backup og meta

ပျော်ရွှင်ဖွယ်အသိုက်အမြုံလေးကို နှစ်ဦးသားတည်ဆောက်ကြမယ်

ပျော်ရွှင်ဖွယ်အသိုက်အမြုံလေးကို နှစ်ဦးသားတည်ဆောက်ကြမယ်

အိမေ်ထာင်တစ်ခုမှာ သားသမီးယူဖို့ မိသားစုစီမံကိန်းဆိုတာ ရှိသင့်ပါတယ်။ လက်မထပ်ခင်တည်းက သားသမီးယူဖို့ကိစ္စနဲ့ပတ်သက်ပြီး အချင်းချင်းပွင့်ပွင့်လင်းလင်း သဘောတူညီချက်ယူထားတာကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ မိဘတွေက အသက်အရွယ်ငယ်နေလို့၊ စီးပွားရှာနေရတုန်းမို့ စတဲ့ အကြောင်းကြောင်းတွေကြောင့် အသင့်မဖြစ်သေးခင်မှာ ကလေးယူလိုက်မိရင် နောက်ဆက်တွဲအခက်အခဲတွေဖြစ်လာစေနိုင်လို့ပါ။

ကျန်းမာရေးအရပြောရင်လည်း မိသားစုစီမံကိန်းရှိထားဖို့က မိခင်နဲ့ကလေးရဲ့ကျန်းမာရေးအတွက် အရေးကြီးနေပါတယ်။ လေ့လာမှုတွေအရ သားသမီးတစ်ဦးနဲ့တစ်ဦးကြားမှာ ငါးနှစ်ကျော်ခြားတာ သို့မဟုတ် နှစ်နှစ်မပြည့်ခင် နောက်တစ်ယောက်ထပ်ယူတာမျိုးက မိခင်နဲ့ကလေးတွေရဲ့ကျန်းမာရေးမှာ နောက်ဆက်တွဲပြဿနာတွေရှိစေနိုင်ပါတယ်တဲ့။ ဥပမာ – ကလေးကချူချာတာ၊ ကလေးရဲ့ဖွံ့ဖြိုးမှုအားနည်းတာနဲ့ မိခင်ရဲ့အာဟာရချို့တဲ့မှုစတဲ့ အချက်တွေပါဝင်ပါတယ်။

တကယ်တမ်းက ကလေးတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အနည်းဆုံး ၂နှစ် ခြားသင့်ပါတယ်၊ ၅ နှစ်ထက်ပိုမခြားသင့်ပါဘူး။ ဒါမှ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကိုယ်ဝန်မမြဲခြင်း၊ လမစေ့ဘဲမွေးဖွားခြင်း၊ ကလေးညှက်ခြင်းတို့လို မိခင်နဲ့ကလေးမှာ ဆိုးကျိုးသက်ရောက်မှုတွေ ကင်းစေမှာပါ။

ဒါ့ကြောင့် လင်ရယ် မယားရယ်ဖြစ်လာပြီဆိုရင် ဘဝခရီးလမ်းအတွက် ရည်မှန်းချက်တွေအတူရေးဆွဲကြမယ်၊ သားသမီးဘယ်နှယောက်ယူမလဲ၊ ဘယ်အချိန်မှာ ကလေးယူမလဲ၊ ကလေးအတွက် ငွေကြိုစုကြမယ်၊ ကလေးကိုဘယ်လိုစောင့်ရှောက်မယ်ဆိုတာတွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ညှိနှိုင်းပြီး အစီအစဉ်ချထားသင့်ပါတယ်။

လူကြီးမိဘတွေကတော့ မြေးချီချင်တယ်၊ မြေးတွေအများကြီးနဲ့ပျော်စရာကောင်းဖို့ မျှော်လင့်ကြမှာပဲ။ ဒါပေမယ့် ကိုယ့်အကြောင်းကိုယ်သာအသိဆုံးမို့ ကိုယ့်အိမ်ထောင်အတွက် အဆင်ပြေဆုံးမိသားစုစီမံကိန်းကို ကိုယ်တိုင်ဆုံးဖြတ်ကြရမှာပါ။ တော်ကြာ မြေးလေးတွေမွေးပေးလိုက်ပြီး မနိုင်မနင်းဖြစ်လာရင် အဖိုးအဖွားတွေလက်ထဲချည်း ထားလို့မဖြစ်ဘူးလေ။

ကလေးလိုချင်တယ်ဆိုတိုင်း ဘယ်သူ့ဘယ်သူရဲ့လွှမ်းမိုးမှုကြောင့်မှမဟုတ်ဘဲ ဖခင်လောင်းနဲ့မိခင်လောင်းကိုယ်တိုင် နှစ်ဦးသဘောတူဆုံးဖြတ်တာအကောင်းဆုံးပါပဲ။ သင့်တော်မယ့် သားဆက်ခြားနည်းတစ်ခုခုကို ရွေးချယ်အသုံးပြုထားပါ။ သားဆက်ခြားဖို့ကို စနစ်တကျမလုပ်ဆောင်ရင်(သန္ဓေတားဆေးကို သောက်လိုက်မသောက်လိုက်လုပ်နေတာမျိုး၊ အရေးပေါ်တားဆေးေတွ မကြာခဏသောက်နေတာမျိုး) မထင်မှတ်ဘဲ ကိုယ်ဝန်ရခဲ့ရင် သန္ဓေမမြဲတာ၊ လမစေ့ဘဲမွေးတာ၊ ကလေးမှာချို့တဲ့မှုများတာ၊ မိသားစုအခက်အခဲတွေဖြစ်လာတာတွေ ရှိစေနိုင်ပါတယ်။ ရရှိလာမယ့်သားသမီးတွေအတွက် ဘာမှပြင်ဆင်ထားတာမရှိသေးချိန် ကိုယ်ဝန်ရခဲ့ရင် ဇနီးမောင်နှံနှ်စ်ဦးစလုံးရဲ့ ရည်မှန်းထားသမျှတွေ ကမောက်ကမဖြစ်ကုန်ပါလိမ့်မယ်။

အသုံးများတဲ့ သားဆက်ခြားနည်းတွေထဲမှာ အရေးပေါ်သန္ဓေတားဆေး၊ နေ့စဉ်သောက် သန္ဓေတားဆေး၊ သုံးလ/ခြောက်လခံထိုးဆေး၊ လက်မောင်းထဲထည့်ပစ္စည်း၊ သားအိမ်တွင်းထည့်ပစ္စည်း IUD တို့ပါဝင်ပါတယ်။ ဒါပေမယ့် သောက်ဆေးနဲ့ထိုးဆေးတွေက အချိန်မှန်ဖို့အဓိကလိုအပ်ပြီး အချိန်နောက်ကျသွားတာနဲ့ ထိရောက်မှုမရှိတော့ပါဘူး။ အလုပ်များသူတွေ၊ သတိထားဖို့ အချိန်မပေးနိုင်သူတွေအတွက်တော့ တစ်ခါအသုံးပြုလိုက်တာနဲ့ နှစ်နဲ့ချီပြီး ထိရောက်မှုပေးနိုင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်း IUD က အသင့်တော်ဆုံးပါ။ ဘာကြောင့်သင့်တော်လဲဆိုတာ IUD ရဲ့အားသာချက်လေးတွေကို ကြည့်လိုက်ပါဦး။

  • သန္ဓေတားရာမှာထိရောက်မှုအာနိသင် ၉၉% အထက် ရှိပါတယ်။
  • ၃ နှစ်၊ ၅ နှစ် သက်တမ်းကနေ ၁၂ နှစ်သက်တမ်းအထိ တာရှည်ခံလို့ သားသမီးယူဖို့ အချိန်ကြာကြာသန္ဓေတားလိုသူတွေအတွက် အဆင်ပြေစေပါတယ်။
  • မျိုးဥကြွေခြင်းကိုမထိခိုက်စေလို့ ရာသီပုံမှန်လာစေပါတယ်။
  • နို့တိုက်မိခင်တွေ အသုံးပြုလို့ရပါတယ်။
  • ပစ္စည်းကိုဖယ်လိုက်တာနဲ့ ကလေးပြန်ယူလို့ရပါတယ်။ အချိန်ထပ်စောင့်စရာမလိုပါဘူး။
  • ကိုယ်အလေးချိန်မတက်စေနိုင်ပါဘူး။
  • ဟော်မုန်းရဲ့ဘေးထွက်ဆိုးကျိုးတွေ မခံစားရနိုင်ပါဘူး။

ဘယ်နည်းကိုပဲရွေးရွေး သက်ဆိုင်သူနှစ်ဦးအပြန်အလှန် ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ထားတဲ့ မိသားစုစီမံကိန်းတော့ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ တစ်ဦးတည်းမှာတာဝန်ရှိနေတယ်လို့ သတ်မှတ်တာမျိုး ဒါမှမဟုတ် ကိုယ့်ရဲ့ အခြေအနေနဲ့ ကိုက်ညီမှုမရှိဘဲ မိဘဆွေမျိုး သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ တိုက်တွန်းမှုတွေနဲ့ ဆုံးဖြတ်စီမံတာမျိုးကို ရှောင်ဖို့လိုအပ်ပါတယ်။ သားဆက်ခြားခြင်းနဲ့ မှန်ကန်တဲ့ မိသားစုစီမံကိန်းဟာမိသားစုတိုင်းအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကျန်းမာသာယာတဲ့မိသားစုဘဝကို ရရှိနိုင်စေဖို့ ကြီးမားသောအထောက်အပံ့ဖြစ်နိုင်ပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

http://www.who.int/mediacentre/factsheets/fs351/en/

http://www.health.online/health-wellness/family-planning-and-pregnancy/the-importance-of-family-planning/

https://www.news-medical.net/health/IUD-Advantages-and-Disadvantages.aspx

 

ယခုပုံစံ

19/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်

သားဆက်ခြားဖို့အတွက် စဉ်းစားစရာအဆင့်ဆင့်



Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement