉ်လိင်ဆက်ဆံခြင်းပြဿနာ (sexsomnia) ရှိနိုင်သည်။ ဤဆောင်းပါးမှ ဤရောဂါနှင့်ပတ်သက်၍ သိသင့်သည်များကိုဖော်ပြပါမည်။

လူအတော်များများသည် အိပ်နေရင်းလမ်းလျှောက်ခြင်းကို ရင်းနှီးကြပါသည်။ သို့သော်အိပ်ပျော်နေစဉ်လိင်ဆက်ဆံခြင်း (sexsomnia) ဖြစ်လျှင် အများစုသည်အံ့သြသွားကြသည်။ အိပ်နေရင်း လမ်းလျှောက်ခြင်းလိုပင် sexsomnia သည် အိပ်နေစဉ်တွင် လိင်ဆက်ဆံသည်ကိုတွေ့ရပါသည်။ ဤအကြောင်းသဘာ၀ sexsomnia ကို တွေ့ကြုံရသူများက မှားယွင်းစွာ နားလည် ကုသမိကြပါသည်။

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း (sexsomnia)ဆိုသည်မှာဘာလဲ။

အိပ်နေရင်းလိင်ဆက်ဆံခြင်းဖြစ်သည်။ ၎င်းသည်NREM (အိပ်တဝက်နိုးတဝက်အခြေအနေ) ပုံစံမျိုးဖြစ်ကာ လူများကိုလိင်ဆက်ဆံသည့်အပြုအမူဖြစ်သည့် ပွတ်သပ်ခြင်း၊ လိင်အင်္ဂါကိုလက်နှင့်နှိုးဆွကာ ကာမဂုဏ်ခံစားခြင်း၊ လိင်ဆက်ဆံခြင်းနှင့် တစ်ခါတစ်ရံမုဒိမ်းကျင့်ခြင်း စသည်တို့ကိုအိပ်ပျော်နေစဉ် ပြုလုပ်မိစေပါသည်။

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းရှိသည့် လူတစ်ယောက်သည် လုံးဝနှစ်ခြိုက်စွာအိပ်ပျော်နေလျှင် ရှေ့ရက်ကဘာတွေဖြစ်ခဲ့သည်ကို မှတ်မိနိုင်မည်မဟုတ်ပေ။ အများဆုံးတွေ့ရသည်မှာ လူတစ်ဦးသည်တွေ့ကြုံခဲ့သော အဖြစ်အပျက်ကို သတိမရနိုင်(သို့) ငြင်းဆိုနေမည်ဖြစ်သည်။

ဘာတွေကအိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ကိုဖြစ်စေသလဲ။

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း အပါအဝင်အိပ်စက်ခြင်းဆိုင်ရာ ပြဿနာအများအပြားသည် အိပ်ရေးပျက်ခြင်း (သို့) အိပ်နေစဉ် ရုတ်တရက် အသက်ရှူခြင်းကဲ့သို့သော အကြောင်းရင်းများကြောင့် ဖြစ်လေ့ရှိပါသည်။ ဆေးဝါးသုံးစွဲခြင်းအားဖြင့် ဤအပြုအမူများကိုသိသိသာသာ လျော့ချပေးနိုင်သည်။ ထို့ပြင်မျိုးရိုးလိုက်ခြင်းကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ဤအကြောင်းသည်လည်း ပုံမှန်လူများထက် အိပ်စက်ခြင်းဆိုင်ရာ ရောဂါများ ပို ခံစားရစေသည့် အကြောင်းရင်း တစ်ခုဖြစ်သည်။ ဆေးနှင့်အရက်သုံးစွဲသူများတွင် အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းပြဿနာကို ပို၍ ကြုံတွေ့နိုင်သည်။

ယောင်္ကျားကောမိန်းမပါ ဤအခြေအနေကိုကြုံတွေ့နိုင်သော်လည်းလေ့လာချက်များအရ အမျိုးသမီးများထက် အမျိုးသားများတွင် ပို၍တွေ့ရတတ်သည်။ ထို့ပြင် လူအချို့သည် ဤအခြေအနေကို ရှက်ရွံ၍ ဖုံးကွယ်ထားသောကြောင့် လက်တွေ့တွင် လူမှုဝန်းကျင်ကတွေးထားသည်ထက်ပို၍ အဖြစ်များပါသည်။

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းပြဿနာများကိုဘယ်လိုကူညီမလဲ။

ယခုအချိန်အထိအိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ရောဂါကုသရာတွင် သုံးသည့် FDAမှ ခွင့်ပြုထားသောဆေးမရှိသေးပါ။ မည်သို့ပင်ဖြစ်စေ ဆရာဝန်များသည် အသုံးများသော စိတ်ကျဆေးများနှင့် အိပ်ဆေးများကို ကုသရေးတွင်သုံးခြင်းဖြင့် အောင်မြင်မှုရရှိကြသည်။

အောင်မြင်နိုင်ခြင်းရှိမရှိ မသေချာသည့်အကူအညီကိုရှာဖွေခြင်းထက် ဒီရောဂါ ရှိသူများအတွက် လုံခြုံသော ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးခြင်းက ပို၍ထိရောက်ပါသည်။ ဤရောဂါခံစားနေရသူများသည် သီးသန့်အခန်းတွင်အိပ်ခြင်း၊ တံခါးပိတ်ခြင်း၊ အလိုအလျောက်သတိပေးသည့် စက်များတံခါးတွင်တပ်ခြင်း တို့ကိုပြုလုပ်သင့်သည်။

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်းပြဿနာ သည် အခြားအိပ်ခြင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်စဉ်(သို့) ဆေးနှင့်အရက်သုံးစွဲခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်ကို သိထားရမည်။ ထိုကြောင့် ထိုအခြေအနေများကို ကုသဖို့လည်းအရေးကြီးပါသည်။

အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ပြဿနာ သည် အလွန်ပင်စိတ်ထိခိုက်စေနိုင်ပြီး လူအများစုက မှားယွင်းနားလည်ထားကြသည်။ သင်ကိုယ်တိုင်(သို့) သင်ချစ်ခင်ရသူများတွင် အိပ်ပျော်နေစဉ် လိင်ဆက်ဆံခြင်း ပြဿနာရှိသည်ဟု သံသယဝင်ပါက ဆရာဝန်ဆီသွားခြင်း(သို့) ကျန်းမာရေးစောင့်ရှောက်သူထံတွင် အခြားရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ အကြံဉာဏ်ယူခြင်းတို့က အသင့်တော်ဆုံးဖြစ်သည်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Is Sexsomnia? http://www.everydayhealth.com/sleep/what-is- sexsomnia.aspx Sexsomnia

https://www.psychologytoday.com/blog/sleepless-in- america/200902/sexsomnia Yes, Sexsomnia is a
Real Disorder. And it Can Be Devastating. https://vanwinkles.com/what-is- sexsomnia

ယခုပုံစံ

10/02/2022

Dr. Kaung Thar မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. Kaung Thar မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement