backup og meta

Pneumonitis (အဆုတ်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pneumonitis (အဆုတ်ရောင်ခြင်း ) ကဘာလဲ။

Pemphigus ဆိုတာ ရှားပါးတဲ့ အရေပြားရောဂါဖြစ်ပြီး အရေပြားနဲ့ ဂလင်းအလွှာတွေဖြစ်တဲ့ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ အနာတွေ အရည်ကြည်ဖုတွေပေါက်လာတမျိုးဖြစ်ပါတယ်။

အဓိကအားဖြင့်၂မျိုးရှိပါတယ်။pemphigus vulgaris နဲ့ pemphigus foliaceus တို့ဖြစ်ပါတယ်။

Pemphigus vulgaris ကတော့ ပါးစပ်မှာစဖြစ်ပြီး နာပါတယ်။Pemphigus foliaceus ကတော့ အရေပြားကိုအဓိကတိုက်ပြီး နာတာထက်ယားတာပိုများပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာဖြစ်တာများပါတယ်။

Pneumonitis (အဆုတ်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အလွန်အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။

ဖြစ်နိုင်ချေများစေတဲ့အချက်တွေ ရှောင်ပြီး နေလို့ရနိုင်ပါတယ်။ အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

PasteTextHere

လက္ခဏာများ

Pneumonitis (အဆုတ်ရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Pemphigus ရဲ့ လက္ခဏာတွေကတော့ –

အရေပြားနဲ့ ဂလင်းအလွှာတွေမှာ အရည်ကြည်ဖုတွေပေါက်တာဟာ သူ့ရဲ့လက္ခဏာပါ။ အဲ့ဒါတွေဟာ ပေါက်လွယ်ပြီး အနာပွင့်တစ်ခုဖြစ်ကာ အရည်ကြည်ထွက် ပိုးဝင်တာမျိုးဖြစ်တတ်ပါတယ်။

Pemphigus နှစ်မျိုးရဲ့ အဓိက လက္ခဏာတွေကတော့ –

Pemphigus vulgaris : အရေပြားနဲ့ ဂလင်းအလွှာတွေဖြစ်တဲ့ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ အနာတွေ အရည်ကြည်ဖုတွေပေါက်လာပြီး နာတတ်ပါတယ်။ ယားတာတော့မရှိပါဘူး။ အရည်ကြည်ဖုတွေဟာ လည်ချောင်းမှာပေါက်နေရင် စားရမျိုချရတာတွေ ခက်ခဲနိုင်ပါတယ်။

Pemphigus foliaceus : ဂလင်းအလွှာတွေကို မထိခိုက်ပဲ နာလည်းမနာတတ်ပါ။ အရေပြားမှာ အဓိကဖြစ်ပြီး ရင်ဘတ်ကျောဘက်နဲ့ ပုခုံးဘက်တွေမှာ ပေါက်တတ်ပါတယ်။ ဒါတွေဟာ အရေပြားကိုကွဲလွယ်စေပြီး ယားစေတတ်ပါတယ်။

အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

ပါးစပ်နဲ့ အရေပြားမှာ အရည်ကြည်ဖုတွေတွေ့လာပြီဆိုရင် ပြသသင့်ပါတယ်။ တကယ်လို့ Pemphigus ဖြစ်နေပြီး ကုသမှုလည်းခံယူနေတယ်ဆိုရင် အောက်ပါအချက်တွေတွေ့တဲ့ အခါပြသပါ။

– အရည်ကြည်ဖုအသစ်တွေတွေ့လာခြင်း

– ပြန့်ပွားမှုမြန်လာခြင်း

– ပိုးဝင်လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း နီရဲယောင်ယမ်းခြင်း

– ချမ်းတုန်ဖျားခြင်း

– ကြွက်သားနဲ့ အဆစ်များ နာကျင်ကိုက်ခဲခြင်း

စတာတွေဖြစ်ပါတယ်။

အကြောင်းရင်းများ

Pneumonitis (အဆုတ်ရောင်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ကိုယ်ခံအားစနစိချို့ယွင်းပြီး မိမိခန္ဓါကိုယ်ကိုပြန်တိုက်တဲ့( auto immue ) ရောဂါဖြစ်ပါတယ်။ အရမ်းအဆိုးရွားကြီးမဟုတ်ပေမယ့် ဘယ်အရာကဖြစ်စေသလဲဆိုတာတော့ မသိရသေးပါဘူး။

ပုံမှန်အားဖြင့် သင့်ကိုယ်ခံအားစနစ်က အပြင်က ရောဂါတွေဖြစ်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို တိုက်လေ့ရှိပါတယ်။ Pemphigus ဖြစ်ရင်တော့ သင့်ခန္ဓါကိုယ်က ကောင်းနေတဲ့ ဆဲလ်တွေကိုတိုက်ဖို့ antibodies တွေထုတ်လိုက်ပါတယ်။

ရှားပါးဖြစ်စဉ်အနေနဲ့ Pemphigusက ဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိူ းအနေနဲ့ ထွက်ပေါ်နိုင်ပါတယ်။ဥပမာ သွေးဖိအားနဲ့ပတ်သက်တဲ့ဆေးတွေဖြစ်ပါတယ်။ ဒီလိုဟာတွေကတော့ ဆေးရပ်လိုက်တာနဲ့ ပြန်ကောင်းလာနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Pneumonitis (အဆုတ်ရောင်ခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေက ဖြစ်စေပါတယ်။

သင်အသက်ကြီးလာလေ ဖြစ်နိုင်ချေမြင့်လာလေဖြစ်ပြီး ဂျူ းလူမျိူ းတွေမှာတော့ pemphigus vulgaris ဖြစ်တာပိုများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pneumonitis (အဆုတ်ရောင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

အရည်ကြည်ဖုတွေဆိုတာအခြေအနေမျိုးစုံမှာဖြစ်နိုင်တဲ့အတွက် စမ်းသပ်ဖို့ကလည်း ခက်ခဲပါတယ်။ ဆရာဝန်က ပြည့်စုံတဲ့ ရာဇဝင်ကိုမေးမြန်းပြီး အရေပြားနဲ့ ပါးစပ်ကိုစစ်ဆေးပါလိမ့်မယ်။ ဒါတွေအပြင်

  • အရေပြားစခြစ်ယူခြင်း

ဂွမ်းစ ဒါမှမဟုတ်လက်နဲ့ အနာဘေးနားက အရေပြားအကောင်းကို အနည်းငယ်ခြစ်ယူခြင်း ဖြစ်ပါတယ်။Pemphigus ဖြစ်နေတယ်ဆိုရင် အရေပြားက ကွာလွယ်ပါတယ်။

  • အရေပြားစယူစစ်ဆေးနည်း

ဒီနည်းက အရေကြည်ဖုထတဲ့နေရာက အရေပြားစကိုယူပြီး microscope အောက်မှာကြည်ါတာဖြစ်ပါတယ်။

  • သွေးစစ်ခြင်း

ဒီနည်းရဲ့ ရည်ရွယ်ချက်ကတော့ သွေးထဲက antibodies တွေကို ကြည့်တာဖြစ်ပါတယါ။Desmoglein လို့သိကြပါတယ်။Penphigus ဖြစ်တဲ့အခါ desmoglein အရေအတွက်က များနေပါတယ်။ ရောဂါသက်သာတဲ့အခါမှာတော့ ပြန်လျော့သွားတတ်ပါတယ်။

  • ပြွန်ထည့်စစ်ဆေးခြင်း

pemphigus vulgaris, ဖြစ်တဲ့အခါ သင့်ဆရာဝန်က ပါးစပ်က အနာတွေကြည့်ဖို့အတွက်ဒီနည်းသုံးနိုင်ပါတယ်။ ပျော့ပြောင်းလွယ်တဲ့ပြွန်ကလေးကို ပါးစပ်ကနေထည့်ကြည့်တာဖြစ်ပါတယ်။

Pneumonitis (အဆုတ်ရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

ရောဂါလက္ခဏာသက်သာစေဖို့န့ အခြားအရာတွေထပ်မဖြစ်အောင် တားဖို့ဆေးပေးတာကနေစပါတယ်။ မြန်မြန်ကုလေကောင်းလေဖြစ်ပါတယ်။ ဆေးရုံတက်ရနိုင်တာလည်း ဖြစ်သွားနိုင်ပါတယ်။ အသက်အန္တရာယ်ပါခြိမ်းခြောက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။

  • ဆေးဝါးများ

သင့်ရောဂါအခြေအနေကို မူတည်ပြီး အောက်ပါဆေးတွေကို တစ်ခုချင်းဒါမှမဟုတ် ပေါင်းပေးနိင်ပါတယ်။

Corticosteroid : အပျော့စားလူနာတွေမှာ စတီးရွှိက်ဆေးခရမ်ပေးရုံနဲ့ ရပါတယ်။ အခြားလူတွေမှာတော့ prednisolone ဆေးတွေပေးနိုင်ပါတယ်။

Corticosteroid ဆေးတွေပေးတာဟာ ဆိုးကျိုးကြီးကြီးမားမားဖြစ်စေပါတယ်။ သွေးပေါင်ကျတာ အရိုးပါးတာ ရေတိမ် glaucoma အဆီစုခြင်း (moon face ) စတာတွေဖြစ်ပွားနိုက်ပါတယ်။

Immunosuppressants : Azathioprine (Imuran) ဒါမှမဟုတ် mycophenolate mofetil (CellCept) ဆေးတွေက တစ်ရှူ းကောင်းတွေကို လိုက်တိုက်နေတဲ့ ကိုယ်ခံအား စနစ်ကိုလျော့ချပေးနိုင်ပါတယ်။

ဒါပေမယ့် အခြားရောဂါတွေဝင်လာနိင်တဲ့ဆိုးကျိုးတွေရှိပါတယ်။

Biological therapies : အခြားဆေးတွေမတိုးရင် rituximab (Rituxan) ဆေးပေးနိုင်ပါတယ်။ အကြောဆေးဖြစ်ပြီး ရောဂါဖြစ်စေတဲ့ သွေးဖြူ ဥတွေကို အဓိကတိုက်ပါတယ်။

Antibiotics, antivirals and antifungal ဆေးတွေကို ပိုးမဝင်အောင် ပေးကြပါတယ်။

  • အခြားဆေးဝါးများ :

ကိုယ်ခံအားစနစ်ကို ပြောင်းလဲသောအခြားဆေးဝါးများက ထိရောက်နိင်ပါတယ်။ dapsone နှင့် အကြောသွင်း immunoglobulin စတာတွေ ပါဝင်ပါတယ်

  • ဆေးရုံတက်ခြင်း

pemphigus ရဲ့ ကုထုံးတွေမှာ ဆေးရုံတက်ဖို့ လိုအပ်နိုင်ပါသည်။ အထက်တွင်ဖော်ပြထားသောဆေးဝါးများနှင့်အတူ :

  • အရည်များ။

အနာစိမ်းတွေက သင့်ခန္ဓါကိုယ်ကနေအရည်ဆုံးရှုံးမှုများနိုင်ပါတယ်။ အရည်အစားထိုးကုသမှုက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ သွေးကြော မှတဆင့်ဆေးရည်သွင်းနိုင်ပါတယ်။

သွေးကြောမှ အစာ ထည့်သွင်းခြင်း : ပါးစပ်အနာစိမ်းက အစာ စားတဲ့အခါ အလွန်နာရင် ဒီနည်းလိုအပ်နိုင်ပါတယ်။

သင်သည်သင်၏နှာခေါင်းမှတဆင် အစာအိမ်ထိ ပြွန်မှတဆင့်အရည်များနဲ့အာဟာရတွေကို အစာမစားရမချင်း ထည့်သွင်းပေးတာဖြစ်ပါတယ်။

ပါးစပ်အတွက် ထုံဆေးများ ။ သိပ်မဆိုးတဲ့ ပါးစပ်အနာစိမ်းများ နာကျင်တာကို ကူညီပေးနိုင်ပါတယ်။

Theraputic plasmapheresis ။ ဤလုပ်ငန်းစဉ်များတွင်ပလာစမာလို့ခေါ်တဲ့ သင့်သွေး အရည်အစိတ်အပိုင်းတစ်ခုကို cell separator device နဲ့ ဖယ်ရှားတာဖြစ်ပါတယ်။ ရည်ရွယ်ချက်သည် သင်၏အသားအရေကို တိုက်ခိုက်နေသောပဋိပစ္စည်းတွေကို ဖယ်ရှားပစ်ရန်ဖြစ်ပါသည်။ အဆိုပါပလာစမာကို လှူဒါန်းထားတဲ့ ပလာစမာသို့မဟုတ်သွေးကြောသွင်းအရည်များဖြင့်အစားထိုးနိုင်ပါတယ်။

  • အနာကုသမှု

အရည်ကြည်ဖုများနှင့်အနာစိမ်းတွေကို ရေချိုးတာနဲ့ နှင့် ဂွမ်းသိပ်ခြင်းဖြင့် ပျောက်အောင်ကုပေးနိုင်ပါတယ်။

ဒါဟာနှစ်ချိ ကြာနိုင်ပေမယ့်လူအတော်များများ, ကုသပျောက်ကင်းပါတယ်။

အခြားသူများကတော့ရောဂါပြန်မဖြစ်ဖို့ ဆေးပမာဏနည်းနည်းကိုစွဲသောက်နေရတတ်ပါတယ်။

နထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ

Pemphigus နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?

အောက်ပါ နေထိုင်မှုပုံစံတွေက Pemphigus နဲ့ သင့်တော်ပါတယ်။

သင့်ရဲ့အသားအရေနဲ့ကျန်းမာရေးတိုးတက်လာဖို့နည်းတွေကတော့

သင့်ရဲ့ဆရာဝန်၏ ညွှန်ကြားချက်ကိုလိုက်နာပါ။ သင့်ရဲ့ဒဏ်ရာတွေကို ကောင်းကောင်းစောင့်ရှောက်မှုယူတာက ပိုးကူးစက်မှုများနှင့်အမာရွတ်ဖြစ်တာကို တားဆီးကူညီပေးနိုင်ပါတယ်။

talcum အမှုန့်ကိုသုံးပါ။ talcum အမှုန့်ဖြန်းတာက အရည်စိမ့်ပြီး အသားအရေ ကပ်စေးနေတာကို ကာကွယ်နိုင်ပါတယ်။

သတ်မှတ်ထားသည့်အတိုင်းသင့်ရဲ့ဆေးဝါးကို သောက်ပါ။

ရပ်တန့်တာ သို့မဟုတ်ဆေး ပြောင်းလဲတာက သင့်ရဲ့အခြေအနေပိုဆိုးလာစေနိုင်ပါတယ်။

သန့်ရှင်းသောလက်သုတ်ပုဝါပိတ်နှင့်အဝတ်အစား။ ဤပစ္စည်းများကိုမကြာခဏသန့်ရှင်းရေးလုပ်တာဟာ ကူးစက်ရောဂါ ဖြစ်တာကနေ တားဆီးကူညီပေးသည်။ ဒါ့အပြင်အခြားသူများနှင့်ထိုကဲ့သို့သောပစ္စည်းများကိုမဝေငပါနှင့် ။

သင့်ရဲ့အသားအရေကိုကာကွယ်ပါ။ အားကစားလုပ်ခြင်းသို့မဟုတ် hot tub အသုံးပြုတာလို သင့်အနာကိုထိခိုက်တာ သို့မဟုတ်ညစ်ညမ်းစေတာကို ရှောင်ကြဉ်ပါ။

အချို့ သောအစားအစာများကိုရှောင်ကြဉ်ပါ။ သင်၏နှုတ်၌အရည်ကြည်ဖုဖြစ်ပေါ်ရင် ကြက်သွန်ဖြူ, ကြက်သွန်နီနှင့် ပွန်းပဲ့စေတဲ့ စားအစာများကိုရှောင်ပါ။

နေရောင်ထိတွေ့မှု လျော့ချပါ။ ခရမ်းလွန်ရောင်ခြည်က အရည်ကြည်ဖုဖြစ်စေနိုင်သည်။

ကောင်းသောခံတွင်းကျန်းမာရေးကိုထိန်းသိမ်းဖို့

အကြောင်းကိုသင့်ရဲ့သွားဆရာဝန်နှင့်အတူပြောဆိုပါ။ ပါးစပ်မှာ အရည်ကြည်ဖုရှိပါက စနစ်တကျ သွားတိုက်ရန်ခက်ခဲပေမည်။ ပါးစပ်ကျန်းမာရေးကာကွယ်စောင့်ရှောက်ဖို့အသင့်ရဲ့သွားဆရာဝန်ကိုမေးပါ။

ကယ်လစီယမ်နဲ့ဗီတာမင် D ကိုဖြည့်စွက်လိုအပ်တယ်ဆိုရင်သင့်ဆရာဝန်ကိုမေးပါ။ Corticosteroids က သင့်ရဲ့ကယ်လစီယမ်နဲ့ဗီတာမင် D ကိုလိုအပ်ချက်အပေါ်သက်ရောက်မှုရှိပါတယ်။ ဒါကြောင့်သင်ကကယ်လ်စီယမ်ဖြည့်စွက်ဖို့ သို့မဟုတ်အခြားအပိုဆောင်းအာဟာရလိုအပ်တယ်ဆိုရင်သင့်ဆရာဝန်ကိုမေးလို့ရပါတယ်။

သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pneumonitis. https://www.mayoclinic.org/diseases-conditions/pneumonitis/diagnosis-treatment/drc-20352628. Accessed October 19, 2017
Pneumonitis. https://www.healthline.com/health/pneumonitis#outlook9. Accessed October 19, 2017

ယခုပုံစံ

12/05/2020

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေပြွန်ရောင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးအချို့

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement