ကြိုတင်ကာကွယ်မှု သို့မဟုတ် သတိပေးမှုတွေ ရှိလား။
အသုံးမပြုခင် သတိပေးမှု တချို့ ရှိပါတယ်။ မွေးကင်းစကလေးတွေမှာ အသုံးမပြုရပါဘူး။ ၂၀၀၉ခုနစ်က ကျင်းပတဲ့ ဆေးပညာကျွမ်းကျင်မှု အစည်းအဝေး ကောက်နုတ်ချက်အရ nasal irrigation အသုံးပြုတာများရင် sinus infection ဖြစ်နိုင်ချေများနိုင်ပါတယ်။ တခါတလေ သုံးရင်တော့ မဖြစ်နိုင်ပေမယ့် ပုံမှန်ဆိုရင်တော့ မသုံးသင့်ပါဘူး။ ဒါက နှာခေါင်းအတွင်းပိုင်းနဲ့ sinuses အတွင်းနံရံတွေက အချွဲတွေရဲ့ အကာအကွယ်အလွှာတွေကို ဖယ်ရှားနိုင်လို့ပါ။ လေ့လာထားချက်အရ ဒီသတိပေးမှုက peer-reviewed journal မှာ မထုတ်ဝေရသေးပါဘူး။
နောက်ဆုံးသတိပေးမှု။ irrigation solution လုပ်တဲ့အခါ ပိုးသတ်ထားတဲ့ရေကို အသုံးပြုဖို့ တော်တော် အရေးကြီးပါတယ်။ အသုံးမပြုခင် ကြိုချက်ခြင်းက သင့်တော်ပါတယ်။ naegleria fowleri လို့ခေါ်တဲ့ ကပ်ပါးပိုးမွှားတွေက ပိုးသတ်ထားတဲ့ရေ အသုံးမပြုတဲ့ neti pot အသုံးပြုသူတွေရဲ့ သေဆုံးမှု အတော်များများနဲ့ ဆက်စပ်နေပါတယ်။ sinuses ထဲရောက်တာနဲ့ ဦးနှောက်ထဲထိ ရောက်အောင် သွားတတ်ကြပါတယ်။ ရောက်ရင်တော့ မလွယ်မသွေ သေဆုံးမှုကို ကြုံတွေ့ရမှာပါ။
ဘယ်လိုအသုံးပြုရမလဲ။
Neti pot ဆိုတာ ရိုးရှင်းတဲ့ ကိရိယာတစ်ခုပါ။ အာလာဒင်ရဲ့ မီးခွက် အငယ်စားလိုမျိးနဲ့ ဆင်တူပါတယ်။ ပိုးသတ်ထားတဲ့ ရေနွေးနဲ့ သန့်စင်တဲ့ ဆားကို အိုးထဲမှာ ရောလိုက်ပါ။ ခေါင်းကို တစ်ဖက်ကို စောင်းပါ။ နှုတ်သီးကို ခေါင်းရဲ့ အမြင့်ပိုင်းမှာရှိတဲ့ နှာခေါင်းပေါက်မှာ ထားပါ။ saline solution က နှာခေါင်းတစ်ဖက်က ဝင်ပြီး တစ်ဖက်က ပြန်ထွက်လာပါလိမ့်မယ်။
အပေါ်မှာ ဖော်ပြထားသလို ပိုးသတ်ထားတဲ့ရေ အသုံးပြုဖို့ အလွန်အရေးကြီးပါတယ်။ ပိုးသတ်ပြီးသား အသုံးပြုခြင်း သို့မဟုတ် ကြိုချက်အအေးခံပြီး သုံးခြင်းတို့ဖြင့် ပြုလုပ်နိုင်ပါတယ်။ saline solution, isotonic ( 0.9% salt; 9g sodium chloride dissolved in one liter of water ) , သို့မဟုတ် hypertonic ( 0.7% to 0.3% salt solution ) ဆိုတာ မှန်ကန်ပြီး သန့်စင်တဲ့ အိုင်အိုဒင်းမပါသော sodium chloride ပေါင်းထည့်ခြင်းပါပဲ။
Kosher salt က သန့်စင်ပြီး သတ္တုဓါတ်တွေမပါတဲ့ သင့်တော်သော ပင်ရင်းဖြစ်ပါတယ်။ nasal irrigation ကို ဘုံဘိုင်ရေ၊ ပေါင်းခံရေတို့နဲ့ မပြုလုပ်သင့်ပါဘူး။ ပိုးသတ်တာက ဘေးကင်းဖို့အတွက် အရေးကြီးပါတယ်။ ဆားက non-isotonic solution အသုံးပြုတာနဲ့ ဆက်စပ်တဲ့ လောင်ကျွမ်းတဲ့ ခံစားမှုရဲ့ မသက်မသာဖြစ်တာကို ကာကွယ်ပေးပါတယ်။
Isotonic solution မှာ သွေးတွင်း ပျော်ဝင်မယ့် အရာတွေရဲ့ ပါဝင်မှုနဲ့ ညီမျှတဲ့ ပျော်ဝင်ပစ္စည်းတွေ လုံလုံလောက်လောက် ပါဝင်ပါတယ်။ အံ့သြစရာ မရှိပါဘူး။ ပင်လယ်ရေဆိုတာ ဆားနဲ့ရေဖျောထားတဲ့ isotonic solution တစ်ခုပါပဲ။ ဒါပေမယ့် ဖော်ပြထားသော မလိုအပ်တဲ့ ညစ်ညမ်းမှုတွေရဲ့ အန္တရာယ်ကြောင့် မစဉ်းစားပဲ အသုံးမပြုသင့်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။