backup og meta

30 ပတ်

30 ပတ်

30 ပတ် မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

30 ပတ် မှာတော့ ဂေါ်ဖီထုပ် အရွယ်လောက် ၁.၃ ကီလို ၄၀ စင်တီမီတာ ရှိနေပြီနော်။ ကလေးလေးက အဆီလွှာတွေ ပိုများလာပြီး အရေပြားတွန့်တာ နည်းသွားပါတယ်။ ဒီအဆီတွေက သူတို့လေးတွေကို နွေးထွေးစေ ပါတယ်။ ကလေးလေးက မေမေတွေ အသက်ရှူတာကို လိုက်ပြီး ရင်ဘတ်နဲ့ ဗိုက်ကို ကန့်ထားတဲ့ အကန့် လှုပ်သလိုမျိုး လိုက်လုပ်ပါတယ်။ တစ်ချိန်ထဲမှာ သူလေး ကြို့ထိုးတာကို သားအိမ်ကျုံ့တာနဲ့ စည်းချက် မှန်မှန် ခံစားရမှာပါ။

ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်တွေ အကျွတ်မြန်လာပြီး ပိုပါးသွားတတ်ပါတယ်။ ဒီရက်ပိုင်းတွေမှာ အထူးသဖြင့် အိပ်ရေးပျက်ရင် ပိုပင်ပန်းလာတတ်ပါတယ်။ ခန္ဓာကိုယ်လေးလံနေတာကြောင့် ပိုပြီးတော့ ကိုးယိုးကားယား ဖြစ်လာမှာပါ။ ပိုပြီးတော့ လေးလာမှာလည်း ဖြစ်သလို ဗိုက်မှာ အလေး ပိုများလာလို့ ဗဟိုချက်ကိုပြောင်းပြီး ခါးကော့လန်နေမှာပါ။

ဟော်မုန်း အပြောင်းအလဲကြောင့် အရွတ်တွေ ပြေလျော့လာတဲ့အတွက် အဆစ်တွေ မခိုင်တော့ ဟန်ချက် ထိန်းရ ပိုခက်လာပါတယ်။ ဒီအရွတ်တွေ ပြေလျော့တာက ခြေထောက်ကို ကားစေတဲ့အတွက် သက်သောင့်သက်သာ ရှိအောင် ဖိနပ်ဆိုဒ် အသစ် ပြောင်းစီးတာ ပိုကောင်းပါတယ်။

30 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

စိတ်ခံစားချက် အပြောင်းအလဲကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ် များပါတယ်။ မသက်မသာ ဖြစ်စေတဲ့ လက္ခဏာတွေ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်က ဘယ်ကြည်တော့မလဲ လေနော်။

ဆရာဝန်ဆီသွားပြရအောင်

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

ဒီရက်ပိုင်း အသက်ရှူရ ကျပ်လာတတ်ပါတယ်။ အကြောင်းက ကလေးလေးအတွက် နေရာ အလုံအလောက် ရအောင် သားအိမ်က ကြီးလာပြီး အဆုတ်လိုမျိုး တခြားအင်္ဂါတွေကို သွားဖိသလို ဖြစ်လို့ပါ။ ခဏခဏကို အသက်ရှူရ ကျပ်နေရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားတာကောင်းပါတယ်။

ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

နောက်လ ကစပြီး ဆရာဝန်ဆီ မှန်မှန် သွားရတော့မယ်နော်။ ပထမ ၂ ပတ် တစ်ကြိမ်သွားရာကနေ နောက်ပိုင်း ၁ ပတ် တစ်ကြိမ်နဲ့ မွေးတဲ့အထိ သွားရမှာပါ။ ဒီလ စစ်ရမှာ သွေးပေါင်ချိန်နဲ့ ကိုယ်အလေးချိန် တိုင်းတာလည်း ပါပါတယ်။ ဆရာဝန်က တခြား ဘာလက္ခဏာတွေ ဖြစ်သေးလဲဆိုတာတွေ၊ ကလေးလှုပ်ပုံလှုပ်နည်းတွေကိုပါ မေးပါလိမ့်မယ်။ ဘယ်ချိန် လှုပ်ပြီး ဘယ်ချိန် မလှုပ်ဘူးလဲ။ သားအိမ် အရွယ်အစားလည်း အရင်ကလို ဆက်စစ်ရဦးမယ်နော်။

ကျန်းမာဘေးကင်းအောင် နေကြမယ်

ကိုယ်ဝန် ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ

အသက်ရှူကျပ်တာက ကလေးကို ဘာမှမဖြစ်စေပေမယ့် မေမေကတော့ နေရခက်တာပေါ့နော်။

အသက်ရှူရခက်တာကြောင့် ညဘက်တွေ အိပ်ရ ခက်နိုင်ပါတယ်။ ဆရာဝန်ကို မမေးဘဲ ဘာအိပ်ဆေးမှ မသောက်ရဘူးနော်။ ကိုယ်ဝန်ဆောင်တွေအတွက် အိပ်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်တာက အန္တရာယ်ရှိပါတယ်။ အိပ်မပျော်တာကို ဘယ်လို လုပ်ရမလဲ ဆိုတာ ဆရာဝန်က ပြောပြပါလိမ့်မယ်။

၃၁ ပတ်မြောက် ရောက်ရင် ဆက်တွေ့မယ်နော်။

ရေးသားသူ- Hmwe San Eain

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed date. 30/03/2015.
Pregnancy calendar week30. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week30.html.
Accessed date. 30/03/2015.

Your pregnancy: 30 weeks. http://www.babycenter.com/6_your-pregnancy- 30-weeks_1101.bc. Accessed date. 30/03/2015.

 

ယခုပုံစံ

02/02/2024

Hmwe San Eain မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန် အကင်စားလို့ ရမရ

31 ပတ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Hmwe San Eain မှ ရေးသားသည်။ · 02/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement