ဘာကြောင့်လဲ။ သင်သည် ပျော်ရွှင်စရာတဒင်္ဂတွင် ကိုယ်ဝန်တားနည်းလမ်းအကြောင်းစဉ်းစားစရာမလို၊ နေ့စဉ်ကဒ်ဆေးသောက်ဖို့လည်း သတိထားနေစရာမလိုသောကြောင့် ဖြစ်သည်။ ဤနည်းလမ်းသည် ကိုယ်ဝန်တားရာတွင်လည်း အစွမ်းထက်သည်။ ဤနည်းလမ်းကိုသုံးသော သူများ တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ချေမှာ အမျိုးသမီး အယောက် ၁၀၀ တွင် ၁ ယောက်အောက်သာ ရှိသည်။
သုံးလခံဆေးထိုးခြင်း။ ။ မအောင်မြင်သောနှုန်း – ၆ ရာခိုင်နှုန်း
သုံးလခံဆေး (Depo-Provera) သည်နေ့စဉ် ဆေးသောက်ဖို့ မမှတ်မိသော အမျိုးသမီးများအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤထိုးဆေးသည် သုံးလတစ်ကြိမ်သာ ထိုးရန်လိုသည်။ သုံးလခံဆေးတွင် ပရိုဂျက်စတင် ဟော်မုန်းပါဝင်ပြီး ကဒ်ဆေးအာနိသင် နည်းတူ ကိုယ်ဝန်ကို တားဆီးပေးသည်။ ထို့ပြင် ဤဆေးသည် သားအိမ်ကင်ဆာနှင့် သံဓါတ်ချို့တဲ့မှုကိုလည်း ကာကွယ်ပေးနိုင်သည်။ ကိုယ်အလေးချိန်တက်ခြင်း နှင့် ပုံမမှန်ရာသီသွေးဆင်းခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများတော့ ရှိနိုင်ပါသည်။
မိန်းမကိုယ်တွင်း ထည့် အကွင်း ။ ။မအောင်မြင်သောနှုန်း – ၉ ရာခိုင်နှုန်း
မိန်းမကိုယ်တွင်း ထည့်သော အကွင်း (NuvaRing) သည် လစဉ် သုံးပတ်တာကြာ မိန်းမကိုယ်အတွင်း ထည့်ရသော သေးငယ်ပျော့ပျောင်းသော အကွင်းတစ်ခုဖြစ်သည်။ ၎င်းကို ဆရာဝန်ဆေးညွှန်းပါလျှင် ဝယ်ရလွယ်ကူပြီး အလွန်အာနိသင်ထိရောက်ပါသည်။ ၎င်းသည် ပရိုဂျက်စတင်နှင့် အီစထရိုဂျင်ဟော်မုန်းတို့ကို ထုတ်ပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးသည်။ ကဒ်ဆေးနှင့် သုံးလခံဆေး ကဲ့သို့ပင် တူညီသော အကျိုးကျေးဇူး နှင့် ဘေးထွက်ဆိုးကျိုးများစွာ ရှိပါသည်။ ၎င်းသည် မိန်းမကိုယ်အဖြူဆင်းများခြင်း၊ မိန်းမကိုယ်ယားယံခြင်း (သို့) ရောဂါပိုးဝင်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။
Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။