- ပါတနာများစွာနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
- တခြားသော လိင်မှတစ်ဆင့်ကူးဆက်သည့်ရောဂါများ ဖြစ်နေခြင်း
- လိင်ပိုင်းဆိုင်ရာ နောက်ကြောင်းကိစ္စကို မသိသူနှင့် လိင်ဆက်ဆံမိခြင်း
- ငယ်ရွယ်စဉ်ကတည်းကပင် လိင်မှုကိစ္စ၌ ပျော်ပါးခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Genital Warts (လိင်အင်္ဂါကြွက်နို့ ) ကို ဘယ်လိုအတည်ပြုပါသလဲ
ကြွက်နို့ရှိမည်ဟု သံသယရှိသော နေရာတွင် စမ်းသပ်မှုများ ပြုလုပ်ပါလိမ့်မည်။ အကယ်၍ ကြွက်နို့သည့် အမျိုးသမီးခန္ဓာကိုယ်၏အတွင်းထဲထိ ဖြစ်နေပါက တင်ပဆုံတွင်း စစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ ဆရာဝန်မှ အက်စစ်ပျော့ ပျော်ရည်တစ်မျိုးသုတ်လိမ်းပြီးစမ်းပါမည်။ ထိုမှသာ ကြွက်နို့များကို ရှင်းရှင်းလင်းလင်းမြင်ရမည်ဖြစ်သည်။
သားအိမ်ခေါင်းတစ်နေရာမှ ဆဲလ်များရယူရန်အတွက် Swab သုတ်ပြီး နမူနာရယူကာ (Pap Smear) ရောဂါကိုစစ်ဆေးပါလိမ့်မည်။ ထိုစစ်ဆေးမှုဖြင့် HPV ရှိမရှိသိနိုင်ပါသည်။ ထို့အပြင် သင့်ကျန်းမာရေးနှင့် လိင်ဆိုင်ရာအကြောင်းများကို ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသေးသည်။
Genital Warts (လိင်အင်္ဂါကြွက်နို့ ) ကို ဘယ်လိုကုသပါသလဲ
ဆရာဝန်မှ imiquimod (Aldara), podophyllin နှင့် podofilox (Condylox), trichloroacetic acid (TCA) တို့ပါသော ကြွက်နို့လိမ်းဆေးများ ပေးပါလိမ့်မည်။
အညွှန်းစားမပါဘဲ ဝယ်ယူရနိုင်သည့် ကြွက်နို့ဆေးများသည် စိတ်မချရပါ။ အဘယ့်ကြောင့်ဆိုသော် လိင်မအင်္ဂါတစ်ဝိုက်မှ တစ်ရှူးများသည် စိုစွတ်လွန်းသောကြောင့် အထက်ပါဆေးများသုံးလျှင် နာကျင်ကျိန်းစပ်မှုသာ ပိုဖြစ်စေနိုင်ပါသည်။
ကြွက်နိုကြီးများရှိလျှင် သို့မဟုတ် ဆေးမတိုးလျှင် ခွဲစိတ်ဖယ်ရှားရနိုင်ပါသည်။ ကိုယ်ဝန်ရှိသူဆိုပါက ကလေးကိုထိခိုက်စေမည့်ဆေးများအစား ခွဲစိတ်ရန် ညွှန်ကြားပါလိမ့်မည်။ ခွဲစိတ်ဖယ်ရှာခြင်းများတွင် နိုက်ထရိုဂျင်အရည်သုံးပြီး အေးခဲစေခြင်း၊ လေဆာသုံးဖယ်ရှာခြင်းများ ပါဝင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လိင်အင်္ဂါကြွက်နို့ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် လိင်အင်္ဂါကြွက်နို့ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
- လိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးပါ။ လိင်အင်္ဂါကြွက်နို့နှင့် ထိတွေ့နိုင်သည့် အန္တရာယ်ကို သိသိသာသာ လျော့ချပေးပါသည်။
- ထိုင်ပြီးရေချိုးပါ။ အရင်ဆုံး ရေစိမ်ဇလုံးထဲသို့ ရေနွေးနွေးလေးထည့်ပါ။ ထို့နောက် ၁၀ – ၁၅ မိနစ်ခန့် စိမ်ပေးပါ။ နေ့စဉ်ပြုလုပ်ပေးသင့်ပါသည်။
- အပူပေးမီးအိမ် သို့မဟုတ် Hair Dryer သုံးပါ။ ထိုအရာများကိုသုံးပြီး လိင်အင်္ဂါတစ်ဝိုက်ကို အခြောက်ခံနိုင်ပါသည်။ သို့သော် အပူပေးမီးအိမ် သို့မဟုတ် Hair Dryer ကို အရေပြားနှင့် ၄၀ စင်တီအဝေးမှသာထားပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။