backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်က နာတာ စိုးရိမ်ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်က နာတာ စိုးရိမ်ရလား

ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်က နာလာတာမျိုး ကြုံရတတ်ပါတယ်။ မိန်းမကိုယ် နာကျင်တာက ကိုယ်ဝန်ကြောင့် မိန်းမကိုယ်မှာ ဖိအားဖြစ်စေတဲ့ဖြစ်စဉ်ပါ။ ဒီအချိန်မှာ ဘာကြောင့်ဖြစ်ရတာလဲ၊ စိုးရိမ်ရလား၊ အန္တရာယ်ရှိလား၊ ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေ မေးချင်ကြမှာပါ။

ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်က နာတာ စိုးရိမ်ရလား

ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်က နာတာ စိုးရိမ်ရလား ….. တကယ်တော့ ဒါက ဖြစ်လေ့ရှိတဲ့ ပုံမှန် အခြေအနေ တစ်ခုဖြစ်ပြီး ကိုယ်ဝန်ပထမအပတ်၊ ဒုတိယအပတ် ဒါမှမဟုတ် တတိယအပတ်၊ ဘယ်အချိန်မှာမဆို ဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်က နာတာ ဘာ့ကြောင့် ဖြစ်တာလဲ

ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ် မှာ ဖိအားဖြစ်စေတဲ့ အတွေ့အကြုံ၊ လက္ခဏာတွေက အမျိုးသမီး တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့က မိန်းမကိုယ် မှာ စူးစူးနာနာ ဖြစ်တာ၊ တင်ပါးဆုံ တဝိုက် နည်းနည်း နာလာတာနဲ့၊ ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး အလေးဆွဲထားသလို ဖြစ်လာတာလိုမျိုး အမျိုးမျိုးခံစားရနိုင်ပါတယ်။

ကိုယ်ဝန်လရင့်လာတဲ့အခါ ဒီလိုဖြစ်ရတာက ကလေးရဲ့ကိုယ်အလေးချိန်ကြောင့် ဖြစ်နိုင်ပေမယ့် ကိုယ်ဝန်ဆောင်ကာလအတွင်း တင်ပါးဆုံ တဝိုက် ဖိအား ဖြစ်စေတဲ့ တခြား အကြောင်းရင်းတွေလည်း အများကြီး ရှိနိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင် ကာလပတ်ကို မူတည်ပြီး ဘယ်လို အကြောင်းရင်းတွေကြောင့် ဖြစ်တတ်သလဲဆိုတာ ဆက်ပြီးကြည့်ရအောင်။

ကိုယ်ဝန်ပထမအပတ်

အမျိုးသမီး အများစုက ကိုယ်ဝန်ပထမအပတ်မှာ ကိုယ်အလေးချိန် တိုးတာကြောင့် မိန်းမကိုယ် ဖိအားဖြစ်ခြင်းကို အစောကြီး ခံစားရတတ်ပါတယ်။

ဒုတိယအပတ်နဲ့ တတိယအပတ်

ကိုယ်ဝန်လရင့်လာတဲ့ ကာလပတ်တွေမှာ တင်ပါးဆုံကွင်း အားနည်းလာတာရယ်၊ ကိုယ်အလေးချိန် များလာတာရယ် ပေါင်းပြီး ဒီလက္ခဏာ ခံစားရနိုင်ပါတယ်။

အန္တရာယ်ရှိနိုင်လား

ကိုယ်ဝန်လရင့်ချိန်မှာ မိန်းမကိုယ်နာတာက ကလေးစော မွေးတော့မှာလား၊ အန္တရာယ်ရှိလား စိုးရိမ်နေမယ့် အမျိုးသမီးတွေအတွက် အဖြေကတော့ နာကျင်မှုအတိမ်အနက်ပါပဲ။ တချို့ အမျိုးသမီးတွေမှာ စူးပြီးနာတာမျိုး ဖြစ်တတ်တယ်။ ဒီလိုဖြစ်တာဆိုရင် ကလေးမွေးဖွားဖို့ နီးလာတဲ့အတွက် သားအိမ်ခေါင်းက ချဲ့လာတဲ့ လက္ခဏာပါ။

တကယ်လို့

  • နာကျင်မှုက ပြင်းထန်လာတာ၊
  • ဗိုက်အောက်ပိုင်းမှာ နာကျင်တာ၊ အောင့်တာ၊
  • သွေးဆင်းတာ စတဲ့ လက္ခဏာတွေ ဖြစ်လာရင် ဆရာဝန် ချက်ချင်းပြသင့်ပါတယ်။

အရေးကြီးတဲ့အချက်က

  • ခါးအောက်ပိုင်း နာကျင်တာ၊
  • မအီမသာဖြစ်တာ၊
  • သားအိမ်ညှစ်တာ
  • ဗိုက်နာတာ
  • အရည်နဲ့ သွေးတွေဆင်းတာ စတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ကလေးမွေးဖွားဖို့ လက္ခဏာဖြစ်နေနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုထူးခြားတဲ့ လက္ခဏာမျိုးကိုမဆို ဂရုစိုက် စောင့်ကြည့်ပါ၊ သတိထားပါ၊ လေ့လာပါ လို့ အကြံပြုချင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်း မိန်းမကိုယ်နာလာရင် အရင်ဆုံး အစိုးရိမ်မလွန်ဘဲ

  • တတ်သိကျွမ်းကျင်သူတွေဆီမှာ အကြံဉာဏ် တောင်းပါ၊
  • ကျန်းမာရေး ဗဟုသုတတွေ လေ့လာပါ၊
  • ဆေးမြီးတိုနဲ့ အယူအဆမှားတွေကို ရှောင်ပါ၊
  • ထိုက်သင့်မှန်ကန်တဲ့ ကုသစောင့်ရှောက်မှု နည်းလမ်းကို ရှာဖွေပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ မိန်းမကိုယ်က နာတာ ပုံမှန်ပဲလား

ကိုယ်ဝန်လရင့်လာတဲ့အခါ ဒီလိုဖြစ်ရတာက ကလေးရဲ့ကိုယ်အလေးချိန်ကြောင့် ဖြစ်နိုင်ပေမယ့် ကိုယ်ဝန်ဆောင်ကာလအတွင်း တင်ပါးဆုံ တဝိုက် ဖိအား ဖြစ်စေတဲ့ တခြား အကြောင်းရင်းတွေလည်း အများကြီး ရှိနိုင်ပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင် ကာလပတ်ကို မူတည်ပြီး ဘယ်လို အကြောင်းရင်းတွေကြောင့် ဖြစ်တတ်သလဲဆိုတာ ဆက်ပြီးကြည့်ရအောင်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement