backup og meta

မျှဝေပါ။

သားကြောဖြတ်တာနဲ့ ပက်သက်လို့ လေဒီတို့ အမေးများတဲ့ မေးခွန်းများ ။ ။

သားဆက်ခြားတဲ့ နည်းတွေထဲမှာ သားကြောဖြတ်တဲ့ နည်းဟာ နာမည်ကြီးတဲ့ သားဆက်ခြားနည်းတစ်ခုပါ။ ကလေး မလိုချင်လို့သာ လုပ်လိုက်ရပေမယ့် သားကြောဖြတ်တာနဲ့ ပက်သက်လို့ မရှင်းတာတော်တော်များများရှိကြပါတယ်။ လေဒီတို့ စိတ်ထဲ မရှင်းလို့ မေးချင်နေကြတဲ့ မေးခွန်းတွေက ဘာများပါလိမ့်။ ။

၁။ သားကြောဖြတ်တယ်ဆိုတာ ဘာလဲ ။ ။

သားကြောဖြတ်တယ်ဆိုတာ ကလေးယူဖို့ အစီအစဉ် မရှိတော့တဲ့ အမျိုးသမီးတွေမှာ သားဥဆင်းတဲ့ လမ်းကြောင်းဖြစ်တဲ့ သားဥပြွန်ကို ချည်တဲ့နည်းနဲ့ ကိုယ်ဝန် မရတော့အောင် လုပ်ပေးတဲ့ သားဆက်ခြားနည်းတစ်ခုပါ။ ဒါမှသားအိမ်ထဲ သားဥ မဆင်းတော့၊ သုက်ပိုးလည်း သားဥနဲ့ မတွေ့တော့လို့ ကိုယ်ဝန် တစ်ခုဖြစ်မလာတော့ပါဘူး။

၂။ သားကြောဖြတ်ပြီး ကလေးပြန်ယူလို့ရသေးလား။ ။

သားကြောဖြတ်တယ်ဆိုတာ သားဥပြွန်ကို ချည်လိုက်တာဆိုတော့ ချည်ထားတာကို ပြန်ဖြည်လိုက်ရင် ကလေးပြန်ယူလို့ ရတယ်လို့ထင်တတ်ကြပါတယ်။ တကယ်က မရတော့ပါဘူး။ သားကြောဖြတ်တယ်ဆိုတာ ယာယီ လုပ်ထားတာ မဟုတ်တဲ့ အတွက် သားကြောဖြတ်ပြီးရင် ကလေးပြန်ယူလို့ မရတော့ပါဘူး။ ချည်ထားတဲ့အထုံးကို ပြန်ဖြည်လိုက်တယ်ဆိုရင်တောင် ကိုယ်ဝန်ဆောင်နိုင်ဖို့က သိပ်မသေချာတော့ပါဘူး။ ဒါကြောင့် ကလေးယူချင်တယ်လို့ စဉ်းစားထားသေးရင် သားကြောဖြတ်မယ့် အစား တခြားသားဆက်ခြားနည်းတွေကို ဦးစားပေး ရွေးသင့်ပါတယ်။

၃ ။ သားကြောဖြတ်ပြီးရင် လိင်ကိစ္စ စိတ်ဝင်စားတာနည်းသွားပြီးဝလာတတ်လား ။ ။

သားကြောဖြတ်ပြီးရင် လိင်ကိစ္စ စိတ်ဝင်စားမှု နည်းသွားမှာလည်း မဟုတ်သလို ဝလာမှာလည်း မဟုတ်ပါဘူး။ ကိုယ်ဝန် မရနိုင်တော့တဲ့အတွက် လိင်ဆက်ဆံတဲ့အခါလည်း ကိုယ်ဝန်ရမှာ စိတ်ပူစရာ မလိုတော့သလိုဟော်မုန်းလည်း မပါတဲ့အတွက် ကိုယ်အလေးချိန်ကိုလည်း တက်မလာစေပါဘူး။

၄ ။ သားကြောဖြတ်လိုက်ရင် ဓမ္မတာ မမှန်တာမျိုးဖြစ်တတ်လား ။ ။

သားကြောဖြတ်လိုက်တာကြောင့်တော့ ရာသီ မမှန်တာမျိုး မဖြစ်တတ်ပါဘူး။ ဒါပေမယ့် သားကြောမဖြတ်ခင် တားဆေးေသာက်တာတို့ သုံးလခံထိုးဆေးထိုးတာမျိုး လုပ်ထားရင်တော့ သူတို့ရဲ့ အရှိန်နဲ့ ရာသီ မမှန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

၅ ။ သားကြောဖြတ်ရင် နာလား။ ။

သားကြောဖြတ်တာဟာ ခွဲစိတ်ပြီး လုပ်ရတာ ဖြစ်တဲ့အတွက် နာကျင် မှု အနည်းငယ်တော့ ရှိပါတယ်။ ထုံဆေးြဖစ်ဖြစ် မေ့ဆေးြဖစ်ဖြစ် ကြိုက်တာနဲ့ ခွဲစိတ်မှု လုပ်လို့ရပါတယ်။ သားကြောဖြတ်ပြီး ရက်အနည်းငယ်အတွင်းမှာ ခွဲစိတ်ထားတဲ့ဒဏ်ကြောင့် အားနည်းသလို ဖြစ်နေတတ်ပေမယ့် နောက်ပိုင်းကျရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။ ။

၆ ။ သားကြောဖြတ်ပြီး ကိုယ်ဝန်ရရင် ဘယ်လိုလုပ်မလဲ ။ ။

သားကြောဖြတ်တာဟာ ယာယီသားဆက်ခြားနည်း မဟုတ်တဲ့အတွက် ကိုယ်ဝန် ထပ်ရမှာကို စိတ်ပူစရာ မလိုပါဘူး။ သားကြောဖြတ်ပြီး ကိုယ်ဝန် ရတာဟာ မရှိသလောက်ရှားတဲ့ ကိစ္စ တစ်ခုပါ။ ရံဖန်ရံခါမှာ ချည်းထားတဲ့သားဥပြွန်မှာ သားအိမ်နဲ့ဆက်တဲ့ အပေါက်အသစ်ပေါ်လာပြီး ကိုယ်ဝန်ရသွားတတ်ပေမယ့်တော်တော်ဖြစ်ခဲပါတယ်။

၇ ။ သားကြောဖြတ်တာကို ကလေးအများကြီးရှိတဲ့ အမျိုးသမီးတွေ၊ အသက်ကြီးတဲ့ လူတွေကိုပဲ ပေးလုပ်တာလား ။ ။

မဟုတ်ပါဘူး။ ကာယကံရှင်ကသာ ဆန္ဒရှိရင် အသက်အရွယ်မရွေး သားကြောဖြတ်လို့ရပါတယ်။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.fphandbook.org/questions-and-answers-about-female-sterilization Accessed date 24.12.2018

https://www.your-life.com/en/your-questions/sterilisation/Accessed date 24.12.2018

https://www.healthline.com/health/birth-control-female-sterilization#effectsAccessed date 24.12.2018

ယခုပုံစံ

28/02/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement