backup og meta

အအေးမိဝေဒနာသက်သာစေမယ့် Nasal Spray

အအေးမိဝေဒနာသက်သာစေမယ့် Nasal Spray

နေပူလိုက် မိုးရွာလိုက်၊ ပူလိုက်အေးလိုက်နဲ့ ရာသီအကူးအပြောင်းမှာ အအေးမိဖျားနာခြင်းဆိုတာ အခန့်မသင့်ရင် ဖြစ်လာတတ်တဲ့ ဝေဒနာဖြစ်ပါတယ်။ နှာလေး တရွှတ်ရွှတ်၊ ချောင်းလေး တဟွတ်ဟွတ်နဲ့ လူကြားထဲ အလုပ်သွားနေရတာ၊ အပြင်သွားနေရတာလည်း အဆင်မပြေလှပါဘူး။

ဒါတောင် ရောဂါက ဒီအတိုင်း မနေပါဘူး။ နှာစေးနှာပိတ်ရာကနေ နောက်ဆုံးကျ လည်ချောင်းနာ၊ အဖျား တက်လာတဲ့အထိ ဖြစ်လာမှာပဲ။ ဒီလက္ခဏာတွေ ဖြစ်လာရတာက အအေးမိ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။ တော်တန်ရုံဆို ကိုယ်ခံအားစနစ်ရဲ့ ခုခံမှုကြောင့် လက္ခဏာတွေ လျော့ပါးသက်သာနိုင်ပေမယ့် လူတိုင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက မတူညီကြတာကြောင့် မြန်မြန်ပျောက်ကင်းချင်ရင် ဆေးကုသမှု ခံယူတာ ကောင်းပါတယ်။

နှာစေးနှာပိတ်နေရင် သို့မဟုတ် ချောင်းဆိုးနေရင်နေရခက် ပင်ပန်းရတဲ့အပြင် ညဘက်လည်း အိပ်မရ၊ အသက်ရှူမဝ ဖြစ်ရပါတယ်။ လည်ချောင်းနာရင်လည်း ရေတောင် မျိုချရခက်ပြီး နာကျင်ရတာကြောင့် အစားပျက်ရ အဆင်မပြေဖြစ်ရတာ ဆိုးပါတယ်။။ ဒီဝေဒနာတွေကို လူတိုင်း မြန်မြန် ပျောက်ချင်ကြမှာပါပဲ။ ဒီလို အချိန်မှာ အာနိသင် ထိရောက်တဲ့အပြင် သုံးရလွယ်ကူပြီး ဘေးဥပါဒ်ကင်းတဲ့ နည်းလမ်းတစ်ခုကို ပြောပြချင်ပါတယ်။

အအေးမိဝေဒနာသက်သာစေမယ့် Nasal spray

နှာခေါင်းဝကနေ ဖျန်းရတဲ့ nasal sprays တွေက အအေးမိတဲ့အခါ ဖြစ်တတ်တဲ့ ဝေဒနာတွေကို အချိန်တိုအတွင်း သက်သာစေနိုင်စွမ်း ရှိပါတယ်။ အအေးမိပြီ ဆိုတာ နဲ့ ပုံမှန်ဆို တစ်ပတ် ဆယ်ရက်လောက် ခံစားရမယ့် ဝေဒနာတွေကို ရက်အနည်းငယ်အတွင်း အမြန် သက်သာအောင် ရောဂါပိုးတွေကို သေစေနိုင်စွမ်းရှိတဲ့ nasal sprays တွေအကြောင်း ဆက်လေ့လာရအောင်။

Nasal Spraysတွေကို ဘာအတွက် သုံးကြလဲ

ပါဝင်ပစ္စည်းပေါ် မူတည်ပြီး Nasal Spray တွေကို အောက်ပါ ပြဿနာတွေအတွက် သုံးလို့ရပါတယ်။

  • နှာစေးနှာပိတ်ခြင်း သက်သာစေဖို့အတွက်

နှာစေးနှာပိတ်ခြင်းကို ကုသရာမှာ ရောဂါပိုးမွှားတွေကို သေစေနိုင်စွမ်းရှိပြီး နှာခေါင်းထဲက ချွဲသလိပ်တွေရဲ့ ပိတ်ဆို့မှုကို ဖြေရှင်းပေးနိုင်ပါတယ်။ နှာခေါင်း တစ်ဖက်ကနေ ရှူသွင်းလိုက်ရုံနဲ့ နှာခေါင်းပိတ်လို့ အသက်ရှူ မဝတာတွေ ချက်ချင်း သက်သာစေမှာပါ။ အအေးမိဝေဒနာ သက်သာစေနိုင်တဲ့ ဒီလို ဆေးမျိုးကို spray ပုံစံနဲ့ ရော ဆေးစက်ချရတဲ့ drops ပုံစံနဲ့ပါ ရရှိနိုင်ပါတယ်။

  • ဓာတ်မတည့်ခြင်းအတွက်

Nasal spray က နှာခေါင်းလမ်းကြောင်းအတွင်းကနေ ဝတ်မှုန်တွေ နဲ့ တခြား ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဖုန်မှုန့်တွေ အပါအဝင် ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကို ရှင်းလင်းစေဖို့ အကူအညီပေးတာပါ။

  • ရေဓာတ်ဖြည့်ခြင်းအတွက်

နှာရည်တွေ ခြောက်သွေ့ပြီး နေရခက်နေတဲ့ နှာခေါင်းလမ်းကြောင်းထဲမှာ အစိုဓာတ်ထိန်းနိုင်ဖို့အတွက် nasal sprays ကို သုံးကြပါတယ်။ နှာရည်အချွဲတွေက ခြောက်သွေ့ပြီးကပ်နေတဲ့အခါ ဘက်တီးရီးယားတွေက ခိုနေပြီးရောဂါပိုးဝင်နိုင်ပါတယ်။ ဒါ့ကြောင့် လိုအပ်လာရင် nasal sprays ကို ရှူသွင်းလိုက်ပြီး ရောဂါပိုးကို ရှင်းထုတ်နိုင်ပါတယ်။

ဘယ်လိုသုံးရလဲ

အအေးမိဝေဒနာသက်သာစေမယ့် Nasal Spray ကို သုံးမယ်ဆိုရင် –

  • အသက်ကို ရှူသွင်းပြီး နှာခေါင်းလမ်းကြောင်းကိုရှင်းလိုက်ပါ။
  • အဖုံးကိုဖွင့်ပြီး ပုလင်းကို အရင်လှုပ်ခါပါ။ ဆေးသေချာထွက်မထွက် ဘေးတစ်နေရာရာကို စမ်းပြီးဖျန်းကြည့်ပါ။
  • နှာခေါင်းတစ်ဖက်ကို ခပ်ဖွဖွဖိပိတ်ပြီး ဆေးဗူးထိပ်ကို ကျန်နှာခေါင်းဝကိုတေ့ပါ။
  • ဆေးဗူးကို ဖြည်းဖြည်းညှစ်ပြီး နှာခေါင်းတွင်းကို ဖျန်းလိုက်ပါ။ ပြီးရင် အလားတူနည်းအတိုင်း နောက်နှာခေါင်းတစ်ဖက်ကို ဆေးဖျန်းပြီး ရှူသွင်းပါ။
  • အတွင်းမှာ ဆေးအာနိသင်ရရှိစေဖို့ အသက်ကို ချက်ချင်းရှူမထုတ်လိုက်ပါနဲ့ဦး။ နှာမညှစ်ပါနဲ့ဦး။
  • နှာခေါင်းဖျန်းဆေးကို နှာခေါင်းတစ်ဖက်စီကို တစ်ကြိမ်စီနဲ့ တစ်နေ့ သုံးကြိမ်အထိ အသုံးပြုလို့ရပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.livestrong.com/article/92831-names-nasal-sprays/

https://www.everydayhealth.com/ear-nose-throat/nasal-sprays.aspx

https://www.webmd.boots.com/cold-and-flu/cold-guide/nasal-sprays-cold-relief

https://www.webmd.com/cold-and-flu/cold-guide/nasal-sprays-cold-relief#1

 

ယခုပုံစံ

01/02/2024

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အအေးမိတုပ်ကွေးရောဂါတွေကို အမြစ်ပြတ်ဖယ်ရှားပေးမယ့်လျှို့ဝှက်ချက်

လည်ချောင်းနာနေရင် ဒီအချက် (၉)ချက်ကို လုပ်ကြည့်ပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement