brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Sex toys တွေသုံးရင် STIs တွေ ကင်းပြီတဲ့လား !

လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) တွေက လူအချင်းချင်း ထိတွေ့ဆက်ဆံမှ ကူးစက်နိုင်တာပါ။ ဒါကြောင့် sex toys တွေကို အသုံးပြုမယ်ဆိုရင် STIs တွေ ကူးစက်စရာ မရှိနိုင်လောက်ဘူးလို့ လူတော်တော်များများက ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒီလို ယူဆတဲ့ အယူအဆက တကယ်ပဲ မှန်ရဲ့လား။ Sex toys တွေသုံးရင် STIs တွေ ကင်းပြီတဲ့လား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

Sex toys တွေသုံးရင် STIs တွေ ကင်းပြီတဲ့လား !

Sex toys တွေသုံးရင် STIs တွေ ကင်းပြီတဲ့လား

Sex toys တွေသုံးရင် STIs တွေ ကင်းပြီတဲ့လား ဆိုတော့ မကင်းပါဘူး။ အထူးသဖြင့် Sex toys တွေကို မျှဝေသုံးစွဲမယ်ဆိုရင် လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်နိုင်ခြေကတော့ ရှိတုန်းပါပဲ။ အကြောင်းကတော့ လူအများစုက sex toys တွေ အသုံးပြုတဲ့အခါ အကာအကွယ် သုံးတာမျိုး သိပ်မရှိကြတာကြောင့်ပါ။

နောက်တစ်ချက်ကတော့ sex toys တွေကို သန့်ရှင်းမှု အားနည်းတာကြောင့်ပါ။ Sex toys တွေမှာ ရောဂါပိုးတွေ ကပ်တွယ်နေပြီး လူတစ်ဦးကနေ တစ်ဦးဆီကို ကူးစက်တာပါ။

ဒါဆို sex toys တွေက စိတ်မချရဘူးလားဆိုတော့ မဟုတ်ပါဘူး။ တကယ်ကတော့ Sex Toys တွေက ဘေးကင်းပါတယ်။ သန့်ရှင်းမှု အားနည်းတာ၊ တစ်ဦးနဲ့တစ်ဦး မျှဝေသုံးစွဲတာတွေကြောင့်ပဲ သွေးကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်တာပါ။

Sex Toys တွေကြောင့် STIs တွေ မကူးစက်စေဖို့

Sex Toys တွေကြောင့် STIs တွေ မကူးစက်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။

  • သန့်စင်ပါ

အသုံးပြုပြီးတိုင်းမှာ sex toys တွေကို သေချာလေး သန့်ရှင်းပါ။ တစ်ကြိမ် အသုံးပြုပြီးတိုင်း တစ်ကြိမ် သေချာလေး သန့်ရှင်းပေးပါ။

  • အကာအကွယ်သုံးပါ

ထိုးသွင်း အသုံးပြုရတဲ့ sex toys တွေကို အကာအကွယ် သုံးပါ။ အသုံးပြုတိုင်းမှာ ကွန်ဒုံးကို အသုံးပြုပေးပါ။ ဒီလို အသုံးပြုတဲ့အခါမှာလည်း ကွန်ဒုံး အသစ်ကို သုံးပေးပါ။ ဒါမှ ရောဂါကူးစက်မှုတွေကို ကာကွယ်နိုင်မှာပါ။

  • မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့

Sex toys တွေကို တစ်ဦးနဲ့ တစ်ဦး မျှဝေသုံးစွဲတာက ရောဂါပိုးတွေကို ဖြန့်ဝေနေသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) နဲ့ အခြား ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ဆိုရင် sex toys တွေကို မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။

  • ပွန်းပဲ့ထားတာတွေ ရှိလား စစ်ပါ

Sex Toys တွေမှာ ပွန်းပဲ့ထားတာတွေ ရှိလားဆိုတာကို စစ်ဆေးပါ။ ဒီလိုပွန်းပဲ့ထားတဲ့ အရာတွေထဲမှာ ပိုးမွှားတွေ ခိုနေတတ်ပြီး ကူးစက်စေနိုင်လို့ပါ။ ဒါကြောင့် အသုံးမပြုခင်မှာ သေချာ စစ်ဆေးပါ။

  • ထိခိုက်မိထားတာတွေ ရှိလား စစ်ပါ

ကိုယ့်ရဲ့ မျိုးပွားအင်္ဂါတဝိုက် နဲ့ စအိုတဝိုက်မှာ ထိခိုက်ပွန်းရှထားတာတွေ ရှိလားဆိုတာကို စစ်ဆေးပါ။ အရေပြားပေါက်ပြဲဒဏ်ရာတွေကနေဆင့် သွေးကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်နိုင်လို့ပါ။

  • ခြောက်သွေ့အောင် ထားပါ

Sex Toys တွေကို အသုံးပြုပြီးတိုင်းမှာ သေချာလေး ခြောက်သွေ့အောင် ထားပါ။ ဒါမှ မှိုပေါက်ဖွားမှု ကင်းပြီး မှိုပိုးကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ကင်းဝေးစေမှာပါ။

  • အသုံးပြုပြီးတိုင်းမှာ သန့်ရှင်းရေး လုပ်ပါ

Sex Toys တွေကို အသုံးပြုပြီးတိုင်းမှာ မျိုးပွားအင်္ဂါ နဲ့ စအိုတဝိုက်တို့ကို သေချာလေး သန့်ရှင်းရေး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ဆီးလမ်းကြောင်း ပိုးဝင်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

  • ဓာတ်မတည့်မှု သတိပြုပါ
တကယ်လို့ ကိုယ်တိုင်က latex နဲ့ ဓာတ်မတည့်တာမျိုး ရှိမယ်ဆိုရင် latex နဲ့ လုပ်ထားတဲ့ Sex Toys တွေကို အသုံးပြုတာမျိုး မလုပ်ပါနဲ့။ အရေပြား ဓာတ်မတည့်တာအပါအဝင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။

Sex toys တွေကနေတဆင့် ဘာရောဂါတွေ ကူးစက်နိုင်လဲ

Sex Toys တွေကနေတဆင့်

  • Chlamydia (ကလိုင်မိုင်ဒီးယား)
  • Syphilis ( ကာလသားရောဂါ)
  • Herpes ( ရေယုန်)
  • Bacterial vaginosis ( မိန်းမကိုယ် ဘက်တီးရီးယား ပိုးဝင်ရောင်ရမ်းခြင်း)
  • Shigella
  • အသည်းရောင် အသားဝါ ဘီပိုး
  • အသည်းရောင် အသားဝါ စီပိုး
  • HIV ဗိုင်းရပ်စ် စတာတွေ ကူးစက်နိုင်ပါတယ်။

ဒါတွေအပြင် ဆီးလမ်းကြောင်း ပိုးဝင်တာ၊ မှိုပိုးကူးစက်တာတွေကိုပါ ခံစားရနိုင်ပါတယ်။

ဒါကြောင့် Sex Toys တွေကနေလည်း ရောဂါပိုးတွေ ကူးစက်နိုင်တာကြောင့် ဘေးကင်းစိတ်ချရအောင် အပေါ်မှာ ပြောခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်နာ အသုံးပြုစေချင်ပါတယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/03/2024 ဖြစ်ပါသည်။