21 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
21 ပတ် အရွယ် ကလေးလေးက မုန်လာဥနီအရွယ်လောက် ဖြစ်လာပြီး ၂၆.၇ စင်တီမီတာ၊ ၃၄၀ ဂရမ်လောက်ရှိလာမှာပါ။
အရင်တုန်းက ရေမြွာရည်က ကလေးလေးကို အကာအကွယ်အထောက်အပံ့ပဲပေးခဲ့ပေမယ့် အခုဆို တခြားဟာတွေကိုလည်း လုပ်ပေးနေပါပြီ။ ကလေးရဲ့ အူတွေကလည်း အချိုဓာတ်အရည် နည်းနည်းလောက်ကို စုပ်ယူနိုင်လောက်အောင် ဖွံ့ဖြိုးလို့နေပါပြီ။ ဒီအရည်လေးတွေက မျိုချလိုက်တဲ့အခါ အစာခြေအဖွဲ့အစည်းတလျှောက်ဖြတ်သွားပြီး အူမကြီးထဲရောက်မှာပါ။ ဒါပေမယ့် ကလေးရဲ့အာဟာရအာလုံးနီပါးကို အချင်းကနေပဲ အထောက်အပံ့ပေးမှာပါ။
ကလေးရဲ့ အသည်းနဲ့ ဘေလုံးက သွေးဆဲလ်တွေထုတ်ဖို့ကို တာဝန်ယူမှာပါ။ ရိုးတွင်းခြင်ဆီကတော့ ကိုယ်ဝန် ၉ လ ကနေ မွေးပြီးနောက်ပိုင်းအတွက် သွေးဆဲလ်တွေ ဖြန့်ဝေဖို့နဲ့ သွေးနီဥပင်မထုတ်လုပ်တဲ့ နေရာအဖြစ်ဆောင်ရွက်မှာပါ။
ဘေလုံးက ကိုယ်ဝန်အပတ် ၃၀ မြောက်မှာ သွေးဆဲလ်တွေ ထုတ်တာရပ်မှာဖြစ်ပြီး အသည်းက မမွေးခင် အပတ်အနည်းလောက်မှာ သွေးဆဲလ်တွေ ထုတ်တာ ရပ်ပါတယ်။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
ဒီရက်ပိုင်းမှာ နေရထိုင်ရ ပိုပြီးသက်သောင့်သက်သာ ရှိလာမှာပါ။ ဗိုက်ကလည်း သိပ်အပူကြီးမဟုတ်သေးပါဘူး။ ပုံမှန်ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ အဆင်မပြေတာတွေလည်း နည်းသွားပါပြီ။
ဒါပေမယ့် တခြားပြဿနာတွေ အများကြီးရှိပါသေးတယ်။ တချို့အမျိုးသမီးတွေမှာ ဝက်ခြံကလည်း ပြဿနာတစ်ခုပါ။ ဝက်ခြံသက်သာအောင် အပျော့စားမျက်နှာသစ်ဆေးနဲ့ ညင်ညင်သာသာသစ်ပေးပါ။ ပြီးတော့ အဆီပြန်စေနိုင်တဲ့ အလှကုန်ပစ္စည်းတွေကို ရှောင်ပါ။ ဝက်ခြံပျောက်ဆေးတွေ၊ ဝက်ခြံအတွက်ထုတ်ထားတဲ့ ပစ္စည်းတွေကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ မသုံးပါနဲ့ ။ ကိုယ်ဝန်ကို ထိခိုက်နိုင်တာတွေရှိလို့ပါ။ အထူးသဖြင့် retinol ပါတာတွေပဲ ဖြစ်ပါတယ်၊၊
သွေးပြန်ကြောတွေ ဖောင်းပြီး တွန့်နေတာမျိုးလည်း ကြုံရနိုင်ပါတယ်။ ဖွံ့ဖြိုးဆဲသန္ဓေသားက ခြေထောက်က သွေးပြန်ကြောတွေကို ဖိအားဖြစ်စေပါတယ်။ ပရိုဂျက်စတုန်းဟော်မုန်းများရင်လည်း သွေးပြန်ကြောတွေက အားနည်းလာပါတယ်။ မိသားစုထဲမှာ သွေးပြန်ကြောဖြစ်ဖူးတယ်ဆိုရင် ကိုယ့်မှာလည်းဖြစ်နိုင်ပါတယ်။ ကလေးဆက်တိုက်ယူတာ၊ အသက်ကြီးမှ ယူတာဆိုရင် ဒီသွေးကြောတွေ ဖြစ်ဖို့များပါတယ်။
ကာကွယ်ဖို့ဆိုရင်တော့ ခြေထောက်ကို အောက်မှာမချဘဲ အမြဲတမ်းဆင်းထားပါ။ ဘယ်ဘက်စောင်းအိပ်ပြီး ကိုယ်ဝန်ဆောင်တွေအတွက် ထုတ်ထားတဲ့ အသားကပ်စွပ်ပါ။
21 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ
ကလေးလေးမွေးလာပြီး ပြုစုစောင့်ရှောက်တဲ့အခါကျ အချိန်ဆိုတာ ကုန်မှန်းမသိကုန်သွားမှာပါ။ ဒီတော့အချိန်မကုန်ခင် အနာဂတ်မျိုးဆက်တွေအတွက် ကိုယ်ဝန်ဆောင်ကာလအကြောင်းကို စာရေးထားတာ အသံသွင်းထားတာတွေလုပ်ပါ။ နောက်နှစ်တွေကြာလာတဲ့အခါ ကလေးက
လူကြီးဖြစ်လာရင် ကလေးလေးလောကကြီးထဲ မရောက်ခင်အချိန်ကို တအံ့တသြနဲ့ဝမ်းသာနေမှာပါ။ သေတ္တာတစ်လုံးယူပြီး ကိုယ်ဝန်မဆောင်ခင်၊ ဆောင်ထားတုန်း ပုံတွေ၊ ယောက်ျားပုံ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေပုံ၊ အိမ်ပုံ၊ အခုလက်တလောထွက်ထားတဲ့ မဂ္ဂဇင်းတွေ၊ သတင်းစာတွေ၊ ဒီကိုယ်ဝန်နဲ့ပတ်သက်ပြီး သိမ်းထားချင်တဲ့ဟာတွေ ထည့်သိမ်းထားလိုက်ပါ။ ကလေးလေးကြီးပြင်းလာပြီး ဒါတွေကို တန်ဖိုးထားနိုင်တဲ့အချိန်ကျမှထုတ်ပြဖို့ သိမ်းထားရင်ရပါပြီ။
ဆရာဝန်ဆီ သွားပြရအောင်
ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ
ကလေးမွေးဖို့ လတွေအများကြီးကျန်သေးတယ်ဆိုပေမယ့် ရင်သားကစပြီး ပြင်ဆင်နေပါပြီ။ ရလဒ်အနေနဲ့ကတော့ နို့တွေ တင်းပြီး ကြီးလာတာပါ။ ရေနွေးဝတ်လေးနဲ့ အုံပေးတာ၊ ညင်ညင်သာသာလေး နှိပ်ပေးတာမျိုးကို ရက်နည်းနည်းလောက် လုပ်ပေးပါ။
ရင်သားကြီးလာတာကြောင့် အရင်တုန်းက ဘရာတွေက တော်တော့မှာ မဟုတ်ပါဘူး၊၊ ခုချိန်ကစပြီး ကိုယ်နဲ့ တော်ပြီး သက်သောင့်သက်သာဖြစ်တဲ့၊ နို့တိုက်ရလွယ်တဲ့ ဘရာတွေ စပြီး စုဆောင်းထားပါတော့၊၊
ကိုယ်ဝန်ဆောင်ချိန်မှာလည်း တစ်လတစ်ခါ ရင်သားစစ်ဆေးမှုလုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ရှိချိန်မှာ အကျိတ်က ရင်သားအပြောင်းအလဲကြောင့် စမ်းရခက်ပေမယ့် စမ်းသပ်ကြည့်ဖို့က အရေးကြီးပါတယ်။ နောက်တစ်ခါ ဆရာဝန်နဲ့သွားပြရင် ရင်သားတွေ ရောင်နေရင် ပြောပြဖို့မမေ့ပါနဲ့။
ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်
ခုလောက်ဆို ဆရာဝန်ဆီသွားပြရတာ အကျင့်တစ်ခု ဖြစ်နေလောက်ပါပြီ။ ဒီအပတ်တွေမှာဆိုရင်တော့ အောက်ပါစစ်ဆေးမှုကို လုပ်ပါလိမ့်မယ်။
- ကိုယ်အလေးချိန်နဲ့ သွေးပေါင် တိုင်းခြင်း
- ဂလူးကိုးစ်နဲ့ ပရိုတင်းအတွက် ဆီးစစ်ခြင်း
- သန္ဓေသားနှလုံးခုန်နှုန်းစစ်ခြင်း
- သားအိမ်ထိပ် အမြင့်တိုင်းခြင်း
- ခြေလက်ရောင်မရောင်နဲ့ သွေးပြန်ကြောတွေ ဖောင်းနေလားစစ်တာတွေ လုပ်ရနိုင်ပါတယ်၊၊
ကျန်းမာဘေးကင်းအောင်နေကြမယ်
ကိုယ်ဝန်ရှိချိန်မှာ ကျန်းမာဘေးကင်းအောင် ဘာတွေသိထားရမလဲ
- ကဖင်းဓာတ်နဲ့ သကြားအစားထိုး အချိုများ
ကဖင်းဓာတ်တွေ သတ်မှတ်ပမာဏထက် ကျော်လွန်အောင် မသောက်သင့်ပါဘူး၊၊ ကဖင်းဓာတ်ကို တစ်နေ့ ၂၀၀ မီလီဂရမ်ထက် ပိုမသုံးသင့်ပါဘူး။ သကြားအစားထိုးအမှုန့်တွေကိုလည်း တတ်နိုင်သမျှ မထည့်တာပိုကောင်းပါတယ်။ အချိုရည်တွေ ကြိုက်လို့သောက်ချင်ပေမယ့် အလွန်အကျွံမဖြစ်အောင် သတိပြုပါ၊၊ အဲ့ဒါတွေအစား ရေ၊ နွားနို့၊ အသီးဖျော်ရည်တွေကို အစားထိုးသောက်ပေးပါ၊၊
သားငါးတွေရဲ့အသည်းက ဗီတာမင်၊ သတ္တုဓာတ်နဲ့ ပရိုတင်းတွေ ကြွယ်ဝလို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာလို့ ယူဆကြပေမယ့် ဗီတာမင်အေ ပါဝင်မှုက အလွန်များနေပါတယ်။ ဗီတာမင်အေ အစားများရင် ကလေးကို ကိုယ်အင်္ဂါမပြည့်မစုံဘဲ မွေးတာမျိုးဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်လ အစပိုင်းတွေမှာ စားရင်ပါ။ အမဲအသည်းဆို နေ့စဉ်ပုံမှန်စားရမယ့် ဗီတာမင်အေပမာဏရဲ့ ၃ဆလောက်ပါပါတယ်။ ဒါကြောင့် အသည်းနဲ့ ကလီစာတွေကို နေ့တိုင်းစားတာ၊ အလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်၊၊
၂၂ ပတ်မြောက်ရောက်ရင် ဆက်တွေ့မယ်နော်။
[embed-health-tool-pregnancy-weight-gain]