brand logo
Discover
Health Tools
Communities

Share

အားလပ်ရက်မှာ သာယာကြည်နူးစရာဖိုမကိစ္စဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲ

အားလပ်ရက်တွေဆိုတာ စုံတွဲတွေအတွက် ပျော်စရာအချိန်တွေပါ။ ဒါကြောင့် သင်နေရောင်ကာ ခရမ်တွေ၊ ရေကူးဘောင်းဘီတွေနဲ့ သဘက်တွေထည့်နေတာနဲ့အတူ ဒီတစ်ပတ်ရဲ့ အားလပ်ရက်မှာလိင်ကိစ္စသာယာမှု ဘယ်လိုလုပ်မလဲဆိုတာ ဖော်ပြပေးမယ့် ဒီဆောင်းပါးကို ကော်ပီလေးတော့ကူးယူထားသင့်ပါတယ်။

အားလပ်ရက်မှာ သာယာကြည်နူးစရာဖိုမကိစ္စဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲ

၁။ ကြိုတင်ပြင်ဆင်ထားပါ။

အန္တရာယ်အကင်းဆုံးနည်းကို ရွေးလိုက်ကြရအောင်။ တကယ်လို့သင်က လိင်ကနေကူးစက်တဲ့ရောဂါတွေ (STDs) မကူးစက်နိုင်တာ ၁၀၀% မသေချာဘူးဆိုရငိ ကွန်ဒုံး ဆောင်ထားပါ။ ပြီးတော့ ကွန်ဒုံးဘယ်လောက်ရှိလဲ သိထားပါ။ ဒါမှမဟုတ်ရင်တော့ အစီအစဉ်မရှိဘဲ ကိုယ်ဝန်ရတာတွေဖြစ်သွားနိုင်တယ်။

၂။ ဟိုတယ်မှာရတဲ့ ဝန်ဆောင်မှုတွေကို လေ့လာပါ။

သင့်ဟော်တယ်ခန်းက တောက်ပြောင်သန့်ရှင်း ရိုမန်တစ်ဆန်ပြီး လိင်မှုကိစ္စလုပ်ဖို့ အဆင်ပြေနေပါစေ။ အသံလုံတဲ့ ဟော်တယ်အခန်းမျိုးကို ကြိုတင်ဘွတ်ကင်လုပ်ထားတာ ပိုကောင်းပါတယ်။

၃။ Foreplay (အစပျိုး)ပါ

Foreplay ဆိုတာ သင်အကျီချွတ်မချလိုက်ခင်က စပါတယ်။Foreplay ကလိင်ဆက်ဆံမှုကောင်းအောင်လုပ်မယ့် ပထမအဆင့်ဖြစ်ပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာကလည်း လိင်မှုကိစ္စ ရဲ့ သေးငယ်တဲ့အစိတ်ပိုင်းလေးတစ်ခုသာဖြစ်ပါတယ်။ အိမ်ထောင်ပြုတဲ့အခါ ဒီထက်ပိုရင်းနီးအောင်နေစရာတွေအများကြီးရှိတဲ့အတွက် ဘာလို့ဒီတစ်ခုတည်းကိုပဲ အာရုံစိုက်နေမလဲ။ တွေးကြည့်ပါ။ သင်ဟာ လိင်ကိစ္စကို များများတွေးလေပိုလိုချင်လေဖြစ်တာပါပဲ။ စိတ်ကူးယဉ်အချစ်ဝတ္ထုတွေ ရုပ်ရှင်တွေကြည့်ပြီး ဒီကိစ္စကိုနားလည်အောင်လုပ်သင့်တယ်။ လိင်အကြောင်းပါတဲ့magazine တွေဖတ်တာကလဲကောင်းပါတယ်။

၄။ ကြည်နူးဖွယ်ကောင်းတဲ့ အရာတွေဖန်တီးနိုင်အောင်အောက်ပါတို့ကိုဆောင်ရွက်ပါ

– တီဗွီကိုပိတ်ပါ။ ဖယောင်းတိုင်လေးတွေထွန်းလိုက်ပါ။

– ဒုတိယအနေနဲ့ ဝိုင်တစ်ခွက်သောက်ပြီး ချောကလက်လေးစားပါ။

– ပြီးတော့ လိင်ညှို့အားရှိတဲ့ အတွင်းခံလေးတွေဝတ်ဆင်ပါ။

၅။ အမှတ်တရတွေ ပြုလုပ်ရာမှာမရှက်ပါနဲ့။

သင့်အနေနဲ့ ခရီးသွား ဓာတ်ပုံတွေဗီဒီယိုတွေ နောက်ပြီး အိမ်ပြန်ရောက်တာနဲ့ diary ရေးတာတွေလုပ်နိုင်တယ်။ ဒါမှသင်နဲ့သင့်ချစ်သူဟာ ဒီအားလပ်ရက်မှာ ဘယ်လိုကြည်နူးစရာအချိန်တွေ လုပ်ခဲ့လဲဆိုတာ သတိရတိုင်းပြန်ကြည့်လို့ရတာပေါ့။

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Phyo Wai Yan · Updated 10/02/2022

Was this article helpful?