backup og meta

သုက်ဟာ ဘာအရသာရှိသလဲ။

သုက်ဟာ ဘာအရသာရှိသလဲ။

သုက်ပိုးဟာ အမျိုးသားတစ်ယောက်ရဲ့ ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီးတော့ ကလေးရရှိဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သုက်ဟာ ဘာအရသာရှိသလဲ။ လို့ တွေးတောဖူးပါသလား။ အဖြေကတော့ အချို့အရာတွေက အရသာအပေါ် အကျိုးသက်ရောက်မှု ရှိတဲ့အတွက် လူတစ်ယောက်နဲ့တစ်ယောက် ကွာခြားနိုင်ပါတယ်။ အဲဒီအရာတွေထဲမှာတော့ သင်စားတဲ့အစားအသောက်ဟာ သုက်ပိုးရဲ့ အရသာကို အကျိုးသက်ရောက်မှု ရှိပါတယ်။

သုက်ဟာ ဘာအရသာရှိသလဲ။

သုက်ဟာ ဘာအရသာရှိသလဲ။ သုက်ပိုးရဲ့အရသာဟာ သုက်မှာပါဝင်တဲ့ ပစ္စည်းတွေပေါ်မှာ မူတည်ပါတယ်။ သုက်မှာ ရေ၉၆% နဲ့ သုက်ကောင် ၂% ပါဝင်ပါတယ်။ ကျန်တဲ့ ၂% ကတော့ သုက်ကောင်တွေကို အာဟာရဖြစ်စေတဲ့ Fractose၊ သုက်ပိုးတွေကို မိန်းမကိုယ်ရဲ့ အက်ဆစ်ဓါတ်ရှိတဲ့ ပတ်ဝန်းကျင်ကနေ ကာကွယ်ပေးတဲ့ sodium bicarbonate၊ သုက်ပိုးတွေကို ပိုကျန်းမာစေတဲ့ vitamin C နဲ့ အခြားသတ္တုဓါတ်တွေ ဖြစ်တဲ့ phosphorus, magnesim, zinc နဲ့ potassium တို့ ပါဝင်ပါတယ်။

ဒီပရိုတင်းတွေ၊ အင်ဇိုင်းတွေ၊ သတ္တုဓါတ်တွေကြောင့် သုက်ပိုးရဲ့ အခြေခံအရသာကတော့ အနည်းငယ် ပူပြီး ငန်ပါတယ်။ အချို့တွေကတော့ အနည်းငယ်ချိုတယ်လို့ ဆိုကြပြီး အချို့တွေကတော့ အရသာမထူးခြားဘူးလို့ ပြောကြပါတယ်။ သုက်ပိုးရဲ့အရသာကို အကျိုးသက်ရောက်တဲ့ အဓိက အချက်ကတော့ နေ့စဉ်ဘာစားသလဲ ဆိုတာပါပဲ။

အစားအစာက အရေးကြီးပါတယ်။

အရသာဟာ အနည်းငယ် ပူပြီး ငန်သင့်သော်လည်းပဲ ဘာစားသလဲပေါ်မူတည်ပြီး အရသာ အမျိုးမျိုး ရှိနိုင်ပါတယ်။

ဥပမာ စီးကရက်၊ အရက်နဲ့ ဆေးသုံးစွဲခြင်းဟာ သုက်ပိုးကို ခါးစေပါတယ်။ ထို့အတူပဲ အမဲသားနဲ့ ဝက်သားတို့ဟာလည်း သုတ်ပိုးကို အရသာဆိုးစေပြီး ပိုမိုငန်စေပါတယ်။ နောက်တစ်ခုကတော့ ကော်ဖီဖြစ်ပြီး သူဟာ သုက်ရည်ကို ငန်စေပါတယ်။

ထို့အတူပဲ ဆာလဖာပါတဲ့ အစားအစာတွေဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ ဂေါ်ဖီထုပ်တို့ဟာလဲ အရသာ ခါးစေပါတယ်။ နို့ထွက်ပစ္စည်းတွေဟာလည်း အလွန်အကျွံ စားသုံးရင် အရသာ ပိုငန်ပြီး ဆိုးရွားစေပါတယ်။

အနံ့ပြင်းတဲ့ အရာတွေ ဖြစ်တဲ့ ကြက်သွန်ဖြူတို့ ကြက်သွန်နီတို့ကို ကြိုက်နှစ်သက်တဲ့အမျိုးသားတွေဟာ အနံ့ပြင်းပြီး ဆိုးဝါးတဲ့ သုက်ရည်ကို ပိုင်ဆိုင်ကြပါတယ်။

အခြားတစ်ဖက်မှာတော့ အရသာကို တိုးတက်စေတဲ့ အစားအစာတွေ ရှိပါတယ်။ သစ်ကြံပိုးခေါက်နဲ့ နံနတ်သီးဖျော်ရည်တို့ဟာ သုက်ပိုးရဲ့အရသာအတွက် အကောင်းဆုံး အစားအစာနှစ်မျိုးဖြစ်ပါတယ်။ သကြားပါတဲ့အစားအစာတွေဟာ သုက်ရည်ကို ပိုမိုချိုစေပြီး အရသာရှိစေပါတယ်။ ဂျုံစေ့၊ တရုတ်နံနံ၊ သံပုယိုသီးနဲ့ ပက်ပါမင့်တို့ဟာ သုက်ရည်ရဲ့အရသာကို ချိုစေပါတယ်။

အရည်တွေဟာလည်း အရေးကြီးပါတယ်။

အမျိုးသားတစ်ယောက် တစ်နေ့သောက်သုံးတဲ့ ရေပမာဏဟာလည်း သုက်ပိုးရဲ့ အရသာကို အကျိုးသက်ရောက်မှု ရှိပါတယ်။ သူဟာ သုက်ရည်ပမာဏကိုပါ တိုးတက်စေတာမို့ အရည်နဲ့ သစ်သီးဖျော်ရည် အများအပြား သောက်သင့်ပါတယ်။ သုက်ရည်ပမာဏ များပြားချင်ရင်တော့ ဆေးဖက်ဝင်အပင်းတွေနဲ့ လုပ်ထားတဲ့ ဖြည့်စွက်စာတွေကို စားသုံးသင့်ပါတယ်။

ကျန်းမာတဲ့ ခန္ဓါကိုယ်ဟာ သုက်ရည်ရဲ့ အရသာကို ဆုံးဖြတ်ပါတယ်။

သင့်ကိုယ်ခန္ဓါဟာ ကျန်းမာခဲ့ရင် သင့်သုက်ရည်ဟာ အရသာကောင်းမွန် (သို့) ပုံမှန်ရှိပါတယ်။ ဒါ့ကြောင့် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး လိုအပ်တဲ့ ကုသမှု ရယူသင့်ပါတယ်။ ဒါ့ပြင် သောက်နေတဲ့ဆေးတွေဟာလည်း သုက်ပိုးအရသာကို ပိုမိုခါးသက်စေပြီး အလွန်အကျွံငန်စေနိုင်ပါတယ်။ သင်များများစားစား မလုပ်နိုင်ပေမယ့် ချိုတဲ့ အသီးဖျော်ရည်တွေ အများအပြားတော့ သောက်သုံးနိုင်ပါတယ်။ သုက်ဟာ ဘာအရသာရှိသလဲ။ ဆိုတဲ့ အဖြေထွက်လောက်ပြီ ထင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.everydayhealth.com/sexual-health- pictures/dr-laura- berman-male- ejaculation-facts.aspx#01

http://www.increasespermvolume.com/what-does- semen-taste- like/

 

ယခုပုံစံ

25/07/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သုက်လွှတ်ဖို့ကြာ နေတာ ဘာကြောင့်လဲ

သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 25/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement