ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
လိင်မှတစ်ဆင့်ကူးစက်သောရောဂါများအား ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
- လိင်ဆက်ဆံဖော်များစွာရှိသူများ
- လိင်တူဆက်ဆံသောအမျိုးသားများ
- အကာကွယ်မဲ့ လိင်ဆက်ဆံသူများ
- လိင်လုပ်သားများ
- အန္တရာယ်များသော လိင်ဆိုင်ရာအပြုအမူများကို ကျင့်သုံးသည့် ဆေးသုံးသူများ
- အရက်အလွန်အကျွံသောက်သူများ၊ မူးယစ်ဆေးဝါးသုံးသူများ သို့မဟုတ် ထိုကဲ့သို့သောသူများနှင့် လိင်ဆက်ဆံသူများ
- အပ်တစ်ချောင်းတည်း အတူမျှဝေသုံးစွဲသူများ
STDs အဖြစ်များသော လူထုအတွင်း နေထိုင်သူများ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ကို ဘယ်လိုအတည်ပြုပါသလဲ
လိင်ဆိုင်ရာ ရာဇဝင်နှင့် လက်ရှိရောဂါလက္ခဏာများသည် STD ရှိနေကြောင်း ပြသနေပါက ပြဿနာကို၏အကြောင်းရင်းကို သိရှိနိုင်မည့် စစ်ဆေးမှုများပြုလုပ်ရပါမည်။
- သွေးစစ်ခြင်း – သွေးစစ်ခြင်းတွင် HIV ရှိမရှိနှင့် ဆစ်ဖလစ်ရောဂါ၏နောက်ဆုံးအဆင့်များကို သိရှိနိုင်သည်။
- ဆီးစစ်ခြင်း – တစ်ချို့ STI များသည် ဆီးမှဆစ်ဆင့် အတည်ပြုနိုင်၏။
- အရည်နမူနာများ – သင့်၌လိင်အင်္ဂါအနာများရှိပါက ထိုမှအရည်များ နမူများကိုယူကာ ပိုးအမျိုးအစားကို ခွဲခြားနိုင်ပါမည်။ ဆီးလိင်ပြွန်မှထွက်သည့် အရည်များကိုလည်း တစ်ချို့ဖြစ်ရပ်များတွင် အသုံးပြုနိုင်သည်။ လိင်အင်္ဂါအနာများမှပစ္စည်းများ အရည်များကို တစ်ချို့ STIs များအား အမည်တပ်ရာတွင် အသုံးပြုနိုင်ပါသည်။
Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ကို ဘယ်လိုကုသပါသလဲ
- ပဋိဇီဝဆေးများ – များစွာသော လိင်မှကူးသည့် ဘက်တီးရီးယား ကပ်ပါးပိုးများဖြစ်သော ဂနိုးရီးယား၊ ဆစ်ဖလစ်၊ ကလဲမိုက်ဒီးယားနှင့် ထရိုင်ကိုမိုနီရေးစစ်တို့တွင် အကျိုးရှိသည်။
- ဗိုင်းရပ်စ်သတ်ဆေးများ – နေ့စဉ်သောက်ပါက ပိုးကူးသည့်အန္တရာယ်နှင့် ပြန်ဖြစ်နိုင်မည့် အန္တရာယ်များကို လျော့နည်းစေပါသည်။ မြန်မြ ကုသမှုရလေလေ ရောဂါကိုအရှင်းပျောက်အောင် ကုနိုင်လေလေဖြစ်သည်။
ထိုဆေးများကို ဆရာဝန်၏ကြီးကြပ်မှုအောက်တွင်သာ အသုံးပြုရမည်ဖြစ်မည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသော နေရာများတွင် အကူအညီပေးနိုင်ပါသည်။
- ကျန်းမာရေးနှင့်ညီညွှတ်သည်များကိုစားပါ
- ဆေးလိပ်ဖြတ်ပါ
- တရားမဝင်ဆေးများကိုဖြတ်ပါ
- လေ့ကျင့်ခန်းလုပ်ပါ
- အကာကွယ်ဖြင့်လိက်ဆက်ဆံပါ
- SIDs များကို စစ်ဆေးပြီး ကုသပါ
- ညွှန်သည့်အတိုင်း ဆေးများကိုသောက်ပါ
- 4C ထိန်းချုပ်ခြင်းကို လိုက်နာပါ – contact tracing (ပိုးရှိသူနှင့်ထိတွေသူများကို လိုက်ပါ), measuring compliance with treatment (ကုသမှုကို ကောင်းကောင်းလိုက်နာပါ), and counseling on risk reduction which includes condom promotion and provision. (ကွန်ဒုံအပါအဝင် အန္တရာယ်လျော့ချနိုင်မည့်နည်းများကို ပညာပေးပါ)
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။