backup og meta

အမျိုးသားတွေ အချိန်မတန်ခင်သုက်လွှတ်ခြင်း ကို ဘာကြောင့်ခံစားရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Kaung Thar မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေ အချိန်မတန်ခင်သုက်လွှတ်ခြင်း ကို ဘာကြောင့်ခံစားရတာလဲ

    အချိန်မတန်ခင်သုက်လွှတ်ခြင်း ဆိုတာက အမျိုးသားတွေမှာ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု အနည်းငယ်ရရှိရုံနဲ့ သုက်လွှတ်ခြင်းကို ဆိုလိုပါတယ်။ ဆရာဝန်တွေက အမျိုးသားတွေရဲ့ ၂၀-၃၀% လောက်က အချိန်မတန်ခင် သုက်လွှတ်ခြင်းကို တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကြုံတွေ့ရတတ်တယ်လို့ ဆိုပါတယ်။ ရံဖန်ရံခါ ဖြစ်တာကတော့ ပြဿနာမရှိပေမဲ့ အတူနေတိုင်း ဖြစ်လာပြီဆိုရင်တော့ အကြောင်းအရင်းကို ရှာဖွေသင့်ပါတယ်။

    အချိန်မတန်ခင်သုက်လွှတ်ခြင်း ကို ဖြစ်စေတဲ့အကြောင်းရင်းများ

    စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းများစွာ ရှိပါတယ်။

    စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေကတော့

    • လိင်ဆက်ဆံမှုကို လူမြင်မှာ စိုးတာကြောင့် အမြန်ပြီးဖို့ လိုအပ်တဲ့ အခြေအနေမျိုးမှာဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမျိုးသားတွေက ခံစားမှုလွန်ကဲပြီး ဖြည်းညင်းစွာ မလုပ်ဆောင်နိုင်ဘဲ လိင်ပိုင်းဆိုင်ရာ သာယာမှုရရှိရန် ခဲယဉ်းပါတယ်။
    • စိုးရိမ်များနေခြင်းနဲ့ စိတ်လှုပ်ရှားခြင်း ပြဿနာတစ်ခုခု ရှိနေတာ။ ဒါတွေက လှုံ့ဆော်မှုပိုဖြစ်စေပြီး အချိန်မတန်ခင် သုက်လွှတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
    • လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်မှာကို စိုးရိမ်ခြင်း။ အမျိုးသားတွေဟာ လိင်တံထောင်မတ်မှုကို ကြာရှည်ထိန်းထားလိုမှု၊ သုက်ပိုးအမြန်ထွက်မှာကို စိုးရိမ်မှု စတာတွေက သုက်လွှတ်စောတာကို ဖြစ်စေပါတယ်။

    ရုပ်ပိုင်းဆိုင်ရာနဲ့ အခြားအကြောင်းရင်းတွေကတော့

    • ဟော်မုန်းပမာဏ ကမောက်ကမဖြစ်ခြင်း
    • အာရုံကြောစနစ်ကို ထိခိုက်ဒဏ်ရာရရှိမှု (သို့) ခွဲစိတ်ခြင်းတွေကြောင့် ထိခိုက်မိခြင်း
    • မူးယစ်ဆေးသုံးစွဲခြင်း
    • Serotonin ပမာဏ နည်းခြင်း
    • သုက်လွှတ်စနစ်ကို ထိခိုက်နိုင်တဲ့ အခြေအနေများ
    • သိုင်းရွိုက် ပြဿနာများ
    • လိင်အင်္ဂါရောင်ရမ်းခြင်း (သို့) ရောဂါပိုးဝင်ခြင်း (အထူးသဖြင့် ဆီးကျိတ်၊ ဆီးပြွန်)
    • ဆီးချို (သို့) နှလုံးသွေးကြော ရောဂါများ

    အချိန်မတိုင်ခင်သုက်လွှတ်ရတဲ့ အကြောင်းရင်း

    အချိန်မတိုင်ခင် သုက်လွှတ်ရတဲ့ အကြောင်းရင်းတွေကတော့
    • စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ
    • မိမိအဖော်နဲ့ အဆင်မပြေမှုတွေ
    • ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့
    • ရောဂါအခံတွေကြောင့်ပဲ ဖြစ်ပါတယ်။

    အချိန်မတန်ခင် သုက်လွှတ်ခြင်း အတွက် ကုသမှုနဲ့ ကိုင်တွယ်ဖြေရှင်းနည်း

    စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အချိန်မတန်ခင်သုက်လွှတ်ခြင်း ဖြစ်တယ်ဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ယူသင့်ပါတယ်။ တကယ်လို့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခုကြောင့် ဖြစ်မယ်ဆိုရင်တော့ ဆေးသေချာကုလိုက်ရင် ပြန်ကောင်းသွားနိုင်ပါတယ်။  တခြားနည်းလမ်းတွေ အနေနဲ့ကတော့

    • ကြိုတင်ပြင်ဆင်ခြင်း

    လိင်ဆက်ဆံမှု မပြုခင် တစ်နာရီ (သို့) နှစ်နာရီလောက်ကြိုပြီး အာသာဖြေထားခြင်းဟာ သုက်ပိုးလွှတ်ခြင်းကို အချိန်ရွှေ့နိုင်ပြီး သင့်လိင်ဆက်ဆံဖက်ကို လိင်မဆက်ဆံခင် လိင်စိတ် နှိုးဆွထားခြင်းဟာ တစ်ပြိုင်တည်းမှာ လိင်စိတ်အထွတ်အထိပ် ရောက်မှုကို ဖြစ်ပွားနိုင်ပါတယ်။

    • ရပ်လိုက်၊ စလိုက် နည်းလမ်း

    အမျိုးသားတွေဟာ လိင်စိတ် အထွတ်အထိပ်ရောက်တော့မယ်လို့ ခံစားရရင် လှုံ့ဆော်မှုကို လျှော့ချသင့်ပါတယ်။ လိင်တံကိုသာ ထောင်မတ်လာစေပြီး ပြီးမြောက်ခြင်း မဖြစ်အောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကျော်လွန်သွားရင်တော့ လိင်ဆက်ဆံနိုင်ပြီ ဖြစ်ပါတယ်။

    • ညှစ်ခြင်း

    အမျိုးသား လိင်စိတ်အထွတ်အထိပ်ရောက်ခါနီးရင်  လိင်တံကို ညှစ်နိုင်ပါတယ်။ စက္ကန့်အတော်ကြာအောင် သုက်လွှတ်ချင်တဲ့ ဆန္ဒ မပျောက်မချင်း ညှစ်ထားသင့်ပါတယ်။ မိနစ်ဝက်လောက်ကြာရင်တော့ လိင်ဆက်ဆံမှုကို ဆက်လက်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒီအတိုင်း ပြန်လည်လုပ်ဆောင်ခြင်းဟာ အချိန်မတန်ခင်သုက်လွှတ်ခြင်း ကနေ ကိုယ်ခန္ဓာကို လေ့ကျင့်ပေးပြီး ဖြစ်သွားပါလိမ့်မယ်

    • ကွန်ဒုံးအသုံးပြုခြင်း

    ကွန်ဒုံးအထူသားကို သုံးခြင်းက အမျိုးသားရရှိနေတဲ့ လှုံ့ဆော်မှုတွေကို ဖြတ်တောက်နိုင်ပြီး အချိန်ပိုမို ကြာမြင့်စေပါတယ်။

    သူတို့ဟာ လိင်တံအရေပြားကို ခဏတာထုံစေတဲ့ အစွမ်း ရှိပါတယ်။

    နောက်ဆုံးအနေနဲ့ လိင်စိတ်အထွတ်အထိပ်ရောက်တော့မယ် ဆိုရင် ဘေ့စ်ဘောအကြောင်း စဉ်းစားလိုက်ပါဆိုတဲ့ဟာသ တောင်ရှိပါတယ်။ လိင်ကိစ္စနဲ့ မဆိုင်တဲ့ အရာတွေကို တွေးတောခြင်းဟာ လိင်တံထောင်မတ်မှုကို ကြာရှည်ခံစေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Kaung Thar မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement