backup og meta

ကိုယ်ဝန်ပထမသုံးလအတွင်း မိခင်လောင်းများအတွက် အပြေးကျင့်နည်းလမ်းညွှန်

ကိုယ်ဝန်ပထမသုံးလအတွင်း မိခင်လောင်းများအတွက် အပြေးကျင့်နည်းလမ်းညွှန်

ပြေးတယ်ဆိုတာ ကိုယ်ဝန်ဆောင်တွေအပါအဝင် လူတိုင်းအတွက် ကောင်းပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် လေ့ကျင့်ခန်းလုပ်တာက အကျိုးများကြောင်း အမေရိကန် သားဖွားမီးယပ်ပညာရှင်များ ကောလိပ်တွင် အချက်အလက်များကို ပိုရရှိထားပြီးဖြစ်ပါတယ်။ ဥပမာအားဖြင့် နေမစေ့လမစေ့မွေးခြင်းကို ကာကွယ်ပေးတာ မီးဖွားချိန်ကြာတာမျိုးတွေ မဖြစ်စေတာက လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတစ်ချို့ပါပဲ။ ထို့ကြောင့် စပြေးကြဖို့ တိုက်တွန်းထားပြီး ကိုယ်ဝန်ပထမသုံးလအတွင်း ဒါမှမဟုတ် ထိုထက်စောစောလုပ်ဖို့ အကြံပြုထားပါတယ်။

ကိုယ်ဝန်ပထမသုံးလအတွင်းမိခင်လောင်းများ အပြေးလေ့ကျင့်နိုင်မယ့် နည်းလမ်းတွေကို အောက်မှာဖော်ပြထားပါတယ်။

စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပါ

ကိုယ်ဝန်ရက်သတ္တပတ်အနည်းငယ်ရလာသည့်အခါတွင် ကိုယ်ခန္ဓါမှာ သိသိသာသာပြောင်းလာတာမျိုး မရှိသေးမယ့် မသိသာတဲ့ ပြောင်းလဲမှုများကတော့ ရှိနေပါတယ်။ အရင်ကိုယ်ဝန်မရှိတဲ့ အခြေအနေနဲ့ ခြားနားသွားပါပြီ။ အရင်က ၁၀ ကီလိုလောက် မနက်ခင်းတိုင်း ပြေးနိုင်ပေမယ့် ယခုဆိုလျှင် မနက်ခင်းပျို့အန်နေရတာနဲ့ ဒါမှမဟုတ် စိတ်အခြေအနေတွေ ပြောင်းနေရတာတဲ့ အိပ်ယာတောင် စောစောထချင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန်ပြေးနေကျနှုန်းကို တစ်ဝက်ထိလျော့သွားနိုင်သလို ကိုယ့်ကိုယ်လဲ အဆင်မပြေကြောင်း ခံစားရနိုင်ပါတယ်။ ဒါပုံမှန်ပဲ။ ပထမသုံးလအတွင်းမှာတော့ ကိုယ်ဝန်ရဲ့ဆိုးကျိုးတွေက တစ်ချိန်လုံး ဖြစ်နေတတ်တာမျိုးပဲ။ ဒါကြောင့် သင့်ခန္ဓါကိုယ်အလိုကိုသာ လိုက်ပေးလိုက်ပါ။

ကိုယ့်ကိုယ်ကိုဇွတ်မတွန်းပါနဲ့

ဆိုလိုတာက စမပြေးခင် ၁၀ မိနစ်လောက် လမ်းလျှောက်ပြီးမှ ကိုယ်ကြိုက်သလိုပြေးခိုင်းတာပါ။ ပြေးတဲ့အခါ နားချင်လာသော်လဲ ငါဆက်ပြေးနိုင်တယ်လို့ထင်လာရင် နားကိုနားပေးလိုက်ပါ။ သင့်ကိုယ်သင့် ဇွတ်မတွန်းပါနဲ့။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ ပြေးတဲ့အခါ ပြိုင်ပြေးရမှာမဟုတ်သလို စိန်ခေါ်ပြီးလုပ်ရမှာမျိုးလဲ မဟုတ်ပါဘူး။ အနားယူရမယ့် အချိန်ပဲဖြစ်ပါတယ်။ သင့်ကိုယ်သင့် limit ထားနိုင်မယ့် စမ်းသပ်မှုလေးတစ်ခုရှိပါတယ်။ ကိုယ်ဝန်ဆောင်တစ်ဦး ပြေးတဲ့အခါမှာ ပုံမှန်ပဲစကားပြောနိုင်သေးရင် ပင့်သက်ရှိုက်မနေရရင် အလွန်အကျွံမဟုတ်ဘူးလို့ ယူဆလို့ရပါတယ်။ တစ်ကယ်လို စကားကိုမနည်းပြောနေရပြီးဆိုရင်တော့ ဖြည်းဖြည်းလျော့လုပ်လိုက်ပါ။

ရေဓါတ်ပြည့်အောင်နေပါ

ဆီးခဏခဏသွားချင်တာက ကိုယ်ဝန်ဆောင်တွေအတွက် အဆန်းမဟုတ်ပါ။ သူတို့တွေက ခဏခဏ အိမ်သာသွားဖို့ လိုအပ်ပါတယ်။ ရေဓါတ်ပြည့်နေဖို့က အမြဲတမ်းအရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်ဆို ပိုတောင်အရေးကြီးပါသေးတယ်။ ကိုယ်ဝန်ကြောင့်ဖြစ်ရတဲ့ လက္ခဏာတွေမှာပါ စွမ်းအင်တွေကို သုံးနေရတာကြောင့် အရည်ဓါတ်များကို ဆုံးရှုံးလွယ်ပါတယ်။ ဒါအပြင် သင်က ကလေးအတွက်ပါ ရေသောက်နေရတာဖြစ်ပါတယ်။ ခါတိုင်းထက် ရေကိုနှစ်ဆသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မပြေးခင်ရော ပြေးနေစဉ်ရော ပြေးပြီးတဲ့နောက်ရော ရေကိုသောက်ပေးရပါမယ်။

လက္ခဏာများကို သတိပြုပါ

ပြေးတာက လုံးဝကိုကောင်းမွန်ပါတယ်ဆိုသော်လည်း လုပ်နေစဉ်အတွင်းမှာ ဖြစ်လာတဲ့လက္ခဏာတွေကိုကြည့်ပြီး အန္တရာယ်ရှိမရှိ သိနိုင်ပါတယ်။ ပထမသုံးလဟာ အသက်တမျှ အရေးကြီးရတာ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓါကိုယ်ဟာ ဒီအချိန်မှာ ပြောင်းလဲမှုတွေအများကြီးကို ထိန်းနေရတာပါ။ ဒါကြောင့် တစ်ခုခုမှားယွင်းသွားတဲ့အချိန်လဲ ရှိနိုင်ပါတယ်။ မိန်းမကိုယ်ကသွေးဆင်းတာ၊ မူးဝေ၊ ခေါင်းကိုက်၊ ရင်ဘတ်အောင့်တာ ဖြစ်လာပြီးဆိုရင်တော့ ဆရာဝန်ဆီသာ တန်းပြေးဖို့လိုပါတယ်။

ဆရာဝန်နဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ

အမျိုးသမီးတစ်ဦးနှင့်တစ်ဦး ကိုယ်ဝန်ဆောင်စဉ် တွေ့ကြုံရတာတွေက မတူညီပါဘူး။ သင့်ဆရာဝန်ကသာ သင်နဲ့အသင့်တော်ဆုံးကို သိမှာဖြစ်ပါတယ်။ ဒါကြောင့် သင်စီစဉ်ထားတဲ့ အပြေးလေ့ကျင့်မယ့်ပုံစံ ဒါမှမဟုတ် သင်ထင်မြင်ချက်တွေကို ဆရာဝန်ကိုပြောပြပြီး ဆွေးနွေးတိုင်ပင်ရပါမယ်။

လေ့ကျင့်ခန်းလုပ်တာက လူတိုင်းအတွက် အမြဲကောင်းမွန်ပါတယ်။ ကိုယ့်ကိုယ်တွန်းမလုပ်ဖို့သာ သတိရပါ။ မဟုတ်ရင် နောက်ဆက်တွဲဖြစ်လာမှာတွေက ဆိုးဝါးပါလိမ့်မယ်။ သတိနဲ့သာ လုပ်ပါ။ သင့်ကလေးဘယ်ချိန်မွေးမယ်ဆိုတာ ဘယ်သူက တိတိကျကျသိမှာတဲ့လဲ။ မွေးလာတဲ့ကလေးကလဲ အပြေးချန်ပီယံဆိုရင်တော့ နောက်ကျရင် ခင်ပွန်းကိုပါခေါ်ပြီး မိသားစုလိုက် အပြေးလေ့ကျင့်ရုံသာပင်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Running during pregnancy”
http://www.babycenter.com/0_running-during-pregnancy_7877.bc#articlesection3

“Baby On Board: 5 Tips For Running While Pregnant”
http://running.competitor.com/2014/05/training/baby-board-5-tips-running-pregnant_103753

“Running While Pregnant: Tips to Stay Safe”
http://www.fitpregnancy.com/exercise/prenatal-workouts/running-while-pregnant-tips-stay-safe

“8 Tips for Running Safely and Comfortably (Enough) While Pregnant”
http://health.usnews.com/health-news/health-wellness/articles/2015/10/01/8-tips-for-running-safely-and-comfortably-enough-while-pregnant

ယခုပုံစံ

16/09/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက် ၄၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်များတွင်ဖြစ်နိုင်သော အန ္တရာယ်များ

ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement