backup og meta

ကလေးခွဲမွေးမယ်ဆိုရင် ဘာတွေလိုအပ်သလဲ

ကလေးခွဲမွေးမယ်ဆိုရင် ဘာတွေလိုအပ်သလဲ

Caesarean section လို့ ခေါ်တဲ့ C-section ဟာ ခွဲစိတ်ပြီး ကလေးမွေးဖွားခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ C-section ဟာ ပုံမှန်အတိုင်း မမွေးနိုင်တဲ့ မိခင်တွေ (သို့) ကလေးနဲ့ မိခင်ကို အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေမျိုးတွေမှာ အသုံးပြုလေ့ရှိပါတယ်။ မိခင်က ရိုးရိုးမမွေးချင်ဘူးဆိုရင်လည်း C-section ကို အစီအစဉ်ဆွဲပြီး ပြုလုပ်နိုင်ပါတယ်။

C-section လုပ်ရင် ဘာတွေဖြစ်လာလဲ။

သင့်ကလေးကို လုံခြုံစိတ်ချရစွာ မွေးနိုင်မှာဖြစ်သော်လည်း ရိုးရိုးမွေးတာထက် နေပြန်ကောင်းဖို့ အချိန်ပိုယူရနိုင်ပါတယ်။ ဒါကြောင့် အောက်ဖေါ်ပြပါ အကြံပေးချက်တွေကို လိုက်နာပြီး သင့်ကိုယ်ခန္ဓါကို ဂရုစိုက်သင့်ပါတယ်။

ပြင်ဆင်ခြင်း

တကယ်လို့ သင်ရော သင့်ဆရာဝန်ရောက C-section လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ခွဲစိတ်မှုကို အစီအစဉ်ဆွဲသင့်ပါတယ်။ သင့်ဆရာဝန်က ခွဲစိတ်မှုနဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကိုပါ ဆွေးနွေးပေးပါလိမ့်မယ်။ ဆရာဝန်ကို မေးခွန်းမေးဖို့ မမေ့သင့်ပဲ သင့်ရဲ့ စိုးရိမ်မှု ကြောက်ရွံ့မှုတွေကို ပြောပြမှသာ ခွဲစိတ်ဖို့အတွက် အဆင်သင့်ဖြစ်နိုင်မှာ ဖြစ်ပါတယ်။

သွေးအုပ်စုနဲ့ အခြားကျန်းမာရေး ပြဿနာတွေကို သိရှိနိုင်စေဖို့ C-section မလုပ်ခင် စစ်ဆေးမှု အချို့ကိုပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီစစ်ဆေးမှုတွေရဲ့ အဖြေက သင့်ကျန်းမာရေးအခြေအနေကို ပြောပြပါလိမ့်မယ်။ ဒါဟာ သင်သွေးသွင်းဖို့လိုတယ်ဆိုရင်လည်း ကူညီပေးနိုင်ပါတယ်။ မေ့ဆေးဆရာဝန်နဲ့လည်း မေ့ဆေးအမျိုးအစားတွေ အကြောင်းကို ဆွေးနွေးနိုင်ပါတယ်။ ဘယ်လို မေ့ဆေးမျိုးကို လိုချင်လဲဆိုတာနဲ့ ဘယ်မေ့ဆေးက သင့်အတွက် အကောင်းဆုံးလဲဆိုတာကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

သင့်ဆရာဝန်က ခွဲစိတ်မှု မပြုခင် ရှစ်နာရီကနေ ၁၂ နာရီအထိ စားသောက်ခြင်းမပြုဖို့ ညွှန်ကြားမှာ ဖြစ်ပါတယ်။

ခွဲစိတ်ခြင်း မပြုမီမှာ တည်ငြိမ်စွာနဲ့ အကောင်းဘက်က တွေးသင့်ပါတယ်။ ဒါဟာ ခွဲစိတ်မှုကို ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။

C-section ကနေ နလန်ထခြင်း

C-section ကနေ နလန်ထခြင်းဟာ မိခင်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ သူဟာ ရိုးရိုးမွေးတာထက်ပိုပြီး အချိန်ကြာတတ်ပါတယ်။ သင်ရော သင့်ကလေးပါ ဆေးရုံမှာ သုံးရက်ကနေ လေးရက်အထိ နေသင့်ပါတယ်။ ရိုးရိုးမွေးခြင်းကတော့ တစ်ရက်ကနေ နှစ်ရက်အထိသာ ဆေးရုံမှာ နေဖို့လိုအပ်ပါတယ်။ ကလေးမွေးပြီးရင် သင့်ကို နလန်ထအခန်းထဲကို ခေါ်သွားပါလိမ့်မယ်။ မေ့ဆေး (သို့) ထုံဆေးပျယ်သွားမယ်ဆိုရင် ဗိုက်မှာ သင့်တောင့်သက်သာ မရှိမှုကို ခံစားရပါလိမ့်မယ်။ ဆေးသောက်ခြင်းဟာ ဒီနာကျင်မှုကို ထိန်းချုပ်နိုင်တာကြောင့် အကိုက်အခဲပျောက်ဆေးတွေကို တောင်းသောက်သင့်ပါတယ်။

ခွဲစိတ်ပြီး ၂၄ နာရီအတွင်းမှာ ဆရာမတွေဟာ ဆီးပိုက်နဲ့ IV ကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ ဆရာဝန်က သွေးခဲခြင်းကို လျော့ကျစေဖို့ အိပ်ယာပေါ်က ထပြီး လမ်းလျှောက်ဖို့နဲ့ လှုပ်လှုပ်ရှားရှားနေဖို့ကို အားပေးနိုင်ပါတယ်။ ဗိုက်ဆာလာရင်တော့ အစာအနည်းငယ်ကို စတင်စားနိုင်ပါတယ်။ သင့်မှာ လေရှိနေနိုင်ပေမယ့် စိတ်ပူစရာမရှိပါဘူး။ ဒါဟာ သင့်အူတွေက ကောင်းကောင်း အလုပ်လုပ်တယ်ဆိုတာ ညွှန်ပြတာဖြစ်ပါတယ်။

ခွဲစိတ်ထားတဲ့နေရာပေါ်ကို ဘယ်လိုဖိအားမျိုးပဲ သက်ရောက်ပါစေ အလွန်နာကျင်ခြင်းကိုဖြစ်စေပါလိမ့်မယ်။ ဒါပေမယ့် ပြန်ကောင်းသွားမှာပါ။ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ရယ်မောခြင်း တွေပြုလုပ်တဲ့အခါ သင့်လက်နဲ့ အနာကို ကာထားပါ။ အိမ်ပြန်တဲ့အခါမှာ ကားမောင်းခြင်းလို လှုပ်ရှားမှုတွေကို ၆ ပတ်ထက်ပိုပြီး ရှောင်ကျဉ်သင့်ပါတယ်။

နှစ်ပတ်ကြာပြီးရင် ဆေးရုံကိုသွားပြီး အနာကို ကောင်းစွာ ကျက်မကျက် စစ်ဆေးသင့်ပါတယ်။ မွေးပြီး ခြောက်ပတ်နေရင်တော့ သင့်ကျန်းမာရေးအခြေအနေကို စစ်ဆေးဖို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ နေပြန်ကောင်းလာစဉ်အချိန်မှာ ဆရာဝန်ပြောစကား နားထောင်ခြင်းနဲ့ စိတ်ချမ်းသာအောင် နေခြင်းက အကောင်းဆုံး ရလဒ်တွေကို ပေးစွမ်းမှာဖြစ်ပါတယ်။

အစီအစဉ်ဆွဲပြီး ခွဲစိတ်ခြင်းဟာ ဆိုကျိုးတွေကိုလည်း ဖြစ်စေနိုင်ပေမယ့် သင့်ဘဝမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို ပြင်ဆင်နိုင်တဲ့ အတွေ့အကြုံကို ရရှိမှာဖြစ်ပါတယ်။ သင့်မှာ လိုအပ်တဲ့ ကျန်းမာရေးဗဟုသုတတွေရှိပြီး စိတ်လှုပ်ရှားမှုတွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာသာသိရင် C-section ဟာ စိတ်ဖိစီးစရာတောင် မကောင်းပဲ ပျော်ရွှင်ဖွယ် ဖြစ်နိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

All About C-Sections: Before, During, and After. http://www.parents.com/pregnancy/giving-birth/cesarean/all-about-c-sections-before–during–and-after/.

Accessed 06 September, 2016.

What to Expect if You Have a Cesarean Delivery. http://www.webmd.com/baby/features/what-to-expect-cesarean-delivery#1.

Accessed 06 September, 2016.

What are the reasons for having a caesarean section?. http://www.babycentre.co.uk/x1029502/what-are-the-reasons-for-having-a-caesarean-section.

Accessed 06 September, 2016.

How you prepare. http://www.mayoclinic.org/tests-procedures/c-section/basics/how-you-prepare/prc-20014571.

Accessed 06 September, 2016.

Caesarean section. http://www.nhs.uk/Conditions/Caesarean-section/Pages/Introduction.aspx.

Accessed 06 September, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဇီကာရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်ခြင်းကို ရှောင်ကျဉ်သင့်လား

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခဏခဏသွားခြင်း



Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement