backup og meta

35 လအရွယ်ကလေးငယ်

၃၅ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ

တကယ်လို့ သင်ရဲ့ကျောင်းမနေသေးခင်ကလေးက သူ့သူငယ်ချင်းတွေရဲ့မိဘတွေကို ပိုသဘောကျနေတာကိုတွေ့ခဲ့ရင် ဒါကိုတမျိုးမထင်ပါနဲ့။ သူတို့လေးတွေက ညအိပ်ယာဝင်ပုံပြင်ကို အဖေကပဲပြောနိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမေကနေ့တိုင်းကျောင်းလိုက်ပို့နေရာက အဖေကလိုက်ပို့ရင် သူတို့အနေနဲ့ စိတ်ကသိကအောင့်ဖြစ်နိုင်ပါတယ်။ ပိုပြီးသိသာတာကတော့ အိမ်ကနေအကြာကြီးခွဲနေတဲ့ မိဘတွေကို ပြန်တွေ့တဲ့အခါ အနေစိမ်းတာမျိုးဖြစ်တတ်ပါတယ်။ အဲ့လိုအခါမျိုးမှာ သင့်ကိုအရမ်းသတိရတယ်၊ ခွဲနေရတာကိုမကြိုက်ဘူး၊ ထပ်ပြီးခွဲသွားဦးမှာလား စသဖြင့်ပြောတတ်ကြပါတယ်။

35 လအရွယ်ကလေးငယ်

ကျောင်းမနေသေးခင်ကလေးတွေအတွက် စိတ်ကူးယဉ်မှုနဲ့ လက်တွေ့ဘဝက ခွဲခြားဖို့ဟာ ခက်ခဲတဲ့အတွက် သူတို့လေးတွေက လိမ်ပြောကောင်း ပြောနိုင်ပါတယ်။ သင့်ကို လိမ်ညာချင်တဲ့ စိတ်ရင်းစိတ်ခံမရှိကြပါဘူး။

ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။

တကယ်လို့ သင်ကသင့်ကလေးနဲ့အတူ tea party တွေလုပ်ဖို့၊ အတုံးဆက်တာတွေ board gameတွေ ကစားဖို့ ပျင်းလာပြီဆိုရင် သူကိုတစ်ယောက်တည်းပေးကစားလိုက်ဖို့ ဝန်မလေးပါနဲ့။ တခါတလေ ဒါက သူ့ကိုယ်သူ အားကိုးစေချင် စိတ်ကိုဖြစ်စေပါတယ်။ တခြားနည်းလမ်းအနေနဲ့ သူတို့နဲ့အတူ ချက်ပြုတ်တာတို့ အပင်စိုက်တာတို့ လမ်းလျှောက်တာတို့လုပ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် သင်အလုပ်လုပ်နေချိန်မှာ စာလုပ်ထားခိုင်းတာမျိုးနဲ့ သင့်အပြုအမူတွေကို အတုယူစေလို့ရပါတယ်။

သူတို့လေးတွေ အမှန်မဟုတ်ရင်တောင် သင်စိတ်ချမ်းသာအောင် လိမ်ပြောတတ်ကြပါတယ်။ သူတို့တွေကို မကြောက်လန့်စေပဲ အမှန်အတိုင်းပြောစေဖို့ ကူညီပေးရပါမယ်။ ဥပမာအနေနဲ့ နံရံပေါ်မှာပုံတွေရေးဆွဲထားတဲ့အခါမျိုးမှာဆို နံရံပေါ်ကပုံတွေကိုပြန်ဖျက်ခိုင်းပြီး အရောင်ချယ်တာမျိုးဟာ စာအုပ်၊ စာရွက်ပေါ်မှပြုလုပ်ရကြောင်းရှင်းပြရပါမယ်။ ဒါ့အပြင် တခါတလေမှာတော့ ဟာသလေးတွေပါတဲ့ပုံပြင်လေးတွေနဲ့ ဥပမာပေးပြီးဆုံးမတာမျိုးပြုလုပ်နိုင်ပါတယ်။

ကလေးအများစုဟာ ၂-၃နှစ်အရွယ်မှာ သုံးဘီးစက်ဘီးတွေကို ကောင်းကောင်းစီးတတ်ကြပါပြီ။ အဲလိုလုပ်ခြင်းအားဇြင့် သူတု့ိလေးတွေရ့ြဲကီးမားတဲ့ကြွက်သားကို သန်မာစေပြီး ဘယ်လိုအသုံးချရမယ်ဆိုတာသိလာစေပါတယ်။ စစချင်းအနေနဲ့ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အနိမ့်စက်ဘီးလေးတွေနဲ့စတင်လေကျင့်စေခြင်းဟာ သူတို့လေးတွေစိတ်ပူပန်မှုကို လျော့စေပါတယ်။ နောက်ပိုင်းမှာ အမြင့်စက်ဘီးတွေနဲ့ဆက်ကျင့်စေချင်ရင်လည်း ရပါတယ်။ ဒါပေမယ့် သင့်ကလေးငယ်က ၂ဘီးတည်းပါတဲ့ စက်ဘီးကို ဟန်ချက်ထိန်းနိုင်ဦးမှာမဟုတ်သေးပါဘူး။ (ပုံမှန်အားဖြင့် ၄နှစ် ၤအရွယ်လောက်မှ စစီးတတ်ကြပါတယ်။)

ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ။

သင့်ကလေးငယ်ရဲ့ စူးစမ်းလိုတဲ့စိတ်ရယ် လျှောက်ကစားနေတဲ့အချိန်မှာရယ် Bacteria ရောဂါပိုးတွေနဲ့မထိအောင် ကာကွယ်ပေးဖို့ဆိုတာ အလွန်ခက်ပါတယ်။ ကလေးငယ်တွေက ဗိုက်နာတာ၊ ချောငိးဆိုးတာ၊ အရေပြားအနီကွက်ထွက်တာ၊ အန်တာ၊ ဖျားတာတွေ အလွယ်အကူ ဇြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေကို သင်အကျွမ်းတဝင်ဖြစ်နိုင်ပေမယ့် ဆရာဝန်ကသာ မှန်ကန်တဲ့ရောဂါကို ဆုံးဖြတ်ပေးနိုင်မှာပါ။

ဆရာဝန်ကို ဘာတွေ ပြောပြသင့်သလဲ။

သင့်ကလေးကို သတ်မှတ်ထားတဲ့ လိုအပ်တဲ့ ကာကွယ်ဆေးအားလုံးထိုးထားသင့်ပါတယ်။

တုပ်ကွေးရာသီလားရောက်ပြီလားဆိုတာလည်းသိထားသင့်ပါတယ်။ ပုံမှန်အားဇြင် အောက်တိုဘာလ ကနေ မေလအထိဆိုပေမယ့် ရာသီဥတုပေါ်လည်း မူတည်တတ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်ကလေးအတွက် တုပ်ကွေးကာကွယ်ဆေးတွေလည်း ထိုးထားပေးလို့ရပါတယ်။

တုပ်ကွေးနဲ့ပက်သက်ပြီးအောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

• ရာသီတုပ်ကွေးဟာ ရိုးရိုးအအေးမိတာထက်ပိုဆိုးပါတတ်ပါတယ်။

• တုပ်ကွေးကာကွယ်ဆေးဟာ ၂နှစ်အထက်ကလေးတွေကို ပုံမှန်အားဖြင့်ထိုးပေးလို့ရပါတယ်။ ၆လအထက် ကလေးတွေကိုထိုးပေးလို့ရတဲ့ တုပ်ကွေးကာကွယ်ဆေးတွေလည်း ရှိတဲ့အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

• Centers of Disease Control (CDC) ကတော့ ၆လကလေးကနေစပြီး နစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးပေးသင့်တယ်လို့အကြံပြုထားပါတယ်။

• ကလေးတွေကို အနီးကပ်ပြုစုပြီး မိဘတွေကိုယ်တိုင်လည်း ကာကွယ်ဆေးထိုးထားသင့်တယ်လို့ဖော်ပြထားပါတယ်။

• ကာကွယ်ဆေးထိုးပြီးစမှတော့ အဖျားနည်းနည်းရှိတတ်ပါတယ်။ ပိုးဆိုးလာရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြန်တိုင်ပင်သင့်ပါတယ်။

ဘယ်လိုကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှော်လင့်ထားသင့်သလဲ။

သင့်ကလေးငယ်ဟာ အိပ်ချိန်ဆင့်ကဲပြောင်းလဲမှုတွေ များတဲ့အတွက် သင့်ထက်ပိုပြီး အကြိမ်များများနိုးနိုင်ပါတယ်။ ဒါကြောင့် သူကိုပြန်အိပ်ပျော်အောင် ဘယ်လိုချော့သိပ်ရမလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ ကလေးကို ကောင်းကောင်းအိပ်ပျော်စေဖို့နည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

• အိပ်ရာ အကြီးဆီကို ခေါ်သွားပြီးတော့ ဆက်ချော့သိပ်ပါ။

• သူတို့အိပ်ချိန်မှာ ဘာတွေတောင်းဆိုတတ်လည်းဆိုတာကို သိထားပြီး နေ့စဉ်အိပ်ချိန်မှာ ဖြည့်ဆည်းပေးပါ။

• အိပ်ခါနီး နဖူးလေးကိုနမ်းပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Your 35-month-old: Preferring one parent.http://www.babycenter.com/6_your-35-month-old-preferring-one-parent_5913.bc.Accessed date. 03/06/2015.

Your 35-month-old: Riding a bike.http://www.babycenter.com/6_your-35-month-old-riding-a-bike_10329763.bc.Accessed date. 03/06/2015.

Your 35-month-old: Collecting.http://www.babycenter.com/6_your-35-month-old-collecting_10329641.bc.Accessed date. 03/06/2015.

Establishing healthy sleep habits: 24 to 36 months.http://www.babycenter.com/0_establishing-healthy-sleep-habits-24-to-36-months_7690.bc.Accessed date. 03/06/2015.

The flu vaccine for children.http://www.babycenter.com/0_the-flu-vaccine-for-children_1463462.bc.Accessed date. 03/06/2015.

35-Month-Old Child.http://www.whattoexpect.com/toddler/35-month-old.aspx.Accessed date. 03/06/2015.

ယခုပုံစံ

10/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement