သုက်ပို့ပြွန်အတွင်းမှာ ကျန်းမာပြီး ရွေ့လျားနိုင်စွမ်းကောင်းတဲ့ သုက်ပိုးတွေဟာ အမြဲစုနေတဲ့အတွက် သုက်မလွှတ်တာ အချိန်ကြာတာနဲ့အမျှ မျိုးအောင်နိုင်စွမ်း ပိုပြီးမြင့်တက်လာနိုင်ပါတယ်။ ကိုယ်ဝန်ယူဖို့အတွက် ပြင်ဆင်နေတဲ့ အိမ်ထောင်ေတွဆိုရင် လိင်မှုဆက်ဆံအပြီး ရက်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးမှ နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားသင့်ပါတယ်။
မကြာခဏ သုက်လွှတ်တဲ့အခါ ကိုယ့်အိမ်ထောင်ဖက်နဲ့ ဆက်ဆံအပြီး သုက်ကောင်ရည်ထွက်နှုန်းဟာ သိသိသာသာ ကျသွားပါတယ်။ ကိုယ်ခန္ဓာက သုက်ပိုးကောင်ရည်ကို လျင်မြန်စွာ ထုတ်လွှတ်ပေးနိုင်ပေမဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ကိုယ်ဝန်ရနိုင်ခြေ ပိုပြီးမြင့်တက်စေလိုတယ်ဆိုရင်တော့ ရက်အနည်းငယ် စောင့်ဆိုင်းပြီး လိင်ဆက်ဆံခြင်း၊ တစ်ကိုယ်ရေ အာသာဖြေခြင်း အစရှိတဲ့ သုက်ထွက်စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်သင့်ပါတယ်။
သုက်ပိုးတွေ ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံကတော့
၁။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
၂။ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အပြုအမူတွေကို ရှောင်ပါ။
၃။ နေ့စဉ်အစာအာဟာရမှာ ဗီတာမင် စီ နဲ့ ဗီတာမင် ဒီ ကို မဖြစ်မနေ ပါဝင်အောင်စားပေးပါ။
၄။ ဆေးလိပ်ဖြတ်ပါ။
၅။ အရက်ကို နည်းနိုင်သမျှနည်းအောင် လျှော့သောက်ပါ။
၆။ ချောင်ချိတဲ့ အဝတ်အစားနဲ့ အတွင်းခံဘောင်းဘီကို ဝတ်ဆင်ပါ။
၇။ စက်ဘီးကို အချိန်အကြာကြီးစီးခြင်း၊ မကြာခဏ ရေပူစိမ်တဲ့အခါမှာ သုက်ပိုးတွေဟာ သေသွားနိုင်တဲ့အတွက် တတ်နိုင်သလောက် လျှော့ပေးပါ။
ကိုယ်ဝန်ရနိုင်ခြေကို မြင့်တက်စေဖို့အတွက်
၁။ တစ်ပတ်လျှင် ၂ကြိမ်မှ ၃ကြိမ် လိင်ဆက်ဆံပေးပါ။
၂။ လိင်ဆက်ဆံအပြီး ကြားထဲမှာ ၂ရက် ၃ရက်ခန့် စောင့်ပြီး သုက်ပိုးတွေကို အားပြန်မွေးပါ။
၃။ ဆီအခြေပြု ချောဆီတွေကို တတ်နိုင်သလောက် ရှောင်ပါ။
၄။ ကိုယ့်ရဲ့ သုက်ပိုးကျန်းမာရေးကို ဆရာဝန်ထံမှာ ပုံမှန် စစ်ဆေးလေ့လာမှု ပြုလုပ်ပေးပါ။
အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် ကိုယ်ခန္ဓာဟာ သုက်ပိုးတွေကို နေ့စဉ်ထုတ်လုပ်ပေးပြီး ကျန်းမာတဲ့ သုက်ပိုးတွေဖြစ်စေဖို့ ၆၄ ရက်ထိ ကြာမြင့်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ နေ့စဉ် နေထိုင်စားသောက်ပုံတွေ၊ သုက်လွှတ်တဲ့အကြိမ်ရေဟာလည်း မျိုးအောင်နိုင်စွမ်းအပေါ် အများကြီး သက်ရောက်မှုရှိစေပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့နဲ့ သာယာလှပတဲ့ မိသားစုဘဝလေး ဖန်တီးနိုင်ဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့၊ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို အဓိကစားပေးဖို့နဲ့ ကိုယ်ချစ်ရတဲ့သူနဲ့ မှန်မှန်လေး လိင်ဆက်ဆံပေးဖို့ အရေးကြီးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။