backup og meta

ဆီးချိုက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်ခြင်းကို ဘယ်လိုသက်ရောက်မှုရှိလဲ

ဆီးချိုက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်ခြင်းကို ဘယ်လိုသက်ရောက်မှုရှိလဲ

Type 1 ဆီးချိုရှိတဲ့ အမျိုးသားတွေရဲ့ သုက်ပိုးတွေမှာ DNA ပျက်စီးမှုတွေပိုဖြစ်နိုင်တယ်လို့ လေ့လာမှုတစ်ခုကဆိုပါတယ်။ ဒါဟာ သူတို့ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်တယ်လို့ ထင်ရပါတယ် တဲ့။

ဒီ လေ့လာမှုဟာ သေးငယ်လို့ ဒီလို ဆီးချိုရောဂါဟာ အမျိုးသားတွေမြုံခြင်းကို ဖြစ်စေတယ်လို့ သက်သေပြနိုင်ခြင်းမရှိခဲ့ပေမယ့် နောက်ထပ်လေ့လာမှုတွေလုပ်ဖို့တော့ လုံလောက်စေခဲ့ပါတယ်။

ဆီးချိုဆိုတာ ဘာလဲ။

ဆီးချိုဆိုတာ ခန္ဓါကိုယ်က ဂလူးကို့စ်လယ်ဗယ်ကို မှန်ကန်စွာ စီမံခန့်ခွဲမှုမလုပ်နိုင်တော့တဲ့ရောဂါပါ။ အစာခြေလမ်းကြောင်းဟာ အစာတွေကို သကြားပုံစံတစ်မျိုးဖြစ်တဲ့ ဂလူးကို့စ်အဖြစ် ခွဲပေးပါတယ။်

ဒါတွေကို စုပ်ယူပြီးနောက်မျာတော့ သွေးထဲကို ပို့လိုက်ပါတယ်။ သရက်ရွက်ကထုတ်တဲ့ အင်ဆူလင် ဟော်မုန်းဟာ သွေးကြောတွေထဲက ဂလူးကို့စ်ကို စုပ်ယူဖို့နဲ့ စွမ်းအင်အတွက် သုံးဖို့ အားပေးပါတယ်။

ပုံစံ ၁ ဆီးချိုကတော့ ကလေးဘဝမှာ ပြတတ်ပြီး ခုခံအားစနစ်က အင်ဆူလင်ထုတ်ပေးတဲ့ သရက်ရွက်ထဲက ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်တဲ့အခါတွေမှာ ဖြစ်ပေါ်ပါတယ်။

ပုံစံ ၂ကတော့ ခန္ဓါကိုယ်ထဲက တစ်သျှူးတွေဟာ အင်ဆူလင်ရဲ့ အကျိုးသက်ရောက်မှုကို တဖြည်းဖြည်းနဲ့ ခုခံသွားနိုင်လို့ ဖြစ်ရတာပါ။ သရက်ရွက်ဟာ ဟော်မုန်းတွေကို ပိုပြီးထုတ်လွှတ်ပေးခြင်းအားဖြင့် တုန့်ပြန်ပါတယ်။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ အလုပ်ဆက်မလုပ်နိုင်တော့ဘဲ သွေးတွင်းသကြားဓါတ်ဟာ စပြီး မြင့်တက်လာပါတော့တယ်။

ဂလူးကို့စ်လယ်ဗယ်မြင့်ခြင်းဟာ အာရုံကြောတွေနဲ့ သွေးကြောတွေကို ပျက်စီးစေပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ရောဂါနဲ့ သွားဖုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

အဆင့်မြင့်တဲ့ ပုံစံ ၂ ဆီးချိုရောဂါဟာ မျက်စိကွယ်ခြင်းကို ဖြစ်စေနိုင်ပြီး ခြေထေက်တွေကို လုံလောက်တဲ့သွေးမစီးဆင်းစေဘဲ ဖြတ်ပစ်လိုက်ရတာမျိုးတွေထိ ဖြစ်စေတတ်ပါတယ်။

ပုံစံ ၂ ဆီးချိုရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဟာ အဝလွန်တာကြောင့်လို့ ယုံကြည်ကြပါတယ်။ အချိန်တွေကြာလာတဲ့အခါ အလေးချိန်လွန်ကဲနေခြင်းက ကြွက်သား၊ အသည်းနဲ့ အဆီတစ်သျှူးတွေမှာရှိတဲ့ ဆဲလ်တွေမှာ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းနည်းသွားအောင် လုပ်ပစ်ပါတယ်။ ဒီအခြေအနေကိုတော့ အင်ဆူလင်ခုခံခြင်း ( Insulin resistance) လို့ ခေါ်ပါတယ်။

ဆီးချိုနှင့် အမျိုးသားမြုံခြင်းတို့ ဆက်စပ်နေခြင်း

ဆီးချိုရှိတဲ့အမျိုးသားတွေဟာ ဆီးချိုမရှိတဲ့ အမျိုးသားတွေနဲ့စာရင် သုက်ရည်ပမာဏ နည်းပါးတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ဒါပေမဲ့ ဆီးချိုလူနာတစ်ယောက်ရဲ့ သုက်ရည်ပမာဏဟာ WHO က သတ်မှတ်ထားတဲ့ ပုံမှန် သုက်ရည်ပမာဏအတွင်းမှာပဲ ရှိနေပါတယ်။

သုက်ပိုးအရေအတွက်၊ ပုံစံနဲ့လှုပ်ရှားမှုတွေဟာလည်း အုပ်စု၂ခုလုံးက အမျိုးသားတွေမှာ အတူတူပါပဲ။ ဒါပေမဲ့ ကျွမ်းကျင်သူတွေက သုက်ပိုးရဲ့ DNA တွေကို ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါမှာတော့ ဆီးချိုလူနာတွေရဲ့ သုက်ပိုးထဲက DNA တွေက ပိုပြီး ပျက်စီးနေတာကို တွေ့ရပါတယ်။ သုက်ပိုးပျက်စီးခြင်းဟာ မြုံခြင်းကိုဖြစ်စေနိုင်ပါတယ်။

အမျိုးမျိုးသောအကြောင်းတွေက DNA ပျက်စီးမှုကို ဦးတည်စေပါတယ်။ ဆီးချိုက DNA ကိုပျက်စီးစေတယ်ဆိုတာတော့ သုတေသနတွေထဲမှာ ထင်ရှားတဲ့ အဖြေ တိကျတဲ့အဖြေမတွေ့ရပါဘူး။ ဒီလေ့လာမှုထဲမှာ မြုံခြင်းအတွက် စစ်ဆေးမှုတွေမပြုလုပ်ထားတဲ့ ဆီးချိုမရှိတဲ့ အမျိုးသားတွေမပါဝင်ပါဘူး။

ဒီလိုလူတွေမှာတောင်မှ သုက်ပိုးDNA ပျက်စီးမှုက နည်းနေပါသေးတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ကျွမ်းကျင်သူတွေက သုက်ပိုး DNA ပျက်စီးမှုအတွက် လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ပုံစံ၁ ဆီးချိုလူနာ အမျိုးသားတွေမှာ မျိုးအောင်နိုင်ချေရှိတယ်လို့လည်း ဆိုပါတယ်။

ဒါကဘာကိုဆိုလိုတာလဲ? ဒါဟာ ဂလူးကို့စ်လယ်ဗယ်ကို မထိန်းနိုင်တဲ့ ဆီးချိုလူနာအမျိုးသားတွေဟာ သူတို့ကြင်ဖော် ကိုယ်ဝန်ရအောင်လုပ်ပေးနိုင်တဲ့ အခွင့်အရေးနည်းပြီး ရခဲ့ရင်တောင်မှ ကိုယ်ဝန်ပျက်ကျနိုင်ချေနဲ့ အင်္ဂါမစုံတာတွေ ဖြစ်နိုင်ချေ များပါတယ်။

ဆီးချိုကို ဘယ်လိုကုသမလဲ။

အချို့သော ကိစ္စတွေမှာ နေထိုင်မှုပုံစံပြောင်းလိုက်ခြင်းက ရောဂါအခြေအနေကို လုံးဝထိန်းချုပ်နိုင်သွားစေပါတယ်။ ဒါပေမဲ့ ဆီးချိုလူနာရှင်အများစုကတော့ သူတို့ရဲ့ သွေးတွင်းသကြားဓါတ်တွေ လျော့သွားအောင် ဆေးသောက်ဖို့ လိုနေဆဲပါ။

ဒါနဲ့ အလုပ်မဖြစ်ဘူးဆိုရင်တော့ အင်ဆူလင် (ရှူဆေး နဲ့အတူ ဒါမှမဟုတ် ထိုးဆေး) တွေ လိုအပ်လာပါလိမ့်မယ်။ ဒါမှမဟုတ်လည်း လူနာက အင်ဆူလင်ကို သောက်ဆေးနဲ့အတူ တွဲသုံးဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။

ဒါပေမဲ့ ဆီးချိုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါကြောင့်ပဲ ကျွမ်းကျင်သူတွေက ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်လို့ ဆိုကြတာပေါ့…

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diabetes in Men
http://www.webmd.com/diabetes/diabetes-men#1
Accessed: March 03 2017

Diabetes May Affect Men’s Fertility
http://www.webmd.com/diabetes/news/20070502/diabetes-may-affect-mens-fertility
Accessed: March 03 2017

ယခုပုံစံ

12/05/2020

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့

ဆီးချိုဆေး အမျိုးအစားများ နဲ့ အလုပ်လုပ်ပုံများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement