backup og meta

ကိုယ်ဝန်ပျက်ကျပြီးနောက် သိထားသင့်တာလေးတွေ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ပျက်ကျပြီးနောက် သိထားသင့်တာလေးတွေ။ ။

    ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ သားသမီးလိုချင်နေတဲ့ မိခင်တိုင်းအတွက် ဆုံးရှုံးမှုကြီးတစ်ခုပါ။ ဒါပေမယ့် ရှောင်လွဲလို့မရဘဲ ဒီလို ကိုယ်ဝန်ပျက်ကျတဲ့အဖြစ်မျိုးကြုံတွေ့ပြီးနောက် ကိုယ်ခန္ဓာမှာ ဘာတွေ ပြောင်းလဲသလဲဆိုတာလေးတွေ သိထားဖို့လိုပါတယ်။ ဒါမှ ဒါတွေက ကိုယ်ဝန်ပျက်ကျပြီး ပုံမှန်ကြုံရတတ်တာလား။ အခြား ဘာပြဿနာများ ရှိနေလားဆိုတာလေးတွေ ခွဲခြားနိုင်မှာဖြစ်ပါတယ်။

    ကိုယ်ဝန်ပျက်ကျပြီး ဘယ်လောက်ဆို ပုံမှန် ပြန်ဖြစ်သွားမှာလဲ။

    ကိုယ်ဝန်ပျက်ကျတာကနေ ကိုယ်ခန္ဓာပုံမှန်ပြန်ဖြစ်ဖို့ဆိုတာ သင်ဘယ်နှစ်ပတ်နဲ့ ကိုယ်ဝန် ပျက်ကျခဲ့လဲဆိုတဲ့အပေါ်မူတည်ပါတယ်။ အရေးကြီးဆုံးကတော့ကိုယ်ဝန်ပျက်ကျပြီး သားအိမ်ထဲမှာ သန္ဓေသား အကြွင်းအကျန်တွေ မကျန်ခဲ့ဖို့ပဲ ဖြစ်ပါတယ်။

    သွေးဆင်းတာ သက်သောင့်သက်သာမရှိတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။

    ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း ၂ ပတ်လောက်အထိ မိန်းမကိုယ်က သွေးဆင်းတာမျိုးတွေ ကြုံတွေရတတ်ပါတယ်။ အဲဒီ အချိန်သိရမှာတွေကတေ့

  • အမျိုးသမီးလစဉ်သုံး ပစ္စည်း padကိုသုံးပါ။ တမ်ပွန် မသုံးပါနဲ့။
  • တစ်ခါတစ်ရံ ဗိုက်အောင့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
  • သွေးဆင်းတာမရပ်ခင် အမျိုးသားနဲ့ အတူနေတာ၊ ရေဆင်းကူးတာမျိုးတွေ မလုပ်ပါနဲ့။
  • ဆရာဝန်ဆီချက်ချင်းသွားဖို့ လိုတဲ့အခြေအနေကတော့

    • သွေးဆင်းတာ အရမ်းများတဲ့အခါ ( ၁ နာရီအတွင်း pad ၂ ခုတောင်လဲလိုက်ရပြီး )
    • သွေးဆင်းတာ ၂ ပတ်ထက် ကျော်သွားတဲ့အခါ
    • သွေးခဲ၊ သွေးတုံးတွေ ဆင်းတာ
    • ဗိုက်အရမ်းအောင့်တာ
    • ကိုယ်ပူပြီးဖျားတာနဲ့
    • မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက အနံ့နံတာ စတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ရရင် ဆရာဝန်ဆီ ချက်ချင်းသွားပြီး ကုသမှု ခံယူဖို့လိုအပ်ပါတယ်။

    အခြားဖြစ်ပေါ်နိုင်တဲ့ကိုယ်ခန္ဓာ ပြောင်းလဲမှုတွေကတော့

    • ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း နောက်ပိုင်း ပျို့အန်ချင်တာမျိုးတွေ ဖြစ်ပေမယ့် ပြန်ပြီး သက်သာသွားတတ်ပါတယ်။
    • ရင်သား အရွယ်အစားလည်း သေးသွားပြီး တင်းနေတာတွေလည်း ပြေလျော့သွားပါလိမ့်မယ်
    • တကယ်လို့ ကိုယ်ဝန်သက် အပတ် ၂၀ လောက်မှာ ကိုယ်ဝန် ပျက်ကျခဲ့ရင်တော့ သားမြတ်ကနေ နို့ထွက်နေတတ်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန် ပြန်ပြသင့်လဲ။

    ကိုယ်ဝန်ပျက်ကျကျချင်း ဆရာဝန် နဲ့တစ်ခါပြပြီးနောက်ပိုင်း ရက်ချိန်းအတိုင်း ပြန်သွားပြဖို့လိုပါတယ်။ ပြန်ပြတဲ့ ရက်ချိန်းက ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း ၆ ပတ်ထက် နောက်မကျရင်ပိုကောင်းပါတယ်။ ပြန်ပြတဲ့အခါမှာလည်း

    • ကိုယ်ဝန်ပျက်ကျပြီးနောက် အမျိုးသားနဲ့ ဘယ်အချိန်မှာ အတူပြန်နေလို့ရမှာလဲ
    • ဘယ်အချိန်မှာ ပြန်ပြီး ကိုယ်ဝန် ပြန်ယူလို့ရမှာလဲ
    • ကိုယ်ဝန် မလိုချင်ရင်လည်း သန္ဓေတားဖို့ ဘယ်အချိန် စလုပ်ရမှာလဲ၊ ဘာနည်းတွေ သုံးရမလဲဆိုတာလေးတွေ တစ်ခါတည်း မေးခဲ့ဖို့ မမေ့ပါနဲ့။

    ကိုယ်ဝန်တစ်ခါပျက်ကျဖူးရင် နောက်ကိုယ်ဝန်တွေကို ပျက်ကျဖို့ အလားအလာများလား။

    ကိုယ်ဝန် တစ်ခါပျက်ကျဖူးတယ်ဆိုပေမယ့် နောက်ထပ်ဆောင်တဲ့ ကိုယ်ဝန်က ပုံမှန် ဖြစ်သွားတာများပါ။ တစ်ခါပျက်ကျဖူးတာနဲ့ နောက်ကိုယ်ဝန်တွေလည်း ပျက်ကျမှာပဲ ဆိုတာက မှားနေတာပါ။ တကယ်လို့ ကိုယ်ဝန် ပျက်ကျထားတာ ၃ ကြိမ်နဲ့ အထက်ရှိနေပြီဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူဖို့၊ ဘာ့ကြောင့် ပျက်ကျတာလဲဆိုတဲ့အကြောင်းအရင်းကို ရှာဖို့ လိုအပ်ပါတယ်။

    ကိုယ်ဝန် ပျက်ကျခြင်းနဲ့ နောက်ထပ်ကိုယ်ဝန်ဆောင်ခြင်း

    ကိုယ်ဝန်ပျက်ကျခြင်းဟာ သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်ခြင်း မရှိတာကြောင့် ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း အကာအကွယ်မသုံးဘဲ အမျိုးသားနဲ့ အတူနေမယ်၊ သန္ဓေတားဖို့လည်း မလုပ်ထားဘူးဆိုရင် နောက်ကိုယ်ဝန် ချက်ချင်းပြန်ရသွားနိုင်ပါတယ်။

    သာမန်အတိုင်းပဲ ပျက်ကျသွားတယ်ဆိုရင်တော့ အမျိုးသမီးအနေနဲ့ ကောင်းကောင်းနာလန်ထပြီဆိုရင် ကိုယ်ဝန်ပြန်ယူနိုင်ပါတယ်။ ပိုးဝင်ထားတယ်။ ဖျက်ချထားတယ်ဆိုရင်တော့ အချိန်တစ်ခု ကြာမှ  (ဥပမာ ၃လတန်သည်၊ ၆လတန်သည်) ပြန်ယူဖို့ သင့်ပါတယ်။

    ရေးသားသူ- Dr Thin Yadanar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement