
သင့်ကလေးငယ်ကို ရွေးချယ်မှုတွေ ပေးပြီး သူ့ရွေးချယ်မှုတွေကို ထိန်းကွပ်ပေးပါ။ No ရဲ့ ပြောင်းပြန်က ဘာလဲ Yes။ ဒါဆို No လို့လည်း ပြောနိုင်တယ်၊ Yes လို့လည်း ပြောနိုင်တယ်။ အလယ်က ဘာလဲ maybe! ဒီလိုမျိုးသင်ပေးပြီး သင့်ကလေးကို ဖြေစေပါ။ ဒါဟာ သင့်ကလေး ရင့်ကျက်မှုကို သင်ကြားပေးမယ့် ပထမ အဆင့်ပဲ ဖြစ်ပါတယ်။
Autism နဲ့ အခြား ဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါတွေ မြင့်တက်လာတာမို့ ကလေးငယ်ရဲ့ အပြုအမူပိုင်းဆိုင်ရာ ထူးဆန်းမှုတွေကို စိတ်ပူဖို့ လွယ်ကူနိုင်ပါတယ်။ သင့်ဆရာဝန်ကို အောက်ပါအချက်တွေ သင်သတိထားမိရင် မေးမြန်းနိုင်ပါတယ်။
• ဆက်သွယ်နိုင်မှု မရှိခြင်း။ သင့်ကလေးငယ်ဟာ စကားတွေကို ထပ်ခါ ထပ်ခါ ရွတ်နေပေမယ့် စကားပြောနေစဉ် ပါဝင်ခြင်း မရှိခြင်း (သို့) သူ့နာမည် ခေါ်ရင် ပြန်ထူးခြင်း မရှိခြင်းတွေ ဖြစ်ရင်
• မျက်နှာအမူအရာ ဖေါ်ပြခြင်း မရှိခြင်း (သို့) စကားလုံး မပါပဲ ဆက်သွယ်မှု မပြုနိုင်ခြင်း
• မျက်လုံး တည့်တည့်ကြည့်ပြီးစကားမပြောခြင်း
• လူမှု ဆက်ဆံရေးပိုင်းဆိုင်ရာ အတွေ့အကြုံ၊ ထိတွေ့မှုတွေကို ရှောင်ကျဉ်ခြင်း
• စိတ်ဝင်စားမှု နည်းပါးခြင်း
• အရုပ်တွေကို မသင့်လျော်စွာ အသုံးပြုခြင်း (ဥပမာ – စားစရာ အရုပ်တွေကို ချက်စားမယ့်အစား စီခြင်း)
• အာရုံ နှိုးဆွမှုတွေဖြစ်တဲ့ အသံ၊ အထိအတွေ့ စတဲ့ အရာတွေကို ခံစားမှု ပိုခြင်း၊ လျော့ခြင်း။
• အရင်တုံးက သင်ယူဖူးတဲ့ ဘာသာစကား (သို့) လူမှုရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ပျောက်ဆုံးခြင်း
သင့်ကလေးငယ်ရဲ့ ဆရာဝန်ဟာ အောက်ပါအရာတွေကို တိုင်းတာနိုင်ပါတယ်။
• သင့်ကလေးငယ် ကျန်းမာစေဖို့ ကိုယ်အလေးချိန် တိုင်းခြင်း
• နှလုံးခုန်သံ၊ အသက်ရှူနှုန်း တိုင်းခြင်း
• မျက်လုံးနဲ့ နားရွက်တွေ စစ်ဆေးခြင်း
သင့်ကလေးဟာ အစားအသောက်ပျက်နေပြီး အစားအစာတွေကို မစားရင် သင်စိတ်ချမ်းသာစေဖို့ ကလေးငယ်ကို ဖြည့်စွက်စာ ကျွေးနိုင်ပါတယ်။
အသက် ၂ နှစ်အရွယ်မှာ သင့်ကလေးငယ်ဟာ ပျော်ရွှင်နေတဲ့ ကလေးငယ် ဖြစ်နိုင်ပါတယ်။ သူမူကြိုမတင်မီ သင်သူ့ကို ပြင်ဆင်ပေးချင်တယ်ဆိုတာကို မှတ်မိနိုင်ပါတယ်။ ဒါပေမယ့် ဒီလောက်ငယ်ရွယ်တဲ့ ကလေးငယ်တွေမှာလည်း စိတ်ဖိစီးနိုင်တယ်ဆိုတာ သင်ဘယ်လို သိနိုင်မလဲ။ မူကြိုမတက်ခင် စိတ်ဖိစီးမှုတွေရဲ့ အဓိက အကြောင်းရင်းတွေမှာ သင့်ကလေးငယ်ကို ခေါင်းမာစေနိုင်တဲ့ တစ်ခုပြီး တစ်ခု လုပ်ရမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုဟာ အရေးကြီးပေမယ့် သူလုပ်ချင်တာကို လုပ်နိုင်အောင် အချိန်ပေးသင့်ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ သင့်ကလေးငယ်ရဲ့ စူးစမ်းစိတ်၊ ဖန်တီးလိုစိတ်တွေကို လှုံ့ဆော်ပေးပြီး စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို မြင့်တက်စေနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။