backup og meta

ကလေးမမွေးဖွားမီ သီချင်းနားထောင်ခြင်း၏ အကျိုးကျေးဇူးများ


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 04/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမမွေးဖွားမီ သီချင်းနားထောင်ခြင်း၏ အကျိုးကျေးဇူးများ

    ကိုယ်ဝန်ဆောင်ချိန်သည် အမျိုးသမီးတစ်ယောက်အတွက် စိတ်ဖိစီးမှုကို လျှော့ချရန်နှင့် ကလေး၏ ဦးနှောက်ဖွံ့ဖြိုး စေရန် ကုသမှုအမျိုးမျိုး ခံယူရန် လိုအပ်သော အချိန်ဖြစ်သည်။ နည်းလမ်းများစွာ ရှိသည့်အနက် မမွေးဖွားမီ သီချင်းနားထောင်ခြင်းသည် သင့်ကလေးအား တေးဂီတနှင့် ကျွမ်းဝင်စေပြီး မိခင်နှင့်ကလေးကြား ခိုင်မာသော သံယောဇဉ် ကို ဖြစ်ပေါ်စေသော နည်းလမ်းတစ်ခု ဖြစ်သည်။ မမွေးဖွားမီ တွင် ဘယ်လိုနည်းလမ်းဖြင့် အံ့သြဖွယ်ဆောင်ရွက်ပါသလဲ။

    မိခင်အတွက်

    ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်သည် စိတ်ဖိစီးနေပါက ဘာဖြစ်နိုင်သလဲ။

    ကိုယ်ဝန်ဆောင်ခြင်းသည် စိတ်ဖိစီးမှုများသည်မှာ အမှန်တရားဖြစ်သည်။ စိတ်ဖိစီးခြင်းသည် သင့်ကလေးကို ထိခိုက် စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မမွေးဖွားသေးသော ကလေးသည် ကော်တီစော (စိတ်ဖိစီးမှု ဟော်မုန်း)၊ ကြွက်သား တင်းမာခြင်းနှင့် စိတ်ခံစားမှုဆိုင်ရာ စိုးရိမ်ပူပန်ခြင်း တို့ဖြင့် ထိတွေ့သောကြောင့်ဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေး မကောင်းပါက ရောင်ရမ်းခြင်း ဖြစ်နိုင်သည်။ NorthShore တက္ကသိုလ် ကျန်းမာရေးစနစ်၏ သားဖွား မီးယပ် ဌာန ကျွမ်းကျင်သူ Ann Borders က စိတ်ဖိစီးမှုများခြင်းသည် မွေးကင်းစ ကိုယ်အလေးချိန်နည်းခြင်းနှင့် လမစေ့ဘဲမွေးခြင်း ကို ဖြစ်စေနိုင်သည်ဟု ဆိုသည်။

    မမွေးဖွားမီ သီချင်းနားထောင်ခြင်းသည် စိတ်ဖိစီးမှုကို ပျောက် ကင်းစေနိုင်သည်။

    မမွေးဖွားမီ သီချင်း နားထောင်ခြင်း၏ အကျိုးကျေးဇူးကို သက်သေပြရန် ထိုင်ဝမ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၃၆ ယောက်ကို သုတေသနပြုလုပ်ခဲ့သည်။ သူတို့ကို အုပ်စု ၂စု ခွဲသည်။ တစ်အုပ်စုကို သီချင်းနားထောင်စေပြီး အခြား အုပ်စု ကို ပုံမှန် ကိုယ်ဝန်စောင့်ရှောက်မှုသာ ပေးသည်။ ရလဒ်အနေ ဖြင့် အုပ်စုနှစ်စုတွင် စိတ်ဖိစီးမှု လျော့ကျနှုန်း ကွဲပြားသည်။ တစ်နေ့လျှင် မိနစ် ၃၀ ဖြင့် ၂ပတ်ကြာ သီချင်းနားထောင်သော အမျိုးသမီးများသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု အတော် အတန် လျော့ကျကြောင်း တွေ့မြင်ရသည်။

    ကလေးငယ်အတွက်

    ကလေးငယ် ကောင်းစွာအိပ်စက်စေရန်

    အိပ်စက်ခြင်းသည် ကလေးငယ်၏ ကြီးထွားမှုအတွက် အလွန်အရေးပါသည်။ မွေးကင်းစ ကလေးငယ်တစ်ယောက် သည် ပုံမှန်ကျန်းမာရေးအတွက် တစ်နေ့လျှင် ၁၆-၁၇ နာရီ အိပ်ရန် လိုအပ်သည်။ ၃လသားအထိ သို့မဟုတ် ကိုယ်အလေးချိန် ၅-၆ ကီလိုဂရမ် ရောက်သည်အထိ တစ်ည လုံး အိပ်စက်ရန် လိုသည်။ သီချင်းနားထောင်ခြင်းဖြင့် ကလေး များသည် ပို၍ လျင်မြန်စွာအိပ်ပျော်သည့်အပြင် ပို၍ ရှည်ကြာစွာ အိပ်ပျော်သည်ကို တွေ့ရှိရပါသည်။

    Leicester တက္ကသိုလ်ရှိ သီချင်းသုတေသန အဖွဲ့မှ Dr. Alexandra Lamont ၏အဆိုအရ ကလေးငယ်များသည် မွေးဖွားအပြီး ၂၀ ပတ် နောက်ပိုင်းတွင် ကြားနိုင်စွမ်း အပြည့် ရှိပြီး သူတို့ မမွေးမီ နားထောင်ရသော တေးဂီတကို မှတ်မိနိုင် သည်ဟု ဆိုသည်။ တူညီသော တေးဂီတကို ထပ်ခါထပ်ခါ ဖွင့် ပေးခြင်းသည် ကလေးငယ်များကို ပို၍ လျင်မြန်စွာ အိပ်ပျော် စေပြီး မိဘများ ပို၍ အနားယူနိုင်သည်။ ထို့အပြင် မွေးဖွားပြီး နောက် ရင်းနှီးပြီးသော သီချင်းကို ဖွင့်ပေးခြင်းသည် အငြိမ်မနေသော ကလေးကို ငြိမ်သက်စေနိုင်သည်။ ကလေးငယ် သည် သံစဉ်များနှင့် တီးလုံးကို မှတ်မိနေသောကြောင့် ဖြစ်သည်။

    မွေးဖွားပြီးနောက် ဖွံ့ဖြိုးမှု ပိုကောင်းစေရန်

    တေးဂီတသည် ကလေးငယ်များကို မည်မျှ အကျိုး ရှိစေသလဲကို မသိရှိသေးပါ။ သီချင်းနားထောင်သော ကလေးငယ်များသည် လှုပ်ရှားမှုများ၊ ဘာသာစကား ဖွံ့ဖြိုးမှု၊ သိမြင်နားလည်မှု ပိုပြီး ကောင်းသည်။ မမွေးဖွားမီ အသံများ သည် သင်ယူမှုနှင့် အပြုအမူ ဖွံ့ဖြိုးခြင်းအတွက် အောက်ခြေ အုတ်မြစ်တစ်ခု ဖြစ်သည်။ သီချင်းနားထောင်ခြင်းသည် ကလေးငယ်၏ အာရုံခံစားမှုကို လှုံ့ဆော်ပေးပြီး ဦးနှောက်ရှိ အာရုံကြော ဆက်သွယ်မှုများကို မြင့်စေသည်။ ထို့ကြောင့် တေးဂီတသည် ကလေးငယ်များကို စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု မြန်ဆန်အောင် ကူညီပေးနိုင်သည်။

    သတိပြုရန် အချက်အချို့

    တေးဂီတကို အလွန်အမင်းဖွင့်ခြင်း သို့မဟုတ် တိတိကျကျ ဆိုရသော် ကလေးငယ်များကို အသံအလွန်ကျယ်သော သီချင်းများ နားထောင်ခိုင်းခြင်းသည် ဖွံ့ဖြိုးဆဲ နားကို ထိခိုက် စေနိုင်ပြီး သန္ဓေသားကို အလွန် စိတ်လှုပ်ရှားစေသည်။ သီချင်း သံသည် သားအိမ်အတွင်းမှ နားထောင်ပါက ပို၍ပင် ကျယ် လောင်နိုင်သည်။ ထို့ကြောင့် စံသတ်မှတ်နိုင်သော အတိုး အကျယ်မှာ ၇၀ ဒက်စီဘယ် ဖြစ်ပြီး ၎င်းသည် မိခင်အတွက် လည်း သင့်တော်သော အတိုးအကျယ်ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 04/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement