အရွယ်ရောက်ပြီးသူတွေမှာ ၈ပတ်နဲ့အထက်ကြာတတ်ပြီး ကလေးတွေမှာ၄ပတ်လောက်ကြာတတ်တဲ့ ချောင်းဆိုးရောဂါဖြစ်ပါတယ်။ နာတာရှည်ချောင်းဆိုးခြင်းက စိတ်အနှောင့်အယှက်ဖြစ်စေတာထက် ပိုပါတယ်။ အိပ်စက်ခြင်းကိုထိခိုက်စေုနိင်ပြိး မောပန်းစေနိုင်ပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာ အော့အန်ခြင်း၊ လစ်ဟာဟာဖြစ်ြခ်ငး၊ နဲ့နံရိုးကျိုးခြင်းကို တောင်ဖြစ်စေနိုင်ပါတယ်။
ကံကောင်းတာကတော့ ဖြစ်ရတဲ့အကြောင်းရင်းကို ကုသလိုက်နုငိရင် ချောင်းဆိုးခြင်းက ပျေက်ကာင်းသွားလေ့ရှိပါတယ်။
အရွယ်ရောက်ပြိးသူ ၁၀ရာနှုန်းက၂၀ရာနှုန်းမှာ တွေ့နေရပါတယ်။ အလုပ်အကိုင်နဲ့ဆက်စပ်နိုင်တာကြောင့် ေရောဂါအဖြေရှာရာမှာ အလုပ်အကိုင်ရာဇဝင်ကလည်း အရေးကြီးပါတယ်။
ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
health condition ရဲ့ နာတာရှည်ချောင်းဆိုးခြင်းနဲ့အတူ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
ဒီလက္ခဏာတွေကို တွေ့ရှိခဲ့မယ်ဆိုရင် ဆေးကုသမှုချက်ချင်းခံယူသင့်ပါယတ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဖြစ်နေကျသာမန်ချောင်းဆိုးခြင်းက အဆုတ်ကနေထွက်တဲ့အရည်တွေနေမထိထိုင်မသာဖြစ်စေတဲ့ပစ္စည်းတွေကို ရှင်းထုတ်ဖို့နဲ့ ကူးစက်ပိုးတွေမှကာကွယ်နိုင်ဖို့ဖြစ်ပါတယ်။ သီတင်းပတ်များစွာချောင်းဆိုးနေပြီဆိုရင်ောတ့ ကျန်းမာရေးပြဿနာဖြစ်နိုင်ပါတယ်။ ကိစ္စအများစုမှာ အကြောင်းရင်းတစ်ခုထက်ပိုပါတယ်။ အောက်ပါတွေ့ရများတဲ့အကြောင်းရင်တွေက တစ်ခုတည်းရှိရင်သောလည်းကောင်း ပေါင်းစပ်ပြီးတော့သော်လည်းကောင်း နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။
health condition ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ဆေးလိပ်သောက်ခြင်း – လတ်တလောသောက်ခြင်းသို့ သောက်လေ့ရှိခြင်းက နာတာရှည်ချောင်းဆိုးခြ်င်းကို ဖြစ်စေနိုင်ပတယ်။ ဆေးလိပ်အဆိပ်တွေကို တိုက်ရိုက်ရှူခြင်းဒါမှမဟုတ် ဆေးလိပ်သောက်နေသူထံမှ အဆိပ်များလေထဲရောက်လာသည်ကို ရှူမိခြင်း
ဓါတ်မတည့်ခြင်း – ဓတ်မတည့်တတ်တဲ့လူတွေမှာ ဓါတ်မတည့်ခြင်းကြောင့် ချောင်းဆိုးနိုင်ချေများပါတယ်။
ပတ်ဝန်းကျင်ဆိုင်ရာ-အချို့လုပ်ငန်းခွင်တွေလေထုထဲမှာပါတဲ့ပစ္စည်းတွေကြောင့် ရှူမိပြီးချောင်းဆိုးခြင်းကို ဖြစ်စစနိုင်ပါတယ်။ လူနေထူထပ်တဲ့နေရာတွေနဲ့ ချက်ပြုတ်ခြင်း၊ အနွေးလှုံခြင်းအတွက် ကျောက်မီးသွေးအသုံးပြုခြင်းကလည်း ချောင်းဆိုးနိုင်ချေများပါတယ်။
နာတာရှည်အဆုတ်ရောဂါ
ပန်းနာရင်ကျပ်ရောဂါ၊ လေပြွန်ပျက်စီးနေတဲ့လူနာ၊ နာတာရှည်လေပြွန်ပိတ်ဆို့ရောဂါ၊ နဲ့ အဆုတ်ကူးစက်ပိုးဝင်ဖူးခြင်းက ချောင်းဆိုးနိုင်ချေများစေပါတယ်။
အမျိုးသမ်ီးများ- အမျိုးသမီးတွေမှာ ချောင်းဆိုးနိုင်ချေပိုများပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရုပ်ပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးခြင်း
ဆရာဝန်ဆီမှာ ကိုယ်ပူချိန်အပါအဝင် အရေးကြီးတဲ့လက္ခဏာတွေကို တိုင်းတာပေးပါလိမ့်မယ်။ မနာကျင်စေတဲ့ကလစ်သေးလေးကို သင့်လက်ချောင်းကိုညှပ်ထားခြင်းဖြင့် အောက်ဆီဂျင်ပမာဏကို စစ်ဆေးပါလိမ့်မယ်။ သင့်လည်မျိုနောက်ပိုင်ကို စစ်ဆးပြီး လိုအပ်မယ်ဆိုရင် နားကိုပါစစ်ဆေးပါလိမ့်မယ်။ အဆုတ်နဲ့နှလုံးကို နားကြပ်နဲ့နားထောင်ပြီး ခြေထောက်နဲ့အရေပြားတွေကိုလည်း စစ်ဆေးပါလိမ့်မယ်။
စစ်ဆေးခြင်းများ
သင့်ဆရာဝန်က ထပ်ပြီးစစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။
ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း- လျင်မြန်လွယ်ကူစွာ ရင်ဘတ်ပုံကိုရနိုင်ပါတယ်။
သွေးနမူနာ- ကူးစက်ပိုးကို တိုက်နေသလားဆိုတာ သိနိုင်ပါတယ်။
ရင်ဘတ်စီတီစကန်ရိုက်ခြင်း – ရင်ဘတ်ပုံကို ပိုအရည်အသွေးပြည့်မှီစွာ ရနိုင်ပါတယ်။
လည်ချောင်းကို ဂွမ်းလုံးဖြင့်သုတ်ခြင်း – ချည်လုံးကို အသုံးပြုလေ့ရှိပါတယ်။
ချွဲသလိပ်နမူနာ- ချောင်းနက်ကြီးဆိုးပြီးနောက် ယူပါတယ်။
အသက်ရှူတိုင်းကိရိယာ- အသက်ရှူထုတ်နိုင်တဲ့ပမာဏကို တိုင်းတာဖို့ ပလတ်စတစ်ကိရိယာထဲကို အသက်ကိုပြင်းပြင်းမြန်မြန်ရှူထုတ်ခိုင်းပါလိမ့်မယ်။
Methacholine challenge test – ချောင်းဆိုးခြင်းကြောင့်ဖြစ်တဲ့ပန်းနာရင်ကျပ်မှန်းသိနိုင်ရန် ပန်းနာရင်ကျပ်အသက်ရှူစစ်ဆေးခြင်းနည်းလမ်းဖြစ်ပါတယ်။
ACE inhibitor medicationဆေးသောက်နေမယ်ဆိုရင် သင့်ဆရာဝန်က ဘေးထွက်ဆိုးကျိုးချောင်းဆိုးခြင်းမရှိတဲ့ အခြားဆေးကို ပြောင်းပေးပါလိမ့်မယ်။
နာတာရှည်ချောင်းဆိုးခြင်းအတွက်ဆေးတွေကတော
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။