သကြားလုံးကြိုက်တယ်၊ ဂျယ်လီကြိုက်တယ်၊ အချိုရည်ကြိုက်တယ် ဆိုတာ ကလေးသဘာဝပါပဲ။ ကလေးတွေက လူကြီးတွေထက် အချိုပိုကြိုက်ကြပါတယ်။ ငိုနေရင်တောင် သကြားလုံးလေးပေးလိုက်ရင်ငြိမ်သွားတာမျိုး၊ အချိုရည်လေးတစ်ငုံပေးလိုက်ရင်ကျေနပ်နေသွားတာမျိုး၊ လက်ဆောင်ပေးလို့ သကြားလုံး၊ဂျယ်လီလေးတွေပေးရင်လည်း သိပ်သဘောကျ။ ဒါပေမယ့် ဒါတွေက များလာရင် ကလေးအတွက် အဆိပ်အတောက်ြဖစ်စေနိုင်တယ်ဆိုတာမေမေတို့ သိထားသင့်ပါတယ်။