home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား

Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား

Probiotics ဆိုတာ အကျိုးပြုဘက်တီးရီးယားလေးတွေကို ခေါ်တာပါ။ ခန္ဓာကိုယ်နဲ့ အစာအိမ်ကိုအကျိုးပြုပြီးတော့ ကျန်းမာသန်စွမ်းစေတဲ့ ဘက်တီးရီးယားလေးတွေပေါ့။ သူတို့က ကိုယ်အလေးချိန်ကျစေဖို့၊ အစာခြေစနစ် ကောင်းမွန်စေဖို့၊ ဝမ်းမှန်စေဖို့၊ စိတ်ကျန်းမာစေဖို့ အကျိုးပြုပါတယ်။

ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ကျန်းမာရေးအတွက်ပါ အကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။

ခုနောက်ပိုင်း သိပ္ပံနည်းကျလေ့လာချက်တွေအရ Probiotics က အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှိုစွဲတာကိုလည်း တိုက်ထုတ်ပေးနိုင်တယ်လို့ သိထားရပါတယ်။

မိန်းမကိုယ်မှိုစွဲခြင်း (Vaginal Infection) ဆိုတာဟာ အရွယ်ရောက်ပြီးအမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ ပုံမှန်ကျန်းမာတဲ့မိန်းမကိုယ်မှာ ဒီရောဂါရှိနေပြီဆိုရင်အောက်ပါ လက္ခဏာတွေ ပြသတတ်ပါတယ်။

  • မိန်းမကိုယ် တစ်ဝိုက်ရောင်ရမ်းခြင်း
  • မိန်းမကိုယ် ယားယံခြင်း
  • ဆီးသွားစဉ်နဲ့ လိင်ဆက်ဆံစဉ်ပူခြင်း
  • လိင်ဆက်ဆံစဉ် နာကျင်ခြင်း
  • မိန်းမကိုယ်တွင် နာကျင်ခြင်း၊ နီခြင်း၊ အနီကွက်များထွက်ခြင်း
  • မိန်းမကိုယ်မှ ဒိန်ချဉ်ကဲ့သို့ဖြူညစ်ညစ်ရောင်အဖတ်များ ထွက်ခြင်း စတာတွေပါပဲ။

STI လိုမျိုး လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ဖိတ်ခေါ်သလိုဖြစ်နိုင်တဲ့အတွက် အလျင်အမြန်ကုစားသင့်တဲ့ ရောဂါတစ်မျိုးပါ။

Probiotics နဲ့ မိန်းမကိုယ်

လက်ရှိတွေ့ရှိထားတဲ့ လေ့လာချက်တွေအရဆိုရင် မိန်းမကိုယ်မှာ ဘက်တီးရီးယားမှိုစွဲကပ်တဲ့ ရောဂါတစ်မျိုးမျိုးကို ခံစားဖူးပြီး ကိုယ်ဝန်ဆောင်နိုင်သေးတဲ့အသက်အရွယ်မှာလည်းရှိနေသေးတဲ့ အမျိုးသမီးတွေဟာ Probiotics ဖြည့်တင်းပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီလိုဖြည့်တင်းပေးရင် ရောဂါကိုတိုက်ထုတ်နိုင်မယ်ဆိုပါတော့။

Probiotics က အကြမ်းဖျဉ်းအားဖြင့် အမျိုးအစား ၃ ခု ရှိပါတယ်။ Lactobacillus ၊ Bifidobacterium နဲ့ Saccharomyces Boulardii ဆိုပြီးတော့ပါ။ Lactobacillus ကတော့ မိန်းမကိုယ်သန့်စင်အောင်ကူညီပေးနိုင်တဲ့ အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။

The New England Journal of Medicine ရဲ့ ဖော်ထုတ်ချက်အရဆိုရင် Lactobacillus Crispatus (Lactin-V) ဆိုတဲ့ Probiotics ကို တစ်ပတ် ၂ ခါမှီဝဲတဲ့အမျိုးသမီးတွေဟာ လိင်အင်္ဂါကူးစက်ရောဂါတွေ ပြန်ဖြစ်နိုင်ခြေ ၁၅% ကနေ ၅၀% အထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ လေ့လာချက်အရ အဆိုပါအမျိုးသမီးတွေဟာ ၁၂ ပတ်အတွင်းမှာကို တားဆီးနိုင်တဲ့လက္ခဏာတွေ သိသိသာသာပြသလာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အကျိုးသက်ရောက်မှုကို သက်သေပြနိုင်ခဲ့ပြီဖြစ်ပေမယ့် ဘာကြောင့် ခုလိုအကျိုးဖြစ်ထွန်းတယ်ဆိုတာကိုတော့ တိတိကျကျ မသိရှိရသေးပါဘူး။

သိနားလည်ထားရသလောက်ဆိုရင်တော့ Probiotics တွေက မိန်းမကိုယ်ထဲကို တခြားသော အန္တရာယ်ရှိတဲ့ ပိုးမွှားတွေမဝင်ရောက်အောင်၊ မိန်းမကိုယ်ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းပေးနိုင်တယ်လို့ ဆိုပါတယ်။ မိန်းမကိုယ်သန့်စင်ပြီး အနံ့အသက်တွေကင်းဝေးနေအောင် ဒီအကျိုးပြုဘက်တီးရီးယားတွေက အက်ဆစ်ထုတ်လုပ်ပြီး ပြင်ပက ပိုးမွှားတွေမဝင်လာအောင်တားမြစ်ပေးတာပါ။

Probiotics ဖြည့်ဆည်းချင်တယ်ဆိုရင်ဖြင့် သောက်သုံးလို့ရတဲ့ ဆေးဝါးမျိုးတွေရှိသလို မိန်းမကိုယ်မှာလိမ်းကျံနိုင်တဲ့ လိမ်းဆေး Gel တွေလည်းရှိပါတယ်။

တချို့ လေ့လာချက်တွေကတော့ ပါးစပ်ကနေ Probiotics တွေသောက်သုံးမှုက မိန်းမကိုယ်မှာဖြစ်တဲ့ ပြဿနာတွေကင်းဝေးစေဖို့ အထောက်အကူမဖြစ်စေဘူးလို့ ဆိုကြတာမျိုးလည်း ရှိတာမို့ လိမ်းဆေးဂျယ်တွေကို အသုံးပြုဖို့ တိုက်တွန်းကြတာမျိုးလည်း ရှိပါရဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 07/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။