backup og meta

ကိုယ်ဝန်ဆောင်ချိန် တီဘီဆေး သောက်ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်လား။

ကိုယ်ဝန်ဆောင်ချိန် တီဘီဆေး သောက်ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်လား။

တီဘီရောဂါဆိုတာ လေထဲကနေ တစ်ဆင့်ကူးစက်တဲ့ ရောဂါဖြစ်တာကြောင့် ကိုယ့်နားမှာ ဆေးသေချာကုမထားတဲ့ တီဘီရောဂါသည်ရှိနေပြီဆိုရင် ကြောက်ရပါပြီ။ ဒါ့အပြင် တီဘီဆိုတာ ခုခံအားနည်းနေတဲ့အချိန် ဝင်တတ်တာကြောင့် ခုခံအားနည်းနေတတ်တဲ့ ကိုယ်ဝန်သည်တွေ ပိုလို့တောင် ဂရုစိုက်ဖို့လိုပါတယ်။ ဒီလို ဂရုစိုက်နေရင်းကနေ ကိုယ်ဝန်ကြီးနဲ့ တီဘီရောဂါဖြစ်သွားခဲ့ပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ကိုယ်ဝန်သည်တွေဆိုတာ ဆေးတွေ လျှောက်သောက်လို့ မရဘူးဆိုတော့ တီဘီဆေး ရော သောက်လို့ရလား။ တီဘီဆေးတွေက ကလေးကို ထိခိုက်နိုင်လား။

ကိုယ်ဝန်ဆောင်တွေ တီဘီဖြစ်ရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ။ ။

တီဘီဆေး အကြောင်းအရင်မပြောခင် မိခင်မှာဖြစ်နေတဲ့ တီဘီကို သေချာမကုသရင် ဗိုက်ထဲက ရင်သွေးလေးကို တီဘီက ဘယ်လို ဒုက္ခပေးနိုင်သလဲဆိုတာ အရင်ပြောချင်ပါတယ်။

  • မွေးလာရင် ကလေး ပေါင်မပြည့်တာမျိုးတွေဖြစ်နိုင်တယ်။
  • လေထဲက တစ်ဆင့်ကူးစက်တဲ့ တီဘီရောဂါ ဖြစ်နေတဲ့ မိခင်နားနေနေတာဆိုတော့ ခုခံအားနည်းတဲ့ ကလေးလည်း အချိန်မရွေး တီဘီရောဂါ ကူးစက်သွားနိုင်တယ်။
  • ဖြစ်နိုင်ချေ အနည်းဆုံးဆိုပေမယ့် ဖြစ်တတ်တဲ့ နောက်တစ်ခုကတော့ ကလေးမှာ မွေးကတည်းက တီဘီရောဂါ ပါလာတာမျိုးပါ။

မိခင် တီဘီရောဂါရှိရင် ဗိုက်ထဲကကလေးကို တီဘီက ဒီလိုဒုက္ခတွေ ပေးနိုင်တယ်ဆိုတော့ တီဘီဆေး သောက်မှ ရတော့မှာပေါ့။ ဆေးတို့ရဲ့ ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးတွေကလည်းရှိ ကိုယ်ဝန်ကြီးနဲ့လည်း ဖြစ်နေတော့ ဆေးသောက်မှ ကလေးကို ပိုပြီး ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။ ဒါတွေကို ဖြေရှင်းဖို့အတွက် တီဘီဆေး ဘယ်နှစ်မျိုးလဲဆိုတာကို အရင် ပြောရပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန် တီဘီဆေး သောက်ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်လား။

First line anti-tb drugs ( ပထမ ဦးစားပေး တီဘီဆေး များ )

HRZES လို့ အတိုကောက်မှတ်လေ့ရှိတဲ့ ပထမဦးစားပေး တီဘီဆေးတွေကတော့

  • Isoniazid (H/Inh)
  • Rifampicin (R/Rif) (In the United States rifampicin is called rifampin)
  • Pyrazinamide (Z/Pza)
  • Ethambutol (E/Emb)

Second Line anti-TB drugs ( ဒုတိယ ဦးစားပေး တီဘီဆေး များ)

  • Streptomycin
  • Fluoroquinolones (Ciprofloxacin, Ofloxacin , Sparfloxacin ,Levofloxacin)
  • Aminoglycosides(kanamycin, amikacin and capreomycin)
  • Ethionamide
  • p-Amino salicylic acid
  • Cycloserine တို့ ဖြစ်ပါတယ်။

ဒီဆေးတွေ အားလုံးကို ကိုယ်ဝန်သည်တွေ စိတ်ချစွာ သောက်လို့ရလား။

လေ့လာချက်တွေအရတော့ ပထမ ဦးစားပေးဖြစ်တဲ့ HRZE တီဘီဆေး ၄မျိုးလုံးဟာ ကိုယ်ဝန်သည်တွေ စိတ်ချစွာသောက်လို့ရပြီး ကလေးကို မွေးရာပါချို့ယွင်းချက်ေတွ မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် ဒီ ဦးစားပေး ဆေး ၄ မျိုးကို ကိုယ်ဝန်သည်တွေ စိတ်ချသောက်လို့ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန် တီဘီဆေး သောက်ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်လား။

ဒါဆို ဘယ် တီဘီဆေး တွေက ကလေးကို ဒုက္ခပေးနိုင်သလဲ ။ ။

ဒုတိယ ဦးစားပေး တီဘီဆေးတွေဖြစ်တဲ့

  • Streptomycin
  • Aminoglycosides(kanamycin, amikacin and capreomycin)
  • Cycloserine
  • Fluoroquinolones (Ciprofloxacin, Ofloxacin , Sparfloxacin ,Levofloxacin)
  • Ethionamide တို့ကတော့ ဗိုက်ထဲက ရင်သွေးလေးကို ဒုက္ခပေးနိုင်တာကြောင့် ကိုယ်ဝန်သည်တွေ လုံးဝမသောက်သ့င်တဲ့ ဆေးတွေပါ။

ကဲ ဒီတော့ ကိုယ်ဝန်ကြီးနဲ့ တီဘီရောဂါ ဖြစ်လာခဲ့ရင် ကလေးထိမှာစိုးလို့ဆိုပြီး ဆေးမသောက်ဘဲ မနေနဲ့နော်။ ပထမ ဦးစားပေး HRZE ဆေး ၄ မျိုးက ကိုယ်ဝန်သည်ေတွ စိတ်ချသောက်လို့ရပြီး ဗိုက်ထဲက ကလေးကို ဘာပြဿနာမှ မဖြစ်စေပါဘူး။

ပထမဆေးတွေနဲ့ မနိုင်တဲ့ တီဘီရှိတယ်ဆိုပြီး ပထမ ဦးစားပေး ဆေးတွေကို အထင်မသေးလိုက်ပါနဲ့။ ညွှန်ကြားထားတဲ့အတိုင်း ရက်ပြည့်အောင် သေချာသောက်ရင် တီဘီရောဂါကို အရှင်းတိုက်ထုတ်နိုင်တာ ဒီ HRZE လို့ ခေါ်တဲ့ ပထမ ဦးစားပေးဆေး ၄ မျိုးပါ။

ဒါကို သောက်တဲ့သူက ညွှန်ကြားထားတဲ့အတိုင်း သေချာမသောက်လို့ ဆေးယဉ်ပါး တီဘီတွေ ဖြစ်ပြီး ဒုတိယ ဦးစားပေးဆေးတွေ သောက်ရတော့တာပေါ့။ ဒီ ဒုတိယ ဦးစားပေးဆေးတွေက သာမာန်လူတွေအတွက် ပြဿနာမရှိပေမယ့် ကိုယ်ဝန်သည်အတွက်တော့ မတည့်ဘူးဆိုတာ သိပြီဆိုတော့ ကိုယ်ဝန်ကြီးနဲ့ တီဘီရောဂါဖြစ်နေပြီဆိုရင် ပထမ ဦးစားပေး ဆေး၄ မျိုးကို ညွှန်ကြားထားတဲ့အတိုင်း သေချာဂရုစိုက်သောက်ပြီး တီဘီရောဂါကို အပြတ်တိုက်ထုတ်ဖို့ လိုတယ်နော်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/tb/topic/treatment/pregnancy.htm

Accessed Date 4.3.2019

https://www.everydayhealth.com/tuberculosis/treating-tuberculosis-infection-during-pregnancy.aspx

Accessed Date 4.3.2019

https://www.ncbi.nlm.nih.gov/pubmed/11444726

Accessed Date 4.3.2019

 

 

ယခုပုံစံ

15/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


သက်ဆိုင်သည့် ဆောင်းပါး

ကိုယ်ဝန်ဆောင်တို့အတွက် ထိပ်တန်းယောဂကျင့်စဉ်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement