backup og meta

ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခု

ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခု

ကွန်ဒုံးဟာ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့အတွက် အသုံးပြုတဲ့ အဟန့်အတားတစ်ခုဖြစ်ပါတယ်။ ကွန်ဒုံးဟာ ထိရောက်မှုရှိပြီး ဈေးသက်သာတဲ့အတွက် အများအပြား အသုံးပြုကြပါတယ်။ သို့သော်လည်း သုတေသနတွေက အမျိုးသား အမြောက်အများဟာ ကွန်ဒုံး သုံးတဲ့အခါ အခက်အခဲတွေ့ရတဲ့အတွက် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါများ ရရှိမှုတို့ကို ကြုံတွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကွန်ဒုံးအသုံးပြုစဉ် တွေ့ရတတ်တဲ့ အမှားငါးခုကိုဖော်ပြထားပါတယ်။

ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခု

ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခုက ဘာတွေလဲဆိုတော့

(၁) မှားယွင်းတဲ့ အရွယ်အစားကိုရွေးချယ်မိခြင်း

ကွန်ဒုံးတွေဟာ အရွယ်အစား အမျိုးမျိုးနဲ့ လာတတ်ပြီး သင့်လျော်တဲ့ ကွန်ဒုံးကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ သေးလွန်းတဲ့ ကွန်ဒုံးကိုအသုံးပြုခြင်းဟာ လိင်တံသွေးရောက်ခြင်းကို တားမြစ်ပြီးတော့ လိင်တံထောင်မတ်မှုကို အပြည့်အဝ မရစေပါဘူး။

ကြီးလွန်းတဲ့ ကွန်ဒုံးတွေကျတော့လဲ သူ့ရဲ့ အသုံးဝင်မှုကို လျော့ကျစေပါတယ်။ ကွန်ဒုံးဟာ ကြီးလွန်းတဲ့အတွက် ဝင်လာတဲ့ သုက်ရည်တွေကို သေချာမထိန်းသိမ်းနိုင်တော့တာမျိုးနဲ့ လိင်ဆက်ဆံစဉ် ကျွတ်ထွက်တာမျိုး ဖြစ်ပွားနိုင်ပါတယ်။ ဒါဟာ သင့်ကိုကိုယ်ဝန်တားခြင်းနဲ့ လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေကိုကာကွယ်မပေးဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

(၂) အသုံးပြုပုံမှားယွင်းခြင်း

ကွန်ဒုံးဟာ တစ်ဖက်ကိုပဲ ဖြန့်ပြီးအသုံးပြုဖို့ တီထွင်ထားတာပါ။ ညွှန်ကြားချက်တွေကို အသုံးပြုသူတွေက သေချာလိုက်နာမယ်ဆိုရင် သုံးရတာ ချောမွေ့ပြီးလွယ်ကူပါတယ်။ ဒါပေမယ့် မလွယ်ကူဘူးဆိုရင်လည်း ကြိုးစားရပါမယ်။

ကွန်ဒုံးတွေကို ငြင်းပယ်ခြင်းဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ ကွန်ဒုံးမှာ သုက်ပိုးသတ်ဆေး ပါတယ်ဆိုရင် ပြောင်းပြန်ဝတ်ဆင် လိုက်တာဟာ သင့်သုက်ပိုးတွေ အပြင်ထွက်ခြင်းကို လျှော့ချပေးနိုင်စွမ်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။

(၃) သေချာစွာ မသိမ်းဆည်းခြင်း

အမျိုးသား အတော်များများဟာ ကွန်ဒုံးတွေကို ပိုက်ဆံအိတ်နဲ့ ဘောင်းဘီအိတ်ကြားတွေမှာ သိမ်းဆည်းတတ် ကြပါတယ်။ ဒါဟာလည်း သူတို့ဟာ ညဘက်အပြင်ထွက်ပြီး ဘယ်အချိန်မှာ သုံးဖြစ်မလဲ မသေချာတာကြောင့် အမြဲအဆင်သင့်ဖြစ်ချင်နေတာကြောင့် ဖြစ်ပါတယ်။

ကံဆိုးစွာပဲ သင်ဖင်ခုထိုင်ထား တဲ့အတွက် အပူကြောင့် ကွန်ဒုံးဟာ တောင့်တင်းမာကျောကုန်ပါလိမ့်မယ်။ သူတို့ဟာ သုံးဖို့ ခက်ရုံတင်မကဘဲ အစွမ်းထက်မှုလည်း လျော့ကျနိုင်ပါတယ်။ သိမ်းဆည်းရမည့် အညွှန်းနဲ့ ကွန်ဒုံးကို အချိန်မလွန်ခင်မှာ သုံးဖို့ကို သတိရသင့်ပါတယ်။

(၄) အကာအကွယ် နှစ်ထပ်အသုံးပြုခြင်း

လူအတော်များများဟာ ကွန်ဒုံး နှစ်ခုသုံးခြင်းအားဖြင့် နှစ်ဆ ပိုမို ကာကွယ်လိမ့်မယ်လို့ ယူဆကြပါတယ်။ မှန်သယောင် ထင်ရပေယ့် မမှန်ကန်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အစွမ်းထက်မှုတောင် လျော့ကျ နိုင်ပါတယ်။

တစ်ခုပေါ်က နောက်တစ်ခု ထပ်ဝတ်ခြင်းဟာ သင့်လိင်တံအတွက် တင်းကျပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ပွတ်တိုက်မှုကြောင့် ကွန်ဒုံးပေါက်ပြီး သုက်ပိုး အပြင်ထွက်ဖို့ ပိုအခွင့်အရေး များပါတယ်။

(၅) အချိန်ကိုက်မှားခြင်း

လူအများစုက ကွန်ဒုံးကို အချိန်မတန်ခင် အရင်ဝတ်ဆင်တတ်ကြပါတယ်။ လိင်တံ အပြည့်အဝ ထောင်မတ်သည်အထိ စောင့်ပြီးမှ ဝတ်ဆင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကွန်ဒုံးဟာ ပျော့ပြောင်းနေတဲ့ လိင်တံပေါ် တပ်ဆင်ရင် နှစ်ဖက်စလုံးကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။

ဝတ်ဆင်တာ နောက်ကျတာကလည်း မကောင်းပါဘူး။ သင်လိင်မဆက်ဆံခင် နှိုးဆွခြင်းဟာ အရေပြား ဖောက်ထွင်းမှုတွေ ပါဝင်ခဲ့မယ်ဆိုရင် ကိုယ်ဝန် (သို့) လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ ရရှိနိုင်ပါတယ်။

လူတွေက ကွန်ဒုံး သုံးစွဲတဲ့ တိုင်အောင် ကိုယ်ဝန်နဲ့ လိင်ကတစ်ဆင့်ကူးစက်ရောဂါတွေ ရရှိဖို့ အခွင့်အရေး ရှိပါသေးတယ်။ ဒါ့ကြောင့် အညွှန်းကို သေချာဖတ်ပြီး ကွန်ဒုံး အသုံးပြုစဉ် သက်သောင့်သက်သာ မဖြစ်တဲ့ ခံစားမှုကိုဂရုစိုက်ပါ။ သင်အပြင်မှာ တစ်ခါမှ မသုံးဖူးဘူး ဆိုရင် အိမ်မှာပဲ လေ့ကျင့်နိုင်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

http://www.everydayhealth.com/erectile-dysfunction/condom- mistakes-you- dont-want- to-make.aspx

Accessed March 26, 2017

 

ယခုပုံစံ

31/05/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်မှုဆက်ဆံရေးမှာ အရွယ်အစားက ဘယ်လောက်အရေးပါလဲ

ကွန်ဒုံးသုံးပြီး အထိရောက်ဆုံးကိုယ်ဝန်တားပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 31/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement