backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 27/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့

    ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ပြောင်းလဲမှုတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဝမ်းက တစ်နေ့တစ်ကြိမ် မသွားဘူး။ ၃ ရက်လောက်မှ တစ်ခါ သွားတယ်။ ဗိုက်အောင့်တယ်။ ဝမ်းသွားရင် ဝမ်းက မပျော့ဘူးဆိုတဲ့ လက္ခဏာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ တော်တော်များများ ကြုံတွေ့ရတဲ့ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း လက္ခဏာတွေပါ။ ဒီလို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဒါတွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ရတာပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ ဒီအချက်တွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ရတာပါ။

    • ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့်
    • သားအိမ်က ဖိထားတာကြောင့်
    • ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးရတဲ့ သံဓာတ်အားဖြည့်ဆေးတွေကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ ဝမ်းချုပ်ရတာပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့

    အမျှင်ဓာတ် များတဲ့ အစားအစာတွေက ကိုယ်ဝန်ဆောင်မေမေတွေကို ဝမ်းချုပ်တာ သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့ ဆိုရင် တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်ကနေ ၃၀ ဂရမ်အထိ စားပေးဖို့ လိုပါမယ်။

    • လတ်ဆတ်တဲ့သစ်သီးတွေ
    • ဟင်းသီးဟင်းရွက်တွေ
    • ပဲအမျိုးမျိုး
    • အုတ်ဂျုံနဲ့လုပ်ထားတဲ့ ကွေကာအုပ်
    • ဇီးသီးခြောက်
    • ဂျုံကြမ်းပေါင်မုန့်
    • ပန်းသီး
    • ငှက်ပျောသီး
    • သဖန်းသီး
    • စတော်ဘယ်ရီသီး
    • ပြောင်းဖူး
    • မုန်လာဥနီ
    • ပန်းဂေါ်ဖီစိမ်း
    • မုန်ညှင်းထုပ်တို့ကို စားပေးလို့ ရပါတယ်။

    ဝမ်းချုပ်တာသက်သာစေမယ့် နည်းလမ်းတွေက ဘာတွေလဲ

    ဝမ်းချုပ်တာကို အစားအသောက်နဲ့ ဂရုစိုက်ပြီးရင်တော့ ဒီနည်းလေးတွေနဲ့ ဂရုစိုက်ဖို့လည်း လိုပါဦးမယ်။

    ရေသောက်ပေးပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ် ပြည့်နေစေဖို့က မေ့ထားလို့ မဖြစ်တဲ့ အချက် တစ်ခုပါ။ ကိုယ်ဝန်ဆောင်မေမေ တစ်ယောက်က တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်ကနေ ၁၂ ခွက်အထိ သောက်ဖို့ လိုပါမယ်။ ဒီလို သောက်ပေးမှ အူတွေ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းမှန်စေမှာပါ။

    နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ

    ကိုယ်ဝန်ဆောင်မေမေ တစ်ယောက် အနေနဲ့ တစ်ခါတည်းနဲ့ တဝစားတာမျိုး မလုပ်သင့်ပါဘူး။ တစ်နေ့တာမှာ ၅ ကြိမ် ကနေ ၆ကြိမ်လောက်ထိခွဲပြီး နည်းနည်းချင်းစီ စားပေးပါ။ ဒါမှ အစာအိမ်က ဝန်မပိဘဲ စားလိုက်တဲ့ အစားအစာတိုင်းကို အကောင်းဆုံး ချေဖျက်နိုင်မှာပါ။ ဒါကြောင့် အစားစားတိုင်း နည်းနည်းချင်းစီနဲ့ ခဏခဏ စားပေးပါ။

    ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာ သက်သာစေဖို့အတွက် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ လိုပါမယ်။လေ့ကျင့်ခန်းလုပ်ပေးတာက အူမကြီးကို လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းချုပ်တဲ့ပြဿနာ ကင်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ တစ်ယောက် အနေနဲ့ တစ်ခါလုပ်ရင် မိနစ် ၂၀ ကနေ ၃၀ ထိ တစ်ပတ်ကို ၃ ကြိမ်လောက်ပေါ့ပါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။ မနက်ခင်းမှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ ကိုယ်ဝန်ဆောင်ယောဂ လေ့ကျင့်တာမျိုးတွေ လုပ်ပေးပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကြောင့် စိတ်မညစ်ရစေဖို့ ဒီနည်းလမ်းလေးတွေ အတိုင်း စားသောက်နေထိုင်ပေးပါ။

    ဒီလိုအခြေအနေဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်

    ကိုယ်ဝန်ဆောင်မေမေ တစ်ယောက် အနေနဲ့ ဝမ်းချုပ်တာကြောင့် အခုလို လက္ခဏာတွေ ခံစားလာရပြီ ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးဖို့ လိုပါမယ်။

    • မအီမသာ ဖြစ်မယ်
    • အစာအိမ် နာမယ်
    • အော့အန်မယ်
    • ဝမ်းချုပ်တာက ၁ ပတ်၊ ၂ ပတ်လောက် ဖြစ်နေမယ်
    • စအိုက သွေးထွက်မယ်
    • ဝမ်းပျော့ဆေး သောက်ပေမယ့် ဝမ်းမသွားဘူးဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 27/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement