backup og meta

Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ကဘာလဲ။

အဆုတ်ရောင်ခြင်းဆိုတာ အဆုတ်မှာ ပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ ပုံစံကွဲအဆုတ်ရောင်ခြင်းဟာ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်း မဟုတ်ပါဘူး။ ပုံမှန်အဆုတ်ရောင်ခြင်းဟာ ပုံစံကွဲအဆုတ်ရောင်ခြင်းထက် ပိုပြင်းထန်ပါတယ်။

ဒီအမျိုးအစားကို တခါတရံမှာ လမ်းလျှောက်အဆုတ်ရောင်ခြင်းလို့ ခေါ်ပါတယ်။ အဲဒီရောဂါဖြစ်ချိန်မှာ အနားယူဖို့ ဆေးရုံတက်ဖို့ မလိုသလောက်ဖြစ်လို့ ဖြစ်ပါတယ်။

Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အတွေ့နည်းပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ချမ်းတုန်ခြင်း
  • ချောင်းဆိုးခြင်း (တခါတရံမှာ သွေးပါတဲ့ အချွဲတွေ ပါလာတတ်ပါတယ်)
  • ဖျားခြင်း
  • အသက်ရှူရခက်ခြင်း

တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ရင်ဘတ်အောင့်ခြင်း၊ အသက်ပြင်းပြင်းရှူတဲ့အခါ ချောင်းဆိုးတဲ့အခါ ပိုအောင့်လာခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • ခေါင်းကိုက်ခြင်း
  • အစားပျက်ခြင်း၊ အားကုန်ခြင်း၊ ပင်ပန်းခြင်း
  • ကြွက်သားများကိုက်ခဲပြီး အဆစ်များ တောင့်တင်းခြင်း
  • ချွေးထွက်ပြီး အသားများစေးကပ်ခြင်း

တွေ့ရနည်းတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဝမ်းလျှောခြင်း
  • နားကိုက်ခြင်း
  • မျက်လုံးအောင့်ခြင်း၊ နာခြင်း
  • လည်ပင်းရောင်လာခြင်း
  • အစက်အပြောက်ထွက်ခြင်း
  • လည်ချောင်းနြာခ်ငး

Mycoplasma နဲ့ chlamydophila ဘက်တီးရီယားပိုးကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်းဟာ သိပ်မပြင်းထန်ပါဘူး။ legionella ကြောင့် ဖြစ်တဲ့ အဆုတ်ရောင်ခြင်းဟာ ပထမ ၄-၆ရက်အတွင်း ပိုဆိုးလာပြီး နောက် ၄-၅ရက်လောက်မှာ သက်သာသွားတတ်ပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါအချက်တွေရှိရင် ဆရာဝန်ပြပါ။

  • ချောင်းဆိုးလျှင် အသက်ရှူလျှင် ရင်ဘတ်အောင့်ခြင်း
  • အသက်ရှူရခက်ခြင်း
  • ချောင်းဆိုးသောကြောင့် အိပ်မရခြင်း

သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အောက်ပါဘက်တီးရီးယားတမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်

  • Legionella pneumophila (L. pneumophila)
  • Mycoplasma pneumoniae (M. pneumoniae)
  • Chlamydophila pneumonia (C. pneumoniae)

Mycoplasma အဆုတ်ရောင်ခြင်း

အသက် ၄၀အောက်မှာ ဖြစ်တတ်ပါတယ်။ နှစ်စဉ် လူ၂သန်းခန့် အနည်းဆုံး ဖြစ်ပွားတတ်ပါတယ်။

ကျောင်း၊ အကျဉ်းထောင်၊ စုဝေးနေထိုင်ကြတဲအိမ် စတဲ့လူထူတဲ့နေရာတွေမှာ နေသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူအများဟာ ဖြစ်နိုင်ခြေအချက်တွေ မတွေ့ရဘဲလည်း ရောဂါတွေ့ရတတ်ပါတယ်။

Legionella အဆုတ်ရောင်ခြင်း

လီဂျင်နဲရောဂါလို့လည်း ခေါ်ကြပါတယ်။ ရောဂါပိုးပါတဲ့ရေငွေ့ကို ရှူမိရင် ဖြစ်တတ်ပါတယ်။ ဒီရောဂါပိုးကို အဆောက်အဦတွေရဲ့ ရေပေးဝေရေးစနစ်တွေထဲမှာ တွေ့ရတတ်ပါတယ်။ တခြားအမျိုးအစားထက် ပိုဆိုးတတ်ပါတယ်။

တနေရာထဲက လူ၂ယောက် ပုံစံတူဖြစ်ရင် ဒီရောဂါပြန့်နှံ့မှုကြောင့် ဖြစ်တတ်ပါတယ်။ ဒေသန္တရ ကျန်းမာရေးဌာနတွေက ဖြစ်ပါားနိုင်ခြေရှိရင် စစ်ဆေးပါလိမ့်မယ်။

ဒီရောဂါပိုးကို ထိတွေ့သူမှန်သမျှ ဖြစ်ပွားတာတော့ မဟုတ်ပါဘူး။ Pontiac ဖျားခြင်းဟာ ဒီရောဂါပိုးကြောင့် ဖြစ်ပါားတတ်တဲ့ အဆုတ်ရောင်ခြင်းလောက် မပြင်းထန်တဲ့ အခြေအနေဖြစ်ပါတယ်။ Pontiac အဖျားရှိရင် အဆုတ်မရောင်ပါဘူး။ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲနေခြင်း ရှိတတ်ပါတယ်။ ဒီရောဂါပိုးကို ထိတွေ့မှုဖြစ်တယ်ထင်ရင် ဆရာဝန်ပြပါ။

Chlamydophila အဆုတ်ရောင်ခြင်း

ဒီရောဂါဟာ တနှစ်ပတ်လုံး ဘယ်အချိန်မှာမဆို ဖြစ်တတ်ပါတယ်။ ရောဂါအခြေအနေ သိပ်မပြင်းထန်ပါဘူး။

ကျောင်းနေအရွယ်ကလေးတွေမြှ ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ ၅၀%လောက်ဟာ အသက်၂၀မှာ ဒီရောဂါဖြစ်ဖူးခဲ့ကြပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • ဆေးလိပ်သောက်ခြင်း
  • အသက်အရွယ်ကြီးခြင်း
  • ကိုယ်ခံအားနည်းခြင်း
  • အခြား နာတာရှည်ရောဂါများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ ဓါတ်မှန်ရိုက်ပါလိမ့်မယ်။ ရင်ဘတ်ဓါတ်မှန်ဟာ အဆုတ်ရောင်ခြင်းနဲ့ တခြား အသက်ရှူလမ်းကြောင်း ပြသနာတွေကို ခွဲခြားနိုင်ပါတယ်။

လက္ခဏာတွေပေါ် မူတည်ပြီး တခြားစစ်ဆေးမှုတွေ လိုအပ်ပါတယ်။ အောက်ပါစစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။

  • အဆုတ်မှထွက်သော အချွဲတွင် ပိုးမွေးကြည့်ခြင်း
  • သလိပ်ကိုဆေးဆိုး၍ စစ်ဆေးခြင်း
  • လည်ချောင်းသလိပ်ယူခြင်း
  • သွေးစစ်ခြင်း
  • ခုခံပစ္စည်းကို သွေးထဲမှ စစ်ဆေးခြင်း

သွေးမှပိုးမွေးစစ်ဆေးခြင်း

Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ရောဂါပိုးအပေါ် မူတည်ပြီး ကုသပါလိမ့်မယ်။ သိပ်မပြင်းထန်ရင် ပဋိဇီဝဆေးကို သောက်ဆေး ပေးပါလိမ့်မယ်။ ပိုဆိုးရင် ဆေးသွင်းပါလိမ့်မယ်။ ပဋိဇီဝဆေးတွေကို အနည်းဆုံး ၂ပတ် သောက်သုံးရနိုင်ပါတယ်။ နေကောင်းတယ်ထင်ရင်တောင် ဆေးအားလုံးကို ကုန်အောင်သောက်ပါ။ ဆေးကိုရပ်တာမြန်ရင် ပြန်ဖြစ်တဲ့အခါ ကုရပိုခက်သွားပါတယ်။

ပိုပြီးဆိုးရားတဲ့လူနာတချို့ဟာ အောက်ဆီဂျင်ရှူဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပုံစံကွဲအဆုတ်ရောင်ခြင်းအတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • ဖျားနာတဲ့အခါ အဖျားကျဆေးတွေသောက်ပါ။ ကလေးတွေကို အက်စ်ပရင် မတိုက်ပါနဲ့။
  • ဆရာဝန်မပြဘဲ ချောင်းဆိုးပျောက်ဆေးတွေ မသောက်ပါနဲ့။ သလိပ်ရယူဖို့ ခက်ခဲတတ်ပါတယ်။
  • ချွဲပျော်ပြီး သလိပ်ခတ်နိုင်အောင် အရည်များများ သောက်ပါ။
  • များများ အနားယူပါ။ ကူဖော်လောင်ဖက်ခေါ်ထားပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
1. Atypical pneumonia. https://medlineplus.gov/ency/article/000079.htm. Accessed 3 Mar 2017
2. Atypical Pneumonia (Walking Pneumonia). http://my.clevelandclinic.org/health/articles/atypical-pneumonia-walking-pneumonia. Accessed 3 Mar 2017
3. Atypical Pneumonia. http://www.healthline.com/health/atypical-pneumonia?s_con_rec=true#Diagnosis5

ယခုပုံစံ

13/09/2019

Written by Dr. Thant Zin

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement