brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

32 လအရွယ်ကလေးငယ်

၃၂ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ

လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။

32 လအရွယ်ကလေးငယ်

လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။

သင့်ကလေးငယ်ရဲ့ ဘာသာစကားတိုးတက်မှုကို တိုးမြှင့်ပေးနိုင်မယ့် နည်းလမ်းကတော့ rhymes ပဲ ဖြစ်ပါတယ်။ ဝါးကျဖွဲ့ခြင်း၊ စကားလုံးတွေနဲ့ ဆော့ကစားခြင်းနဲ့ အသံတူ စကားလုံးတွေ အသုံးပြုခြင်းဟာ သင့်ကလေးငယ်ကို စကားလုံးတွေရဲ့ ခြားနားချက်ကို သိရှိနိုင်စေပြီး စကားလုံး သိရှိမှု မြင့်မားစေပါတယ်။ သူတို့ဟာ မဖတ်တတ်မီ ကျွမ်းကျင်မှုတစ်မျိုးဖြစ်တဲ့ အကြားအာရုံ ကို တိုးတက်စေပြီး rhythm ကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ ရင်းနှီးတဲ့ အသံတူ စကားလုံးတွေကို ဆွဲထားတဲ့ ပုံတွေဟာ ပျော်စရာကောင်းပြီး ကလေးငယ်တွေကို ဒီစာလုံးတွေနဲ့ ရင်းနှီးစေပါတယ်။ စာဖတ်ခြင်း၊ သီချင်းဆိုခြင်းဟာ စကားလုံးတွေက ပျော်စရာကောင်းတယ်ဆိုတာ သင့်ကလေးငယ်ကို သိစေနိုင်ပါတယ်။

Props ေတွေဟာ ဒီလိုစိတ်ကူးဉာဏ် ဖွံ့ဖြိုးစေတဲ့ ကစားမှုတွေကို ကူညီပေးနိုင်ပေမယ့် အသက်နှစ်နှစ်အရွယ်ကတော့ သူတို့ဘာဆိုတာ ခွဲခြားနိုင်ခြင်း မရှိသေးပါဘူး။ တုတ်ချောင်းဟာ မှော်တုတ်ချောင်း ဖြစ်ပြီး သစ်ရွက်တွေကတော့ ပန်းကန်ပြားတွေ ဖြစ်တာ blocks တွေဟာ အရာရာ ဖြစ်နိုင်ပါတယ်။ သူတို့ဟန်ဆောင်ကစားခြင်းကို ကူညီပေးမယ့် အရုပ်တွေကို ကလေးတွေကို ပေးထားသင့်ပါတယ်။ ဥပမာ- သင်မသုံးတော့တဲ့ ဖိနပ်၊ ခေါင်းပတ်စ (သို့) သင်အသုံးပြုနေတဲ့ ပစ္စည်းတွေထဲက ကလေးအသုံးပြုနိုင်တဲ့ အရာများ၊ ဆော့ကစားတဲ့ ဖုန်း၊ ကြက်မွှေးအသေး အစရှိသည်တို့ပဲ ဖြစ်ပါတယ်။ အိမ်အလုပ်လုပ်ခြင်းကို လိုက်တုပြုလုပ်ခြင်းဟာ ဒီအရွယ်မှာ အဖြစ်များပါတယ်။

ပုံပြင်တွေဟာ ကလေးငယ်တွေအတွက် အဓိက concept တွေကို သင်ပေးနိုင်ပြီး သူတို့ကို စတင်ဖတ်ပြစဉ် (သို့) ပြောပြစဉ်မှာ ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ မပြုလုပ်မချင်းသိရှိမှာ မဟုတ်ပါဘူး။ ပုံပြင်တွေဟာ သင့်ကလေးငယ်တွေကို ကြောက်ရွံ့မှုကို ရင်ဆိုင်နိုင်ဖို့ သင်ကြားပေးပါတယ်။ ကောင်းခြင်း၊ ဆိုးခြင်း ရင်ဆိုင်ရာမှာ ကောင်းတဲ့သူတွေဟာ အမြဲအနိုင်ရနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ပုံပြင်နဲ့ပတ်သက်ပြီး စိတ်မသက်မသာ ဖြစ်ရင် သင့်ကလေးငယ်ဟာ သင် စကားလုံးတွေ အနည်းငယ် ပြောင်းလဲတာလောက်ကို သတိထားမိမှာ မဟုတ်ပါဘူး။

ဆရာဝန်ထံသွားလည်တဲ့အချိန်မှာ ကလေးငယ်က ဘာတွေ ဖြစ်လာမှာလဲ။

သင့်ကလေးငယ်ဟာ အစားအစာနဲ့ဓါတ်မတည့်မှုတွေ ရှိနေခဲ့ရင် နောက်တစ်ခါ မဖြစ်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်ပါတယ်။ တကယ်လို့ ပထမတစ်ကြိမ်ဟာ မပြင်းထန်ရင်တောင် နောက်တစ်ကြိမ် ထပ်ဖြစ်ရင် ပြင်းထန်နိုင်ပါတယ်။ သင့်ကလေး ဆရာဝန်ဟာ သင့်ကို ဓါတ်မတည့်မှုတွေကို ဘယ်လို ထိန်းချုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ အပါအဝင် အစီအစဉ် ပြုလုပ်ပေးနိုင်ပါတယ်။

ဆရာဝန်က သင့်ကို epinephrine auto-injector သယ်ဆောင်ဖို့ အကြံပေးနိုင်ပြီး ဓါတ်မတည့်မှုတွေ ဖြစ်လာရင် ဘယ်လိုအသုံးပြုရမယ်ဆိုတာ သင်ပေးနိုင်ပါတယ်။ ဒီစက်တွေဟာ ဓါတ်မတည့်မှုကို ရပ်တန့်ဖို့ epinephrine ပမာဏ အမှန်အကန်ကို ထိုးပေးနိုင်ပါတယ်။

ဆရာဝန်ကို ဘာတွေ ပြောပြသင့်သလဲ။

တကယ်လို့ သင့်ကလေးငယ်က သင့်စကားကို နားထောင်တာထက်ပိုပြီး လျစ်လျူရှုနေရင်၊ မျက်လုံးထဲကို မကြည့်ပဲ နေရင် ဆရာဝန်ကို ပြသသင့်ပါတယ်။ သင့်ကလေးငယ်ရဲ့ အကြားအာရုံ (သို့) ဖွံ့ဖြိုးမှုဆိုင်ရာ အချက်တွေပေါ် မူတည်ပြီး စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

ဘယ်လိုကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို မျှော်လင့်ထားသင့်သလဲ။

နေ့လည်ဘက်တစ်ရေးအိပ်ခြင်းဟာ ကလေးငယ်တွေကို အားအင် ပြည့်ဝနေစေပြီး အိပ်ရာဝင်ချိန်အထိ စိတ်ကြည်လင်စေပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ပေးအိပ်သင့်ပါတယ်။ မအိပ်လိုက်ရရင် ညဘက်မအိပ်ခင် ဂျီကျခြင်းကို ပြုလုပ်နိုင်ပါတယ်။ ဒါဟာ ကလေးငယ် နေ့လည်ပိုင်း အိပ်ချိန်လိုအပ်မှုတွေကို ညွှန်ပြနေတာမျိုးဖြစ်နိုင်ပါတယ်။

အစားအသောက်တွေကို ဓါတ်မတည့်မှုဖြစ်နိုင်ပေမယ့် ဒီအစာရှစ်အုပ်စုဟာ အစားအစာ ဓါတ်မတည့်မှုရဲ့ ၉၀%အတွက် တာဝန်ရှိပါတယ်။ ဥ၊ ကြက်ဥ၊ ပဲ၊ ဂျုံ၊ soy beans၊ အစေ့တွေ ဖြစ်တဲ့ walnuts, Brazil nuts, သီဟိုစေ့၊ ငါးတွေဖြစ်တဲ့ တူနာငါး၊ ဆယ်မွန်ငါး၊ ကော့ပါး၊ အခွံပါ ရေသတ္တဝါတွေ ဖြစ်တဲ့ ပုဇွန်ထုပ်၊ ပုဇွန်သေး၊ ဂဏန်း အစရှိတာတွေဟာ ဓါတ်မတည့်မှု ဖြစ်စေနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။