backup og meta

လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ

လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ

လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ …… လူအတော်များများက အပျိုစင်ဘဝ လူပျို၊ အပျိုဘဝကို ဆုံးရှုံးဖို့ မှန်ကန်တဲ့အချိန်ဟာ လက်ထပ်တဲ့ ညလို့ ထင်ကြပါတယ်။ ဒါပေမယ့် ဒီအချိန်အထိစောင့်ဖို့ဟာ မလွယ်ကူမှန်း သိကြပြီး ဖြစ်မှာပါ။ အထူးသဖြင့် သင့်သူငယ်ချင်းက သူ (သို့) သူမ ချစ်သူနဲ့ လိင်ဆက်ဆံတဲ့ အတွေ့အကြုံဟာ ဘယ်လောက်ကောင်းကြောင်း ဆက်တိုက်ပြောနေခဲ့ရင်ပဲ ဖြစ်ပါတယ်။

အဖြေကတော့ သင့်ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်တွေနဲ့ ဘာသာတရား လက်ခံမှုအပေါ်မှာ မူတည်ပါတယ်။ မိဘတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ သူတို့အချင်းချင်းဆက်ဆံမှုမှာ ပွင့်လင်းရိုးသားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူငယ်တွေ ရင့်ကျက်လာပြီး ချစ်သူနဲ့ စတင်ချိန်းတွေ့ချိန်တွေမှာ ဖြစ်ပါတယ်။

လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ

လိင်ဆက်ဆံမှု အစပြုသင့်တဲ့ အသက်အရွယ်ရယ်လို့ အတိအကျ မရှိပါဘူး။ လူတချို့က သူတို့ချစ်တဲ့သူတွေ့တဲ့အထိ (သို့) လက်ထပ်ပြီးတဲ့အထိ (သို့) အခြေကျတဲ့အထိ စောင့်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရွေးချယ်မှု တစ်ခုသာ ဖြစ်ပါတယ်။ ဘာကိုပဲ ရွေးချယ်၊ ရွေးချယ် ကိုယ့်တာဝန် ကိုယ်ယူရမှာ ဖြစ်ပါတယ်။ ဒါဆို လူပျို၊ အပျိုဘဝကို ဘယ်အချိန်မှာ ဆုံးရှုံးခံသင့်သလဲ ဆိုတာ ဆောင်းပါးကို ဆက်ဖတ်ကြည့်လိုက်ပါ။

ဒါဆို လိင်ဆက်ဆံဖို့ အဆင်သင့်ဖြစ်ပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။

ပထမဦးစွာ နောက်ပိုင်းမှာ ဖြစ်လာမယ့် ဆိုးကျိုးတွေကို ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။ ဥပမာ လိင်မှတဆင့် ကူးစက်ရောဂါတွေ၊ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်းတွေနဲ့ အခြား ထည့်သွင်း စဉ်းစားသင့်တဲ့ အရာတွေလည်း ရှိပါသေးတယ်။

ဥပမာ သင့်ရဲ့ ပထမဆုံး အတွေ့အကြုံတွေဟာ သာယာဖွယ် မဖြစ်ရင် ဒါဟာ သင့်ဘဝတစ်လျှောက် လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေကို ကြောက်လန့်သွားနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေ၊ စိတ်တက်ကြွမှုတွေဟာ ပုံမှန်သာ ဖြစ်ပါတယ်။ ဒီခံစားမှုတွေကို ထုတ်လွှတ်ပေးဖို့ နည်းလမ်းတစ်ခုကတော့ အာသာဖြေတာပဲ ဖြစ်ပါတယ်။

လိင်အာသာဖြေခြင်းဟာ လိင်ပိုင်းဆိုင်ရာ တင်းကျပ်မှုတွေကို လျော့ကျစေပြီး သင့်ကိုယ်ခန္ဓာနဲ့ တုံ့ပြန်ပုံတွေအကြောင်းကို ပိုမိုသိရှိစေပါတယ်။ လိင်အာသာဖြေခြင်းဟာ ပုံမှန်အပြုအမူ တစ်ခုသာ ဖြစ်တာကြောင့် မရှက်သင့်ပါဘူး။

တတိယအနေနဲ့ ထိုးသွင်းမှု မရှိဘဲ လိင်ဆက်ဆံဖို့ ကြိုးစားသင့်ပါတယ်။ သူ (သို့) သူမကို နှိပ်နယ်ပေးခြင်း၊ ရေတူတူချိုးခြင်း၊ လိင်အာသာဖြေခြင်း၊ လက်ဖြင့် လိင်ဆက်ဆံခြင်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။

ဒါဟာ လိင်မှ တဆင့်ကူးစက်ရောဂါပိုးတွေ၊ ကိုယ်ဝန် ရရှိခြင်းတွေ မဖြစ်စေဘဲ တစ်ယောက်နဲ့ တစ်ယောက် အနီးစပ်ဆုံးသိရှိနိုင်တဲ့ နည်းတွေ ဖြစ်ပါတယ်။

အမှန်တကယ် လိင်ဆက်ဆံဖို့ အဆင်သင့်မဖြစ်သေးရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ရင်ဆိုင်နိုင်ချိန်အထိ စောင့်ဆိုင်းသင့်ပါတယ်။

နောက်တစ်ချက်ကတော့ သင့်လိုပဲ သင့်ချစ်သူဟာ တူညီတဲ့ မျှော်လင့်ချက်တွေ၊ အတွေးအခေါ်တွေ ရှိမယ်လို့ မမျှော်လင့်ပါနဲ့။ လိင်ဆက်ဆံခြင်း ဆိုတာ နှစ်ဦးနှစ်ဖက်  ကိစ္စဖြစ်တာကြောင့် ပွင့်ပွင့်လင်းလင်းတိုင်ပင်သင့်ပါတယ်။

နောက်ဆုံး အနေနဲ့ကတော့ ကိုယ့်အကြောင်းကိုသိပါ။ သင့်သူငယ်ချင်းက သူ့ချစ်သူနဲ့ အတူနေတိုင်း သင်လိုက်လုပ်စရာ မလိုပါဘူး။ လိင်ဆက်ဆံခြင်း မှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေကို သင်ဘယ်လောက်ထိ နားလည် လက်ခံနိုင်သလဲ ဆိုတာက အရေးကြီးဆုံးပါ။

ရေးသားသူ- Dr Phyu Mon Latt

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

When is the Right Time to Lose Your Virginity?

Link: http://www.everydayhealth.com/columns/dr-laura-berman-on-love-and-sex/when-is-the-right-time-to-lose-your-virginity/Ngaytruycap: 04/12/2016

ယခုပုံစံ

20/10/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်စိတ်ဆန္ဒကို ပြန်လည် တက်ကြွစေမယ့် အလေ့အကျင့် ၁၅ ခု

မကြာခဏလိင်စိတ်ဖြေခြင်းက မျိုးအောင်မှုကို အနှောင့်အယှက်ဖြစ်စေသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement