backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

33 ပတ်

33 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

33 ပတ် မြောက်ဆိုတော့ နာနတ်သီးအရွယ် ၄၃.၆၈ စင်တီမီတာ ၁.၉ ကီလို ရှိနေပြီနော်။ ဒီလို မွေးခါနီးအပတ်မှာ ကလေးလေးရဲ့ ဦးနှောက်က အာရုံကြောဆဲလ်တွေက သန်းပေါင်းမြောက်များစွာ ဖွံ့ဖြိုးပြီးတော့ သူလေးကို ကြားအောင်၊ ခံစားနိုင်အောင်၊ တစ်ခါတရံမှာ မြင်အောင်ပါ လုပ်ပေးနေပါပြီ။

33 ပတ်

မျက်လုံးလေးက အလင်းကို တုံ့ပြန်နိုင်ပါပြီ။ အလင်းကို လိုက်ပြီး သူငယ်အိမ်ကလည်း ကျုံ့တာဆန့်တာ လုပ်နိုင်ပါပြီ။ မွေးကင်းစလေးတွေလို သန္ဓေသားတွေက အမြဲတမ်းအိပ်နေတာပါ။ သူတို့က အိပ်မက်တောင် ရှင်းရှင်းလင်းလင်းမက်နိုင်ပါပြီ။

အဆုတ်ကလည်း အပြည့်အ၀ ဖွံ့ဖြိုးပြီးပါပြီ။ အဆီတွေကတော့ အကာအကွယ်ပေးဖို့၊ အနွေးဓာတ်ပေးဖို့ ဆက်ဖြစ်နေမှာပါ။ မမွေးခင်နောက်ဆုံးအပတ်တွေမှာ ကလေးလေးက အလေးချိန် ပိုပိုများလာပါပြီ။

ခန္ဓာကိုယ်နဲ့ အနေအထိုင် အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ကလေးလေးက ဗိုက်ထဲမှာ နေရာပိုယူလာတော့ အရာတော်တော်များများက ပြောင်းလဲလာပါပြီ။ တစ်ခုခုမလုပ်ခင် ကိုယ့်ကိုယ်ကို ကို့ယို့ကားယား ဖြစ်နေတာကိုတွေ့ရမှာပါ။ အိပ်တာနဲ့ ထိုင်ပုံထိုင်နည်းတွေ သက်သောင့်သက်သာဖြစ်အောင် လုပ်ရတာလည်း အလုပ်တစ်ခုဖြစ်နေကြရောပေါ့ မေမေတို့ရေ။

လက်တွေ၊ လက်ကောက်ဝတ်တွေ၊ လက်ချောင်းတွေ နာတာထုံတာလည်း ဖြစ်တတ်ပါတယ်။ တခြားနေရာက တစ်ရှူးတွေလိုမျိုး လက်ကောက်ဝတ်မှာလည်း ပြတစ်ရှူးတွေရှိပါတယ်။ ဒီတစ်ရှူးတွေ ရောင်ရမ်းတာက လက်ကောက်ဝတ်က အရွတ်ဖြတ်တဲ့ အရိုးမြောင်းကို ဝန်ပိစေပါတယ်။ ဒီမြောင်းကို ဖြတ်တဲ့ အကြောကအညှစ်ခံရသလိုဖြစ်ပြီး ထုံတာ၊ ကျင်တာ၊ နာတာ၊ ကိုက်တာ ဖြစ်လာပါတယ်။

လက်ကို ပတ်တီးစည်းတာ၊ အိပ်ရင် လက်ကို ဖိမအိပ်မိစေဖို့ သတိထားပါနော်။ တကယ်လို့ အလုပ်က လက်တွေ အမြဲသုံးနေရရင် မကြာမကြာနားပြီး လက်တွေကို ဆန့်တာလုပ်ပေးဖို့ မမေ့နဲ့နော်။

33 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

နို့သီးခေါင်းကနေ အရည်ကြည်တွေ စိမ့်ကျလာတာ စိတ်ပူစရာမဟုတ်ပါဘူး။ ဒါနို့ရည် မဟုတ်သေးပါဘူး။ မွေးပြီး တစ်ရက်၊ နှစ်ရက်နေမှ နို့ထွက်တာပါ။ ဒီအရည်တွေထွက်လာတာ ရင်သားက နို့တိုက်ဖို့ လေ့ကျင့်တာပါ။ ဒီအရည်တွေကို နို့ဦးရည်လို့ခေါ်ပြီး နို့မထွက်ခင် အရင်ထွက်ပါတယ်။

ဆရာဝန်ဆီ သွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

အိပ်မပျော်လို့ အိပ်ဆေးသောက်ချင်ရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုပါတယ်။ တချို့အိပ်ဆေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဘေးဖြစ်နိုင်ပါတယ်။ ဆရာဝန်က ဆေးရဲ့ ကောင်းကျိုးဆိုးကျိုးကို ရှင်းပြပြီး အိပ်ရေးပျက်တာကို ဖြေရှင်းတဲ့နည်းလမ်းတွေ ပြောပြနိုင်ပါတယ်။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

ဒီအပတ်ဆို ဆေးခန်းကို ခပ်စိတ်စိတ်သွားပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။ လိုအပ်တာပေါ် မူတည်ပြီး အောက်ပါစစ်ဆေးမှုကိုလုပ်ပါလိမ့်မယ်။

  •  ကိုယ်အလေးချိန် (ဒီအခါမှာတော့ တချို့မေမေတွေက ကိုယ်အလေးချိန် မတက်တော့ဘဲ ကျပါကျနေတတ်ပါတယ်)
  • သွေးပေါင်ချိန် (ဒုတိယ၃လပတ်ထက် ပိုများနိုင်ပါတယ်)
  • ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်း
  • ခြေလက်ရောင်မရောင်၊ သွေးပြန်ကြောတွေ ဖောင်းနေလားစစ်ခြင်း
  • သားအိမ်ထိပ် အမြင့်တိုင်းခြင်း
  • သန္ဓေသားနှလုံးခုန်နှုန်း စစ်ခြင်း
  • သန္ဓေသားအရွယ်နဲ့  ခေါင်းကမွေးမလား၊ ဆုံနဲ့ မွေးမလားစစ်ဆေးခြင်း

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

ပိုးကောင်ဖြန်းဆေးကြောင့် စိတ်ညစ်နေလား။ ဒီထဲမှာ ဓာတုပစ္စည်းတွေ အများကြီး ပါဝင်တာကြောင့် တတ်နိုင်သမျှ ခပ်ဝေးဝေးနေပါနော်။ အသုံးမပြုရင်တော့ အကောင်းဆုံးပဲပေါ့။

ချိစ်အပျော့တွေစားရင်လည်း သတိထားပါ။ ပိုးသတ်ထားပြီးသား နို့က ထုတ်ထားရင် ဘာမှမဖြစ်ပေမယ့် ပိုးမသတ်ထားတဲ့ နို့ကထုတ်ထားရင် အန္တရာယ်ဖြစ်နိုင်ပါ တယ်။

၃၄ ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.

Pregnancy calendar week33. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week33.html.
Accessed March 30, 2015.

Your pregnancy: 33 weeks. http://www.babycenter.com/6_your-pregnancy- 33-weeks_1122.bc. Accessed March 30, 2015.

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

34 ပတ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hmwe San Eain မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ