လည်ချောင်းနာပြီဆိုရင် လည်ချောင်းထဲမှာ ယားစပ်စပ်နဲ့ မျိုချလိုက်တိုင်းနာကျင်နေတာ ခံစားရခက်ပါတယ်။ အစာတို့ ရေတို့မပြောနဲ့ တံတွေးမျိုတာတောင် အရမ်းနာတယ်မဟုတ်လား။ လည်ချောင်းနာရတဲ့အကြောင်းရင်းကတော့ အအေးမိနဲ့ တုပ်ကွေးတို့လို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာများပါတယ်။ ဒီဝေဒနာက အချိန်အတိုင်းအတာတစ်ခုအတွင်းမှာပျောက်ကင်းနိုင်ပါတယ်။